အခန်း (၂၉): စိတ်ပိုင်းဆိုင်ရာထောက်ပံ့မှု
ဤတစ်ကြိမ်တွင်တော့ ကုသခြင်းခံယူရသူ မင်းဟွမ်မဟုတ်ပေ။ စစ်ဆေးချက်အချို့ပြုလုပ်ပြီး မင်းဟွမ်မှာ ကာကွယ်ရေးအခန်းထဲတွင် ယွိဟန်ကျိုးအား နှစ်နာရီခန့်ထိုင်စောင့်နေလိုက်ရသည်။
ထို့နောက် ယွိဟန်ကျိုးကိုတွေ့သောအခါ သူ၏မျက်နှာမှာ ဖြူလျော့နေ၏။
နဖူးပြင်တွင်လည်း ချွေးစအနည်းငယ်တွဲခိုနေကာ သူ၏နှုတ်ခမ်းပါးများမှာလည်း သွေးအနည်းငယ်စို့နေသည်။ သို့သော် သူ၏ကိုယ်နေဟန်ထားမှာတော့ တောင့်တောင့်တင်းတင်းပင်ရှိနေဆဲဖြစ်ပြီး မတ်တပ်ရပ်နေကာ ကျောပြင်မှာလည်း ဖြောင့်မတ်နေသည်။
ယွိဟန်ကျိုးမှာ တံခါးကိုတွန်းဖွင့်လိုက်ကာ ပြောသည်။
"မင်းဟွမ်၊ အိမ်ပြန်ကြရအောင်"
"ဘာဖြစ်တာလဲ"
ယွိဟန်ကျိုးမှာ မည်သည့်စကားမှမပြောဘဲ လက်သာယမ်းပြကာ သူ့ကို လေယာဉ်ထဲသို့ခေါ်သွားသည်။
မင်းဟွမ်က ကွဲပြားခြင်းကာလအတွင်း ကျန်းမာရေးအခြေအနေမတည်မငြိမ်ဖြစ်နေသည့် နဂါးငယ်လေးဖြစ်သော်လည်း ယခု ဆေးရုံသို့လာရသည်မှာတော့ ယွိဟန်ကျိုးတစ်ယောက် ဆရာဝန်နှင့်လာပြခြင်း ဖြစ်ပုံရသည်။ ယွိဟန်ကျိုးက သူ၏ယန်သွေးကြောနေရာကိုဖိထားပြီး ခပ်ငြိမ်ငြိမ်သာထိုင်နေတာကြောင့် သူ၏အသွင်မှာ သူစိမ်းတစ်ယောက်အနီးတွင်ရှိနေသကဲ့သို့ အေးစက်နေကာ ထိုသူစိမ်းအားလည်း သူ့နားလုံးဝမကပ်စေရန် ပြောနေသကဲ့သို့ရှိသည်။
မင်းဟွမ် အကြောင်းအရင်းမရှိပါဘဲ ဆေးထိုးခံလိုက်ရသည်ကို မှတ်မိနေသေး၏။ ထို့နောက် ယွိဟန်ကျိုးဖြေဖြေ၊ မဖြေဖြေ မျက်မှောင်ကြုံ့ကာ မေးလိုက်သည်။
"ခင်ဗျားကျွန်တော့်ကို ဘာဆေးထိုးလိုက်တာလဲ"
"...တားဆေးပါပဲ"
"ကျွန်တော်က ဖျားမှမဖျားတာ၊ ဘာလို့တားဆေးထိုးပေးတာလဲ"
မင်းဟွမ်မှာ နှုတ်ခမ်းလေးကိုကိုက်ကာ မယုံကြည်ဟန်ဖြင့်မေးလိုက်သည်။
YOU ARE READING
အစွမ်းထက်အယ်လ်ဖာနဂါးကြီးအဖြစ် ကူးပြောင်းသွားတာတောင် အိုမီဂါဖြစ်သွားတယ်
Aventuraဘာသာပြန် By Legacy