အခန်း (၁၉): နောက်ကျောဓားနှင့်ထိုးခြင်း
"ဒါက..."
"ဒါက နာမည်ကြီး ခုန်ပျံနိုင်တဲ့ ရှေးဟောင်းလေယာဉ် ပီးယာ့စ်လား"
ရှဲ့ရှုစီမှာ လေယာဉ်တောင်ပံဘက်ခြမ်းတွင်ရပ်နေရင်း ပြေးလမ်းပေါ်ရှိ ရှေးဟောင်းလေယာဉ်ကြီးကို ကြည့်နေသည်။ ထိုလေယာဉ်အား သူ့အနေနှင့်ဖတ်စာအုပ်တွင်းရှိ အကန့်အသတ်နှင့် ထုတ်ထားသည် ဟူသော အပိုင်းတွင်သာမြင်ဖူးခဲ့ခြင်းဖြစ်သည်။
ယနေ့ ရှုစီမှာ အနက်ရောင်ဂျက်ကတ် ခပ်ထူထူ ဝတ်ထားပြီး အပြာနုရောင်မာဖလာအား မျက်နှာတစ်ဝက်ဖုံးသည်အထိပတ်ထား၏။
သူ၏ လေးကိုင်းသဏ္ဍာန်မျက်ခုံးလေးအောက်ရှိ မျက်လုံးတစ်စုံမှာလည်း ကျက်သရေရှိလှကာ အကြည့်များမှာ နွေးထွေးလှသည်။ ထို့ပြင်ရှုစီ၏အသားအရေမှာ ဖြူဖွေးဝင်းလဲ့နေကာ ချိုမွှေးလှသည့် ထောပတ်ကရင်မ်လေးနှင့်ပင်တူသေး၏။ သူ၏အသွင်မှာလည်း ပျော်ရွှင်နေဟန်ရှိသည်။
ယခင်က ရှုစီထက် အရပ်ကလေးအနည်းငယ်ပုသော မင်းဟွမ်မှာ လွန်ခဲ့သောလပိုင်းအတွင်း အရပ်ပိုရှည်လာသည်ကို သတိပြုမိသွားသည်။ အနားသွားကပ်ရပ်သောအခါ သူ၏ဦးခေါင်းထိပ်မှာ ရှဲ့ရှုစီ၏နှာသီးဖျားလေးထိပင်ရှိ၏။
'ဟူး...'
ထိုအခါမှ သူ့အားယွိဟန်ကျိုးမှာ အရပ်ရှည်စေရန် အသားများစွတ်ကျွေးကာ အရပ်ပုသည်ဟုပြောသည်ကို သတိရသွားသည်။
ယခုအယ်လ်ဖာစစ်သား၊ အရာရှိများသာရှိသောနေရာတွင် ယူနီဖောင်းမဝတ်ဘဲ သာမန်အရပ်ဝတ်နှင့်ရှိနေသည့် ရှုစီ၏အသွင်မှာ ထင်းနေ၏။
ထို့နောက်မင်းဟွမ်က ရှုစီအား ယူနီဖောင်းပေးလိုက်ပြီး ပထမဦးစွာ စစ်လက်နက်များရှိရာသို့ စစ်ဆေးရန် ဦးစွာသွားသည်။ ထို့ပြင် ရှဲ့ရှုစီမှာ ယူနီဖောင်း အပါးလေးများသာ ဝတ်ထားသောကြောင့် အအေးကြောက်တတ်သည်ကို သတိရသွားသဖြင့် သူ၏လက်ထဲ၌ အဝါနုရောင် ကုတ်အင်္ကျီလေးကို ကိုင်လာလိုက်သည်။ ထို့နောက် ရှုစီအားဝတ်ပေးလိုက်၏။
"အိုကေ၊ အဆင်ပြေပြီ"
ရှဲ့ရှုစီ ခေါင်းလှည့်ကာ ကုတ်အင်္ကျီ၏ကော်လာအား ပုခုံးပေါ်သို့ဆွဲတင်လိုက်သည်။
"အင်း..."
