မနက်ခင်းတွေဟာ Pond Naravit ရဲ့ ရယ်သံ၊ပြုံးသံ၊စနောက်သံ၊ချွဲနွဲ့ပြောတဲ့ စကားသံတွေနဲ့ ပြည့်နေတဲ့အခါ သူ့ကို ပို၍ ပြုံးပျော်စေသည်။
နေ့ရက်တိုင်းဟာ ပို၍ အသက်ဝင်လာတာမို့ တစ်ရက်ချင်းဆီဟာ နေချင်စရာကောင်းလာသည်။
"Phuwin အရင်နဲ့ မတူတော့ဘူးနော် အမြဲပြုံးပြီးနေတာပဲ ပိုပြီး ချစ်စရာလဲကောင်းလာတယ်"
အတန်းထဲက လူတွေကတောင် သတိထားမိသည် အထိ သူဟာ အပျော်ကြီး ပျော်နေခဲ့သည်။
"ဟုတ်လား ပုံမှန်ပဲထင်တာ"
"ပုံမှန်မဟုတ်ဘူး အရင်ကထပ် ချစ်စရာကောင်းလာတာ အခုဆို အခန်းရှေ့မှာ ဒီကောင်လေးကနာမည်ဘယ်သူလဲ။ ချစ်သူရှိလား လာမေးကြတာတွေ နေ့တိုင်းပဲ"
"ဟမ် ဟုတ်လား သူသတိမထားမိဘူး"
"ဟုတ်တယ် ငါ့ကိုတောင် နင်နဲ့ မိတ်ဆက်ပေးရင် စားချင်တာစားဆိုပြီး အကူညီလာတောင်းတဲ့ စီနီယာ အစ်ကိုကြီးတွေရော အစ်မကြီးတွေရော ရှိတယ် နင့်မှာ ရည်းစားမရှိရင် ငါမိတ်ဆက်ပေးလို့ရမလား နင့်စိတ်ကြိုက်မတွေ့မချင်း ငါမိတ်ဆက်ပေးလို့ ရပါတယ်"
အတန်းဖော်ရဲ့ မျက်လုံးတမှိတ်မှိတ်လာပြောတဲ့ အပြောမှာ သူတကယ်ရယ်ချင်သွားသည်။
"အင်း တကယ်တော့ ငါ့မှာ - - - "
သိုဝှက်ထားစရာ စိတ်ကူးမရှိဘူးမို့ သူနဲ့ သူ့လူအကြောင်းကို ပြောပြဖို့ လုပ်ပြီးသား။
"မရဘူး Phuwin Tangမှာ ချစ်သူရှိတယ် အာ မဟုတ်ဘူး ခင်ပွန်းလောင်း ရှိတယ်"
အသံပိုင်ရှင်ကတော့ အခြားလူမဟုတ်ပါဘူး။Pond Naravit ပါပဲ။
ခြေလှမ်းကျဲကြီးတွေလှမ်းကာ မျက်နာနီကြီးနဲ့ အခန်းထဲကို ဝင်လာမို့ တစ်ခန်းလုံးက ဝိုင်း၍ ကြည့်နေကြသည်။
"တောင်းပန်ပါတယ် Phuwin ငါမသိလို့ပါ"
လက်ပြုတ်မတတ် လက်အုပ်ချီတောင်းပန်တဲ့ အတန်းဖော်ကိုကြည့်ရင်း သနားလာသည်။
"ရပါတယ် ငါမပြောဖြစ်သေးတာ မကြုံလို့လေ"
"ငါ သွားလိုက်ပါအုံးမယ်နော်"

YOU ARE READING
Colorblind ✅✅ ||𝙿𝚘𝚗𝚍𝙿𝚑𝚞𝚠𝚒𝚗||
Fanfictionတစ်ဘဝမှာ တစ်ခါပဲချစ်ချင်ပြီး အကယ်၍များ နောက်တစ်ခါထပ်ချစ်ရမယ်ဆိုရင်လဲ Pond Naravit ကိုပဲ ထပ်ခါထပ်ခါ ချစ်ချင်မိသည်။