Chapter 27 (2)

131 24 0
                                    




ယွိဟန်ကျိုးက လက်ဆန့်ထုတ်ပေးလိုက်၏။

နဂါးငယ်လေးက ပန်းအား ဂရုတစိုက်ဖြင့် ယွိဟန်ကျိုးကို ပေးလိုက်သည်။

ပန်းပွင့်များကိုတူးဖို့ရန်မှာ လက်နှစ်ဖက်လိုသော်လည်း ယွိဟန်ကျိုးက သူ၏ လက်တစ်ဖက်သာလျှင်သုံး၏။

မင်းဟွမ်က အပြာလေးတစ်ခုကို တူးလိုက်ပြန်သည်။

ခြေလှမ်းအနည်းငယ်အကွာ အခြားကွင်းတစ်ဖက်မှ ပန်းများမှာ ထိကရုံးလေးများကဲ့သို့ ထိလိုက်လျှင် ကျုံ့ဝင်အိပ်ပျော်သွားသည့် ပွင့်ချပ်များနှင့် ပန်းများရှိ၏။ ထိုပန်းမျိုးကို မင်းဟွမ်မှာ ရှဲ့ရှုစီ၏အိမ်တွင် တွေ့ခဲ့ဖူးပြီး ထိုအချိန်က အလွန်လှသည်ဟု ထင်ခဲ့သည်။

မင်းဟွမ် ဂေါ်ပြားလေးယူပြီး မျက်နှာကိုလက်လေးဖြင့်သုတ်လိုက်ရာ နှာခေါင်းထိပ်လေးတွင် ပေကျန်ရစ်ကုန်တော့သည်။

ထို့နောက်ထိုင်ချလိုက်ကာ ဂေါ်ပြားလေးနှင့် ဂရုတစိုက်တူးသည်။

သူ၏လက်နှစ်ဖက်စလုံးမှာ ပန်းများကိုကိုင်ထားသဖြင့် ပွင့်ချပ်လေးများကိုဂရုတစိုက် ထိန်းသိမ်းဖို့ရန် သူ၏အမြီးလေးကိုသာ သုံးနိုင်သည်။

ကံမကောင်းစွာဖြင့် သူ၏အမြီးလေးကို အသေအချာမထိန်းချုပ်နိုင်သေးရာ ပွင့်ချပ်လေးနှစ်လွှာကို ခြွေချမိလိုက်သေး၏။ နဂါးလေးမှာ ပါးစပ်လေးတင်းတင်းစေ့သွားကာ ယွိဟန်ကျိုးကို ခက်ခက်ခဲခဲကြည့်လိုက်သည်။

"ဘာမှမဖြစ်ပါဘူး၊ ခနနေရင်သူ့ဟာသူပြန်ပေါက်လာလိမ့်မယ်"

သူ့ကြောင့်ပွင့်ချပ်လေးနှစ်ချပ်ကြွေသွားရသဖြင့် မင်းဟွမ် သူ့ကိုယ်သူအပြစ်မကင်းဟုခံစားရကာ ထိုပွင့်ချပ်လေးများကို သူ့အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။

ထို့နောက် နဂါးလေးမှာ တူးနေရင်းနှင့် တစ်စုံတစ်ခုကိုတွေးမိသွားသဖြင့် ဂေါ်ပြားလေးကိုကိုင်ကာ ပြောလိုက်၏။

"ယွိဟန်ကျိုး..."

"အင်း"

"ဒီနေ့ညနေခုံရုံးကို ခင်ဗျားသွားစရာမလိုဘူးလား"

အစွမ်းထက်အယ်လ်ဖာနဂါးကြီးအဖြစ် ကူးပြောင်းသွားတာတောင် အိုမီဂါဖြစ်သွားတယ်Where stories live. Discover now