chapter (15)

800 64 13
                                    

Alarm သံကင်းကင်းနဲ့ နိုးလာရတဲ့ မနက်ခင်းမှာ နှစ်အကြာကြီး သဘောကျခဲ့ရတဲ့လူ အကြိမ်ကြိမ်ပြန်ချစ်ရမယ်ဆိုလဲ ဒီတစ်ယောက်ထဲကိုသာ ချစ်ချင်မိတဲ့ လူမျိုးနဲ့အတူ နိုးထလာရတာ ဘယ်လိုတောင် ကောင်းလှတဲ့ ကံကောင်းမှုလဲ။

"ကိုကိုNara ထပါအုံး"

"Hmmm 5မိနစ်လောက်ပဲ"

"ကိုကို"

"- - - "

"ကိုကိုလို့"

"အား Naravit အချိန်ကြည့်အုံး ဗိုက်ဆာနေပြီ ညထဲက ဘာမှမစားရသေးဘူး မနက်ကျတော့လဲ မထနိုင်အောင် လုပ်ထားပြီး ဗိုက်ဆာနေတာ အခုတစ်ခုခုလုပ်မပေးဘူးလား"

"ဟုတ်ပါပြီ Phuလေးရယ် ကိုယ်အခုထပြင်ပါ့မယ်နော် ရေချိုးဖို့ပါ ရေချိုးခန်းထဲ ပို့ပေးမယ် စိတ်လျှော့"

ပြုံးတုံးတုံးနဲ့ ရေချိုးခန်းထဲ လိုက်ပို့တဲ့လူကို ရေချိုးခန်းထဲကနေ မနည်းပြန်မောင်းထုတ်ရသေးသည်။

မဟုတ်ရင် မနေ့ကညစာရော၊ဒီနေ့ မနက်နေ့လည်စာရော ငတ်မှာ သူပဲလေ။

"အင်းပါ ကိုယ်အခုထွက်ပြီး Phu စားဖို့ သွားလုပ်မယ် Phuလေးက အားရှိအောင်စားထား ညကျ ကိုကိုက Phuလေးကို ထပ်စားမယ်"

"ဘာ !!! Naravit Lertrakosum တော်တော် အားရှိနေတာပေါ့ လေ "

"Phuကို စားမှာလေ အတိုးချပြီးကို စားမှာ "

"တော်တော့ တော်တော့ တစ်ခုခုစားဖို့သာ လုပ်ပေးပါ ရေချိုးပြီး ထွက်လာမှာမို့"

Wink လုပ်ပြကာ ထွက်သွားတဲ့ လူကိုကြည့်ပြီး သဘောတကျ ပြုံးရယ်မိသည်။နေ့ရက်တိုင်းသာ ဒီလိုလှပနေရင် ဘယ်လောက်ကောင်းမလဲ။

______________

နေ့လည်စာစားပြီး လူက အိပ်ချင်လာတာမို့ ဆိုဖာပေါ်မှာ ခွေခေါက်ကာ နေမိတယ်။ Assignment မရှိတဲ့နေ့ စာဖတ်စရာမလိုတဲ့ ဒီလိုနေ့မျိုးဟာ ဒီရက်တွေထဲမှာ ရှားတာမို့ တော်တော်လေး ရတောင့်ရခဲတဲ့ အခွင့်အရေးကို အရယူမိသည်။

"ကိုယ့် Phu လေးက အရမ်း ပင်ပန်းနေတာလား"

" - - - - "

အဖြေပြန်မပေးပဲ တိတ်တိတ်လေး မှိန်းနေတဲ့ လူကိုပွေ့ကာ အိပ်ရာပေါ်တင်ပေးသည်။ဒီတိုင်းလေးအိပ်ရလဲ မဆိုးဘူးဟု တွေးနေတုံးမှာပဲ ကလိထိုးလာတာမို့ အိပ်လို့မရနိုင်တော့။

 Colorblind ✅✅ ||𝙿𝚘𝚗𝚍𝙿𝚑𝚞𝚠𝚒𝚗||Where stories live. Discover now