'ရှဲ့ရှုစီက တကယ်လိမ္မာတဲ့ကောင်လေးပဲ'
"မင်းက တကယ်ပါရမီပါပြီးတော်တာပဲဟာ။ ငါ့ပြောတာယုံ၊ တစ်ချိန်ကျရင် မင်း သေချာပေါက် စစ်သင်္ဘောဒီဇိုင်နာဖြစ်လာမှာ"
'မင်းအနာဂတ်မှာရမဲ့ဘွဲ့က ခုန်ပျံနိုင်တဲ့စက်ပစ္စည်းတွေအထူးပြုတဲ့ဘွဲ့ပဲ။ မင်းကတယ်ကို ဉာဏ်ကြီးရှင်ဖြစ်မှာ'
'မင်းကအိုမီဂါဖြစ်နေတာနဲ့ပဲ အဲ့အခြေအနေရောက်ဖို့ အခွင့်အရေးတွေတော့ လက်လွှတ်ခံလို့မဖြစ်ဘူး'
ထို့နောက်မင်းဟွမ်က ရှဲ့ရှုစီ၏ လက်အားကိုင်ကာ ထိန်းချုပ်ရေးလက်တံအားကိုင်စေလိုက်ပြီး ခလုတ်အချို့အား ထိတွေ့စေသည်။ ထို့နောက်စစ်ဆေးမှုအချို့ပြုလုပ်ကာ လေယာဉ်အားစက်နှိုးလိုက်၏။
"မင်းဟွမ်၊ အရင်က ဘယ်သူမှ ငါ့ကို အိုမီဂါတစ်ယောက်ကလည်း စစ်သင်္ဘောဒီဇိုင်နာ ဖြစ်လာနိုင်တယ်လို့ မပြောဖူးဘူး။ ပြီးတော့ ဒီလိုရှားပါးတဲ့ ရှေးဟောင်းလေယာဉ်တွေနဲ့လည်း မထိတွေ့ပေးဖူးဘူး။ မင်းက ပထမဆုံးပဲ။ ကျေးဇူးတင်ပါတယ်နော်"
ရှဲ့ရှုစီ၏ မျက်ဝန်းအစုံမှာ အနည်းငယ်လေးရဲနေကာ သနားစဖွယ်လေးဖြစ်နေ၏။
"ငါ့အထင် မင်းနဲ့လိုက်ဖက်ညီရတာက ငါ့ဘဝမှာ ကံအကောင်းဆုံးအရာပါပဲ။ ငါ ကွဲပြားခြင်းဖြစ်ပြီးတာနဲ့ စစ်သင်္ဘောဒီဇိုင်နာ ဖြစ်လာဖို့ ငါသေချာလေ့လာမှာပါ"
ထိုသို့ပြောပြီး သူ၏မျက်ဝန်းလေးမှ မျက်ရည်စလေးများကို သုတ်လိုက်ကာထပ်ပြောသည်။
"ငါက မင်းနဲ့လိုက်ဖက်ညီတဲ့ အိုမီဂါဖြစ်လာမှာပါ".
"ငါနဲ့လိုက်ဖက်တဲ့အိုမီဂါဖြစ်ဖို့မလိုပါဘူး။ မင်းကမင်းဖြစ်နေဖို့ပဲလိုတာပါ"
'အိုမီဂါတွေရဲ့ကန့်သတ်ချက်တွေကနေ မင်းလွတ်မြောက်နိုင်မယ်လို့ ငါမျှော်လင့်ပါတယ်'
'မင်းလျှောက်ချင်တဲ့လမ်းကို သတ္တိရှိရှိနဲ့သာလျှောက်'
အတိတ်ဘဝမှ မင်းဟွမ်သည် ယခု ရှဲ့ရှုစီ၏အဖြစ်နှင့် တူညီလှသည်။ သို့သော် သူ၏ယခင်ဘဝမှာ ကာကွယ်ပေးမည့်သူ မရှိခဲ့ပေ။ ယခုဘဝတွင်တော့ အယ်လ်ဖာအဖြစ် ပြန်လည်မွေးဖွားလာပြီး အိုမီဂါအဖြစ်မွေးဖွားလာသူ ရှဲ့ရှုစီအားလည်း ကန့်သတ်ချက်များမှ လွတ်မြောက်နိုင်ကာ ဘဝအား ပေါ့ပေါ့ပါးပါးနှင့် အပူအပင်ကင်းကင်းဖြတ်ကျော်နိုင်ဖို့ရန် မျှော်လင့်နေသည်။
"မင်းကရော"
မင်းဟွမ်မှာ ထိန်းချုပ်ရေးလက်တံအားကိုင်ထားပြီး ပြန်ပြောသည်။
"ငါလည်း...ငါနေချင်တဲ့ဘဝအတိုင်း အေးအေးလူလူနေချင်တာပါပဲ"
"အဲ့တာဆိုမင်းက ဘယ်လိုဘဝမျိုးမှာ နေချင်တာလဲ"
ရှုစီမှာ အနည်းငယ်ခေါင်းရှုပ်သွားဟန်ပေါ်ပြီး မင်းဟွမ်အား စမ်းသပ်နေသကဲ့သို့မေးသည်။
"ဘယ်လိုဘဝမျိုးလဲ၊ တပ်မှုးဖြစ်လာဖို့လား"
"တကယ်တော့ ငါ့ကိုယ်ငါလည်း မသေချာပါဘူး။ ဒါပေမဲ့ လောလောဆယ်မှာတော့ ငါ လွတ်လပ်မှုကို လိုလားတယ်"
မင်းဟွမ်သည် ထိန်းချုပ်ရေးလက်တံအားရှေ့သို့တိုးလိုက်ရင်း ထပ်ပြောသည်။
