အပိုင်း 23

233 5 0
                                    

"ကျော်ထက် "

"ဘာလည် "

ကျော်ထက် ဆိုင်ကယ်ပေါ် တက်တော့ ဟိုလူက ခေါ်တာကြောင့် လှည့်ကြည့်လိုက်သည်။

"ကိုယ် မင်းနဲ့ ဆိုင်ကယ် လိုက်စီးလို့ရမလား "

ပြောပုံကိုက မျက်နှာကို ငယ်ထားတာ သနားစရာ။

"ခများ "

အဖွဲ့တွေက ကားမောင်းပြီး ထွက်သွားတာကြောင့် ကျော်ထက် ခွင့်မပြုလည်းမရ။ ဒီလူ သက်သက် လုပ်မှန်း သိသည်။

"တက် တက် အရစ်ကို ရှည်တယ် ခနက အဖွဲ့ တွေနဲ့ ပြန်လိုက်မသွားဘဲနဲ့ "

"......"

"မရီနဲ့ "

"ဟားဟား"

ခုနက သူမဟုတ်တဲ့ အတိုင်း

ကျော်ထက် ပြောတော့လည်း ရီနေပြန်သည်။ဒီလူနဲ့ ရေစက်က မကုန်နိုင်သေး။

ရာဇာ ရှေ့က ကောင်လေးရဲ့ ခါးကို ဖက်လိုက်ကာ ပခုံးပေါ် မေး တင်ထားလိုက်သည်။ ဘယ်လောက်တောင် လွမ်းလိုက်ရတဲ့ အငွေ့အသက်လေးလည်း။

ကျော်ထက်ကို ဖက်ထားတာ မကဘဲ ပုခုံးပေါ် ပါ မေးတင်ထားတဲ့ သူကြောင့်

"ဟိတ်လူ ခများ လွန်နေပြီးနော် "

"ခနလေးပါဘဲကွာ ဒီတိုင်းလေး နေချင်လို့ "

ပြောလည်းမရမှန်းသိတာကြောင့် ကျော်ထက် လွှတ်ထားပေးလိုက်သည်။ တစ်ချက်တစ်ချက် ကျော်ထက်ရဲ့ လည်တိုင်ကိုပါ ခိုးနမ်းနေပြန်သည်။

ဟူး ဒီလူနဲ့တော့ ခက်ပါတယ်

ကိုယ်သူ့ကို စိတ်ဆိုးပြီး ထွက်လာတောက အခန်းဝမှာ ရပ်ကျန်နေခဲ့တဲ့ ထိုလူရဲ့ ပုံရိပ်ကို ပြန်မြင်ယောင်မိတော့ ရင်ထဲမကောင်း

လက်ခုပ်ဆိုတာက နှစ်ဖက်တီးမှ မြည်သည်မဟုတ်လား။ ဖြစ်ခဲ့တဲ့ ကိစ္စမှာလည်း ကျော်ထက်ကသာ စ ခဲ့သည်။ ပြီးတော့ ကျော်ထက်ကသာ စိတ်ဆိုးကာ ထိုလူကို ဆိုးဆိုးရွားရွား ဆက်ဆံလိုက်သေးသည်။

"ရောင်ခြည် အရမ်းနာနေလား "

အလွမ်း ပါးစပ်မဟ နိုင်တာကြောင့် ခေါင်းသာ ခါပြလိုက်သည်။

မောင့် ရောင်ခြည်ငယ်(Complete )Where stories live. Discover now