တိမ်ပြာရောင် အလင်းတွေဖြာနေတဲ့ ဓားသွားက အဖြူနဲ့အနက်ကိုရိုးရှင်းစွာဝတ်ဆင်ထားတဲ့ လူရဲ့ ရင်ဘတ်ထဲနစ်ဝင်သွားတယ်။
သူကကျူးယန့်။
လူတွေပြောကြတဲ့ ဒီလောကကြီးထဲကအရက်စက်ဆုံးမိစ္ဆာကြီး ကျူးယန့်။
တိမ်အလင်းဓားကရင်ဘတ်ထဲ နက်"ရှိုင်းဖောက်ဝင်သွားပေမယ့် ကျူးယန့်တစ်ယောက်ပြုံးနေမိတုန်းး။
တိမ်အလင်းဓားကိုကိုင်ထားတဲ့ ကျွော်ယိချန်က မျက်ရည်တွေနဲ့အတူပြောလာတယ်။
"မင်းငါ့အတွက်ရွေးချယ်ပေးဖို့မလိုဘူးး
ဒါငါ့ရွေးချယ်မူပဲ အချစ်ရဆုံးလူကို သတ်မိလို့ ဘဝဆက်တိုင်းအပြစ်ရှိစိတ်နဲ့ရှင်သန်နေရမယ့် ကံကြမ္မာကို ငါလက်ခံတယ်"ရင်ဘတ်ကဓားချက်က မနာကျင်ပါဘူး
မျက်စိရှေ့က ချစ်ရသူရဲ့ မျက်ရည်တွေကသာ သူ့ကိုပိုနာကျင်စေတယ်။"ရှောင်ကျွော် မင်းအခုထိ.."
စကားတွေကဆုံးအောင်ပြောခွင့်မရလိုက်။
ကျွော်ယိချန်ကဓားကိုဆွဲနုတ်လိုက်တာကြောင့်
ကျူးယန့် ခန္ဓာကိုယ်ဟာ ကြမ်းပြင်ပေါ်လဲကျသွားခဲ့ပြီ။ကျွော်ယိချန်လက်ထဲက ဓားနဲ့ဓားအိမ်ကလည်း ကြမ်းပြင်ပေါ်လွတ်ကျသွားခဲ့တယ်။
ပါးစပ်ထဲကနေထွက်လာတဲ့သွေးတွေနဲ့အတူ
နောက်ဆုံးထိ သူ့ကိုပြုံးပြီးကြည့်နေတဲ့
ချစ်ရသူက တစ်ဖြည်း"အလင်းရောင်
အပိုင်းအစတွေအဖြစ် ပြန့်ကြဲလို့ ကောင်ကင်ထက်လွင့်ပျယ်သွားခဲ့ပြီ။ရုတ်တရပ် ကျဆင်းလာတဲ့ မိုးစက်တွေကြောင့် စကားသံတစ်ချို့ကနားထဲပြန်ကြားယောင်လာတယ်။
"ကိုယ်သေသွားရင် ကိုယ်ကမိုးအဖြစ်ပြောင်းလဲသွားမှာ မိုးတွေရွာတိုင်း
ကိုယ်လို့ပဲအမှတ်ရနေပေး ကိုယ်က မင်းဘေးမှာ အမြဲရှိနေမှာ"ပြန်ကြားယောင်လာတဲ့စကားသံကြောင့်
မျက်ရည်တွေကမိုးရည်တွေနဲ့အတူ
အဆက်မပျက်စီးကျလို့။"မင်းဆိုတဲ့ လူလိမ်ကြီး မင်းဘယ်တော့မှ ကတိမတည်ဘူး ကျောက်ယွမ်ကျိုး.."