"ခုလေယာဉ်ကိုထိန်းနေသလိုမျိုးပေါ့၊ ငါ့ဘဝကိုလည်း ငါ့စိတ်ကြိုက် ထိန်းချုပ်မောင်းနှင် ချင်တယ်"
လေယာဉ်မှာ မြေပြင်ပေါ်မှတဖြည်းဖြည်းချင်း တက်လာ၏။ မင်းဟွမ်၏ဖြူဖွေးနေသောလက်ကလေးမှာ အချက်အလက်များကိုချိန်ညှိနေရင်း လေယာဉ်မှာ လေပေါ်သို့တက်လာ၏။
"ဆိုတော့ မင်းအနာဂတ်မှာ လက်ထပ်ဖို့ရော အစီအစဉ်ရှိလားဟင်"
ရှဲ့ရှုစီမှာ သူ၏ ကုတ်အင်္ကျီအစွန်းလေးအား ဆုတ်ကိုင်လိုက်သည်။ လေယာဉ်တက်ခါစ၊ မြေဆွဲအားမှ လွတ်ခါစဖြစ်သောကြောင့်လား မသိပေမဲ့ သူ၏ရင်မှာ တသိမ့်သိမ့်ခုန်နေ၏။
"ယွိဗိုလ်ချုပ်ကတော့ မင်္ဂလာဆောင်ဖို့ အစီအစဉ်မရှိဘူးထင်တယ်။ ပြီးတော့ သူလည်း အမွှေးဖြူနဂါးပဲလေ။ သူကသူ့ဘဝကို အထိန်းအချုပ်မရှိဘဲ လွတ်လွတ်လပ်လပ်နေနေတာလေ"
ရှဲ့ရှုစီမှာ စကားလုံးတစ်လုံးစီအား အလွန်အားစိုက်၍ နူးညံ့စွာပြောနေသည်။
"ငါ့ကိုရယ်ပြီးသေအောင်မလုပ်ပါနဲ့ကွာ"
မင်းဟွမ်မှာ ထိုစကားကို လေယာဉ်အား သုံးမိနစ်အတွင်းခုန်ကူးနိုင်ရန် ချိန်ညှိနေရင်း ဂရုမထားဘဲ ပြောလိုက်သည်။
"မင်းက ယွိဟန်ကျိုးလက်မထပ်တာ လွတ်လွတ်လပ်လပ်နေချင်လို့,လို့ ထင်နေတာလား။ တကယ်က သူ့ကိုယူမဲ့ယောကျာ်း ရှာမတွေ့လို့"
ထိုသို့တည့်တိုးပြောသံကိုကြားသောအခါ ရှုစီမှာ ငြိမ်ငြိမ်သက်သက်သာ နားထောင်နေသည်။
"ငါကတော့သေချာပေါက် အိုမီဂါငယ်ငယ်လေးနဲ့လက်ထပ်မှာ"
မင်းဟွမ်မှာ ထိုစကားကိုနှလုံးသားမရှိစွာပြောလိုက်သည်။
"ငါကလက်ထပ်မှာ။ ငါနဲ့လက်ထပ်မဲ့သူက အရမ်းလှနေဖို့လည်းမလိုဘူး၊ သာမန်လောက်ဆိုရတယ်။ အကယ်၍ဖြစ်နိုင်ရင် ငါကလေးလေးလည်းလိုချင်သေးတယ်။ အာ...ငါပြောတာက ဥလေးပေါ့၊ မိသားစုရဲ့မျိုးဆက်ဥလေး။ ပြောတာတွေလွန်ကုန်ပြီ"
မင်းဟွမ်မှာ ထိုသို့ပြောပြီး ရှက်နေ၏။
"တကယ်မလွန်ဘူး"
အကယ်၍ သူနှင့်မင်းဟွမ်သာ လက်ထပ်ခဲ့ပါက မင်းဟွမ်ကကလေးချင်သည်ဆိုလျှင် နောက်နှစ်ဘွဲ့ရပြီးပြီးချင်း ဥ,ဥဖို့မှာ မဖြစ်နိုင်သည်တော့မဟုတ်ပေ။
ရှဲ့ရှုစီမှာ အရံခုံတွင်ထိုင်နေရင်းမှ စခရင်ကိုဖွင့်လိုက်ကာ မင်းဟွမ်အား ခုန်ပျံဖို့အဆင်သင့်ဖြစ်ရန် ကူညီပြင်ပေးသည်။
ထို့နောက် ကြယ်တာရာမြို့တော်၏ ရှေ့တန်းတိုက်လေယာဉ်တစ်ခုလုံးအား မိုးကြိုးသွားတစ်ခုထိသွားသည့်ပမာ လေယာဉ်တစ်ခုလုံးတုန်ခါသွားကာ မင်းဟွမ်မှာ ရှုစီနှင့် စကားမပြောအားတော့ဘဲ အာရုံစိုက်လိုက်သည်။
သူ၏လက်များမှာ ကျင့်သားရနေဟန်လျှင်မြန်နေကာ လိုအပ်သည့်ခလုတ်များကိုနှိပ်ပြီး ခုန်ပျံရာ၌ အန္တရာယ်ကင်းစေရန် ဘေးကင်းစေရန် အလိုအလျောက်ချိန်ညှိမှုများကို တဆက်တည်းလုပ်လိုက်သည်။
ထို့နောက် ရှဲ့ရှုစီ၏မျက်ဆံများမှာ ဒေါင်လိုက်ဖြစ်သွားကာ မင်းဟွမ်ဘက်သို့ခေါင်းလှည့်ပြီး ပြောလိုက်၏။
"မင်း..."
ထို့နောက်လောင်ကျွမ်းနေသည့်မီးဖိုထဲသို့ ဦးတည်လိုက်သည့်ပမာ လေယာဉ်ကိုယ်ထည်တစ်ခုလုံးမှာ အထက်အောက်ယိမ်းခါသွားကာ ကွာဟချက်တစ်ခုကြားထဲသို့ရောက်သွားသည်။
ထို့အခါမှ ရှဲ့ရှုစီက သူ၏မျက်လုံးများကို ဖြည်းဖြည်းချင်းဖွင့်လိုက်သောအခါ ၎င်းတို့မှာ အဖွဲ့ချုပ်နှင့်အင်ပါယာကြား နယ်နိမိတ်ဂြိုလ်ဖြစ်သည့် ခရိုင်အမှတ် (၁၈) ၏ နေရာတစ်ခုသို့ရောက်နေ၏။
"ကောင်းတယ်၊ ကွက်တိပဲ"
မင်းဟွမ်က လက်သီးဆုပ်ထားကာပြောလိုက်သည်။
ထို့နောက်မင်းဟွမ်မှာ သူတို့၏ယာဉ်နှင့် ပိုမိုနီးကပ်လာသော ဂြိုလ်မျက်နှာပြင်သို့ အာရုံစူးစိုက်နေသည်။
"ဘယ်လောက်လှတဲ့ရှားပါးတွင်းထွက်ဂြိုလ်လဲကွာ"
ထို့နောက်မင်းဟွမ်မှာ မြေပေါ်ဆင်းသက်ရန် လုပ်ဆောင်ချက်များကို စတင်ပြီး ရှဲ့ရှုစီဖက်သို့ ခေါင်းလှည့်ကာ ပြောလိုက်သည်။
"မင်းဆင်းဖို့မလိုဘူး။ ငါဒီကိုလာတာက ရှားပါစွမ်းအင်ကျောက်တုံးအချို့တူးပြီးယူသွားမလို့။ ခုဒီကြယ်က အနက်ရောက်ကြယ် ဖြစ်နေတုန်းပဲ။ ပြီးတော့ သူ့တည်နေရာအနေအထားကလည်း အရေးပါတော့ မကြာခင် အင်ပါယာဘက်ကတိုက်မှာပဲ။ အဲ့တာကြောင့် တိုက်ပွဲမဖြစ်ခင် ဒီပေါ်က စွမ်းအင်ကျောက်တုံး နည်းနည်းယူသွားပြီး စစ်ဖြစ်သင့်လား၊ မဖြစ်သင့်လား လေ့လာလို့ရတာပေါ့"
မင်းဟွမ်မှာ သူ၏လက်ကောက်ဝတ်တွင် မိုးနှင့်ဆီးနှင်းအကာအရံပါကာ မြေအောက်တွင်း ထိခိုက်မှုအား ၉၅% အထိလျော့ကျစေသည့် အထူးကာကွယ်ရေးဝတ်စုံကိုဝတ်လိုက်သည်။
ထို့နောက် ရှေ့ပြေးစက်ရုပ်အ သေးလေးများလွှတ်လိုက်ပြီး မြေပြင်ကိုတူးဝင်သွားကာ လှပသော စွမ်းအင်ကျောက်တုံးများ တစ်တုံးပြီးတစ်တုံးယူလာသည်။ စက်ရုပ်ကလေးများမှာ လက်သီးဆုပ်အရွယ်လောက်သာရှိသော်လည်း စွမ်းအင်ကျောက်တုံးအများအပြားကိုသယ်ယူပြီး ပြန်ထွက်လာ၏။ မင်းဟွမ်မှာလည်း ထိုစက်ရုပ်ကလေးများမှာ အလုပ်လုပ်ရာ၌ အသုံးဝင်လှသည်ဟု တွေးနေသည်။
ထို့နောက်ကျောက်တုံးများကို ကိုင်ကြည့်လိုက်ရာ မြင်ဖူးသလိုဖြစ်နေသည်။ ထို့ကြောင့် ကျောက်ကြည့်ဓာတ်မီးထုတ်ကာ အသေအချာကြည့်လိုက်သည်။
"ဒါကဘယ်လိုလုပ်..."
ထိုကျောက်တုံးများမှာ နောက်ဆုံးတစ်ကြိမ်သူပြင်ပေူခဲ့သည့်လေယာဉ်တွင်သုံးခဲ့သော ကျောက်တုံးများနှင့်တူနေသည်။ ထို့နောက်ချက်ချင်းပြောလိုက်၏။
"ရှုစီ၊ ဒီအနက်ရောင်ကြယ်ကိုအင်ပါယာကလူတွေတွေ့ပြီးပြီ။ သွားကြမယ်"
'ငါတို့မှာလည်း ကျောက်တုံးတွေတစ်ထုပ်ကြီးရပြီပဲ။ လေ့လာဖို့အတွက်ဆို လောက်ပါတယ်'
ထို့နောက်မင်းဟွမ်က သူ၏ကာကွယ်ရေးဝတ်စုံအားချွတ်လိုက်ပြီး လေယာဉ်မောင်းခုံတွင် ဝင်ထိုင်လိုက်၏။
"သေချာကိုင်ထားနော်၊ ငါထွက်တော့မယ်"
"နေဦး"
"ဒီတိုက်လေယာဉ်က လွန်ခဲ့တဲ့နှစ်ပေါင်း (၁,၄၀၀) တုန်းက ရှေးဟောင်း အင်ပါယာမြို့တော်ရဲ့ လေယာဉ်မလား။ ဒီလေယာဉ်က သူတို့ရဲ့ ထိပ်တန်းလေယာဉ်သုံးမျိုးထဲမှာတောင်ပါတယ်လေ။ မင်းဟွမ်၊ သူ့မှာက ထောက်လှမ်းရေးကိရိယာတွေကို အလိုအလျောက်ရှောင်ရှားနိုင်တဲ့ ကာကွယ်ရေးစနစ်တစ်ခုရှိတယ်။ အဲ့တာဆို ခုငါတို့ ဒီဂြိုလ်ပေါ်ကို ဆင်းနိုင်တာက ဒီမှာ ဘာထောက်လှမ်းရေးပစ္စည်းမှ မရှိလို့ပဲ"
ထိုအခါမှမင်းဟွမ်လည်း ထူးဆန်းနေကြောင်းတွေးမိသည်။ အကယ်ပါ၍ အင်ပါယာဘက်မှ ဤအနက်ရောင်ဂြိုလ်ကို စတင်တွေ့ရှိပြီး ဤဂြိုလ်၏တန်ဖိုးကိုသိပါက သေချာပေါက် ထောက်လှမ်းရေးကိရိယာများ တပ်ဆင်ထားမည်ဖြစ်၏။
"သူတို့ ဒီအနီးနားမှာပဲ ရှိမယ်ထင်တယ်"
"ခုန်ပျံနိုင်တဲ့နောက်ယောင်ခံတိုက်လေယာဉ်တစ်စင်းလည်း စီစဉ်ထားတယ်"
"အဲ့လိုသာဆို ငါတို့ဒီဂြိုလ်ပေါ်ကမထွက်ခင် အင်ပါယာရဲ့ ကင်းထောက်လေယာဉ်တွေ့ပြီးအဖမ်းခံရရင် ကြယ်စင်တရားရုံးကစီရင်ချက်က အင်ပါယာဘက်ကို မျက်နှာလိုက်လိမ့်မယ်။ ဒါပေမဲ့မပူပါနဲ့၊ အင်ပါယာဘက်က လက်ရှိတိုက်လေယာဉ်တွေက အဲ့လောက်မကောင်းဘူး။ ပြီးတော့ ခုန်ပျံနိုင်တဲ့ပုံလည်းမပေါ်ဘူး။ ဆိုတော့ ငါတို့အမြန်ခုန်လိုက်ဖို့ပဲလိုတယ်။ အဲ့လိုဆို သေချာပေါက်လွတ်ပါတယ်"
ရှုစီကပြောပြီး မင်းဟွမ်မှာ ကန့်သတ်အချက်အလက်များကိုမွှေနှောက်ရှာကာ အင်ပါယာဘက်တွင် ပီးယာ့စ်အားအမှီလိုက်နိုင်သည့်လေယာဉ်မျိုးရှိမလားဟု ဝင်ရှာလိုက်သည်။
'မဟုတ်ဘူးဟ'
'အင်ပါယာဖက်မှာ ခုန်ပျံနိုင်တဲ့အမဲလိုက်လေယာဉ်တစ်မျိုးရှိတယ်'
ထို့အခါမှ မင်းဟွမ်၏ခေါင်းတွင်း အချက်တစ်ခုပေါ်လာသည်။
'သိပ်မကြာသေးခင်ကပဲ ငါတစ်စင်းပြင်ပေးလိုက်တာပဲ'
'ငါထင်တာက အဲ့လေယာဉ်လာပြင်တဲ့သူတွေက ကြယ်တာရာဓားပြတွေလို့ထင်နေတာ။ ဒါပေမဲ့ အဲ့တာအင်ပါယာကလူတွေဟ'
"အင်ပါယာ ZL598, လွန်ခဲ့တဲ့ဆယ်ရက်လောက်ကပဲ မှောင်ခိုဈေးကွက်ကနေ ထောက်လှမ်းရေး လေယာဉ်တစ်စင်းပြင်ဖို့ လာကမ်းလှမ်းသေးတယ်။ ပြီးတော့ ပြင်ပေးရမဲ့အချိန်ကိုပါ သူတို့သတ်မှတ်တာ။ ငါလည်းအဲ့တာက အင်ပါယာဘက်ကလို့ထင်နေတာ..."
ရှုစီ သက်ပြင်းချလိုက်သည်။
"အင်း...ငါပြင်ပေးလိုက်တယ်"
"ဘာလို့ပြင်ပေးလိုက်တာလဲ။ သူတို့စိတ်ထဲမှာဘယ်သူရှိနေလို့ ဒီလိုအစွမ်းတွေရှိတဲ့ ရှေးဟောင်းယာဉ်ကိုပြင်တယ်ထင်နေတာလဲ"
"ငါကသူတို့ကို ကြယ်တာရာဓားပြတွေလို့ထင်နေတာ။ သူတို့က ငွေ (၁၀) သန်းတောင် ကမ်းလှမ်းတာလေ။ အဲ့...အဲ့ပမာဏက'
မင်းဟွမ်မှာပြောရင်းပြောရင်း အသံတိမ်ဝင်သွားသည်။
ရှုစီမှာ မင်းဟွမ်အားကြည့်ကာ တစ်ခနမျှတိတ်ဆိတ်နေပြီးမေးသည်။
"မင်းဟွမ်၊ မင်းအဲ့လောက်ပိုက်ဆံလိုနေတာလား"
"မဟုတ်တာ၊ ငါကဘာလို့ပိုက်ဆံလိုရမှာလဲ"
ထိုနောက်ရှဲ့ရှုစီမှာ လတ်တလောတွင်မှ ရှာတွေ့ထားသည့် အင်ပါယာ၏အချက်အလက်များကို မင်းဟွမ်၏မျက်စိရှေ့သို့ ထုတ်ပြကာပြောသည်။
"အဲ့တာအမှန်ပဲ၊ လွန်ခဲ့တဲ့ခုနှစ်ရက်လောက်ကပဲ အင်ပါယာဘက်က တော်ဝင်စစ်င်္ဘောဌာနမှာသိမ်းထားတဲ့ ခုန်ပျံနိုင်တဲ့ အမဲလိုက်လေယာဉ်တစ်စင်းအသစ်ရရှိကြောင်း ကြေညာခဲ့တယ်။ တန်ကြေးက ကြယ်ဒင်္ဂါး တစ်ဘီလီယံနဲ့သန်းနှစ်ရာတဲ့"
"၁..၁.၂ ဘီလီယံတောင်လား"
မင်းဟွမ်မှာထိုအခါမှ အင်ပါယာ၏သတင်းကို ကြည့်လိုက်သည်။
'ရူး...ရူးချင်စရာကြီး'
'ငါက သန်းသုံးရာတန်တိုက်လေယာဉ်တစ်စင်းကို ပြင်ပေးလိုက်တာ၊ ခု သူ့တန်ကြေးက ၁.၂ ဘီလီယံတောင်ရှိနေတာလား။ အဲ့တာတောင်ငါ့ကိုလက်ခ ဆယ်သန်းပဲပေးတယ်'
'အာ...ချီး'
'အဲ့တာထက်ပိုဆိုးတာက ငါပြင်ပေးလိုက်တဲ့လေယာဉ်နဲ့ ငါ့နောက်ကျောကို ဓားနဲ့ပြန်ထိုးတာပဲဟ'
မင်းဟွမ်မှာပေါက်ကွဲနေလေပြီ။
'မအေ_ိုးတွေ၊ ကြားကြလားလို့ မအေဘေးတွေရဲ့'
"မင်းဟွမ်၊ ငါတို့ခုဘာလုပ်ကြမလဲ။ ကြယ်တာရာမြို့တော်ကိုစာလှမ်းပို့ပြီး အကူအညီတောင်းမလား။ အကယ်၍ငါတို့စောင့်နေတုန်း ငါတို့တည်နေရာကိုသိသွားရင် ကြားခံတရားရုံးမှာ စစ်ဆေးမှုတွေဖြစ်ကုန်လိမ့်မယ်။ ခုပဲကိစ္စတွေကိုရောထွေးအောင်လုပ်ပြီး အရင်တိုက်ကြရင်ရော"
ရှုစီ၏မျက်နှာမှာအနည်းငယ်ပြောင်းလဲနေကာ အသံမှာလည်း ထူးဆန်းနေ၏။ ရှုစီမှာ ဤကိစ္စလေးမှစကာ မီးခိုးကြွက်လျှောက်လိုက်လာမည်ကိုစိုးနေခြင်းဖြစ်ပြီး အသက်ရှုသံပင် မူမမှန်တော့ကာ မျက်နှာမှာလည်း နီရဲနေသည်။
ထိုအခါမင်းဟွမ်က ရှုစီ၏နဖူးလေးကိုထိလိုက်သည်။
"ဘာဖြစ်တာလဲ၊ အဖျားဝင်နေတာလား"
ရှုစီကခေါင်းခါ၏။
မင်းဟွမ်မှာသူဘေးပတ်ဝန်းကျင်အားစူးစမ်းလိုက်ပြီး အလုပ်စရန်ပြင်ဆင်၏။ ရှုစီ၏အသက်ရှုသံမှာ တစ်ခုခုဖြစ်နေဟန် ပြင်းသည်ထက် ပြင်းလာသည်။ ထို့နောက် အသက်မရှုနိုင်တော့ဟန်ဖြစ်လာပြီး သူ၏နှုတ်ခမ်းလေးကိုကိုက်ကာ ပြောလိုက်၏။
"ငါ...ငါ..."
"ငါ...ကွဲပြားခြင်းဖြစ်တော့မယ်ထင်တယ်"
'ငါကွဲပြားနေပြီလား'
'အခုလေ'
မင်းဟွမ်၏မျက်နှာမှာ ရုတ်ချည်းပြောင်းလဲသွား၏။ ထို့နောက် ဆေးအိတ်ထုတ်ကာ
"ဒီမှာ တားဆေးနဲ့ ကာကွယ်ဆေးတွေ။ မင်း..."
'မဟုတ်သေးပါဘူး။ ငါယူလာတဲ့တားဆေးက အယ်လ်ဖာတွေအတွက်တားဆေးကြီးနဲ့ ကာကွယ်ဆေးကလည်း ငါ့အပေါ်ရှုစီရဲ့ဖယ်ရိုမုန်းတွေကနေကာကွယ်ဖို့သုံးတဲ့ဟာ။ ရှုစီရဲ့ ကိုယ်ပိုင်ဖယ်ရိုမုန်းကို ကာကွယ်နိုင်မှာမဟုတ်ဘူး'
"ငါ...အိုမီဂါတားဆေးယူလာတယ်မင်းဟွမ်။ မင်းကိုယ်မင်းသာ ကာကွယ်ဆေးအရင်သုံး။ အဲ့တာမှ ငါကွဲပြားပြီးရင် ငါ့ဖယ်ရိုမုန်းအနံ့ကိုမင်းမရမှာ။ နို့မို့ဆို မင်းရောဂါကိုပိုဆိုးစေလိမ့်မယ်။ တောင်းပန်ပါတယ်၊ ခုလိုဖြစ်တာငါ့ကြောင့်..."
မင်းဟွမ်မှာ ရှုစီပြောနေတုန်းမှာပဲ သူ့အားဆေးအိတ်ပေးလိုက်ပြီဖြစ်၏။ အိတ်ထဲတွင် ကာကွယ်ဆေးတစ်လုံးသာပါပြီး သောက်ပြီးသောအခါ မင်းဟွမ်မှာ သူ့လက်ကို ထောက်လှမ်းရေးလက်တံကိုပြန်ကိုင်လိုက်သည်။
"ရှုစီ၊ စကားမပြောနဲ့တော့။ ငါကသာမင်းကို လန့်အောင်လုပ်မိတာပါ။ အဲ့တာကြောင့် မင်းကွဲပြားခြင်းချက်ချင်းဖြစ်တာနေမယ်။ စိတ်မပူနဲ့၊ ငါမင်းကိုခုအိမ်ပြန်ခေါ်သွားမယ်နော်"
ထို့နောက်မင်းဟွမ်မှာ လေယာဉ်အားစက်နှိုးလိုက်သည်။ လေယာဉ်မှာ မြေပေါ်တဖြည်းဖြည်းကြွတက်လာ၏။ ထို့နောက်စက်ရုပ်ကလေးများအား စွမ်းအင်ကျောက်တုံးအိတ်ကို နေရာလွတ်တွင် ထည့်ခိုင်းသည်။
"အရမ်းမလုပ်နဲ့နော်"
ရှုစီ၏အသံမှာ တဖြည်းဖြည်းကျယ်လာပြီး တစ်ချက်အော်လိုက်ပြီး ပစ္စည်းများပြုတ်ကျသံကို ကြားလိုက်ရ၏။
"ရှုစီ၊ တားဆေးအမြန်သောက်လိုက်။ တခြားဘာမှမပူနဲ့နော်။ ငါအကုန်ရှင်းမယ်"
လေယာဉ်မထွက်ခင်မှာဘဲ ကောင်းကင်ယံတွင် အပေါက်တစ်ခုပွင့်လာကာ ထိုထဲမှ ခုန်ပျံနိုင်သည့်ယာဉ်ပျံလေးတစ်စင်းထွက်လာပြီး သူ့နောက်တွင် မင်းဟွမ်တို့၏တည်နေရာသို့ ဆယ်မိနစ်အတွင်းရောက်လာနိုင်လောက်မည့် ကြယ်စင်ယာဉ်ပျံကြီးတစ်စင်းပါ လိုက်လာသည်။ထိုယာဉ်ကြီးမှာ ထောက်လှမ်းရေးအားပယ်ဖျက်ရန်အထူးပြုလုပ်ထားသည့်ယာဉ်ကြီးဖြစ်ပြီး ဧရိယာကန့်သန့်ချက်ဟုသည့် အထူးစွမ်းရည်တစ်ခုလည်းပါသည်။
ဆိုလိုသည်မှာ ထိုယာဉ်ကြီးသည် နေရာတစ်ခုအား သတ်မှတ်လိုက်နိုင်ပြီး ထိုနေရာမှ မည်သည့်ယာဉ်မှ ခုန်ပျံခြင်းမပြုလုပ်နိုင်ရန် တားဆီးနိုင်၏။
ထိုယာဉ်ကြီးနှင့် အမဲလိုက်ယာဉ်ပျံတို့ပေါင်းစည်းလာခြင်းမှာ သူတို့နှစ်ဦးအတွက်ဖြစ်သည်
ထို့နောက် အနက်ရောင်အာကာသပြင်၌ များစွာသောအလင်းများ ထပ်ပေါ်လာကာ ကောင်းကင်တစ်ခုလုံးမှာ မိုးလင်းသွားသကဲ့သို့ လင်းထိန်သွား၏။
ဤအခြေအနေမှာ ချွေးပြန်ချင်စရာပင်။
"မင်းဟွမ်၊ အရှုံးပေးလိုက်ပါ။ အင်ပါယာနဲ့အဖွဲ့ချုပ်တို့ ငြိမ်းချမ်းရေးအရင်ယူပါစေ"
ရှုစီမှာ အခြေအနေမကောင်းဟုတွေးမိကာ မင်းဟွမ်၏ခုံအား လက်တစ်ဖက်ဖြင့် ဆုတ်ကိုင်ထား၏။ ပြင်းပြင်းထန်ထန်ဆုပ်ကိုင်ထားသဖြင့် လက်များပင်ဖြူလျော်လာ၏။
"ဘာမှမလုပ်နဲ့၊ ဒီတစ်ခါက ငါတို့လေယာဉ်ပဲဟာ...ယွိဗိုလ်ချုပ်က မင်းကိုအပြစ်တင်မှာမဟုတ်ပါဘူး။ ငါတို့မထွက်ခင်ကတောင် ယွိဗိုလ်ချုပ်က ဒါကလျှို့ဝှက်တာဝန်လို့ပြောလိုက်တာ။ အရေးပေါ်အခြေအနေတစ်ခုခုဖြစ်တာတွေ့တာနဲ့ ရွှေ့ပြောင်းပေးမယ်တဲ့။ ခုအခြေအနေက သူတို့သိဖို့လည်း အဲ့လောက်မရိုးရှင်းဘူး..."
အခြားတစ်ဖက်မှာတော့ ပြင်ဆင်ပြီးနေပြီဖြစ်၏။
ရှဲ့ရှုစီ၏စကားများမှာ အဓိပ္ပာယ်ဖော်ဖို့ရန်မလွယ်လှပေ။ ထို့ပြင်သူ၏မျက်နှာမှာလည်း နီနေရာမှ သွေးဆုတ်သလိုဖြူလာကာ တစ်စုံတစ်ခုအား ကြောင့်ကြနေသကဲ့သို့ရှိ၏။
အိုမီဂါတားဆေးမှာလည်း သူ့အပေါ်ဆေးစွမ်းမပြသေးဘူးထင်သည်။ ထို့ပြင်ခန္ဓာကိုယ်တစ်ခုလုံးမှာ ရေဓာတ်ကုန်ဆုံးသလိုပင် ခြောက်သွေ့နေပြီး စိတ်လည်းကျနေ၏။ ခန္ဓာကိုယ်တစ်ခုလုံးရှိအရိုးဟူသမျှမှာလည်း နာနေကာ အိတ်ထဲမှာ အိုမီဂါတားဆေးထပ်သောက်ဖို့ရန် အားယူပြီး လက်လှမ်းလိုက်သည်။"မင်းဟွမ်၊ ငါပြောတာနားထောင်။ ဒီတစ်ခါတော့ ခုခံမနေဘဲ အရှုံးပေးလိုက်တော့"
ရှဲ့ရှုစီမှာ မပြောစဖူး အမိန့်ပေးသည့်လေသံဖြင့်ပြောနေ၏။
"စိတ်လိုက်မာန်ပါမလုပ်နဲ့"_____________________
YOU ARE READING
အစွမ်းထက်အယ်လ်ဖာနဂါးကြီးအဖြစ် ကူးပြောင်းသွားတာတောင် အိုမီဂါဖြစ်သွားတယ်
Aventuraဘာသာပြန် By Legacy