"သူ့တို့ကို လွှတ်လိုက်!"
ကျွော်ယိချန်လှမ်းအော်လိုက်ပေမယ့်
နောက်ကျသွားခဲ့ပြီ။ သူ့စကားမဆုံးခင်မှာတင် လီလွင်က လူနှစ်ယောက်ကို ဇာတ်ချိုးပစ်လိုက်လေပြီ။မထင်မှတ်ထားတဲ့ဖြစ်ရပ်မို့ ကျူးယန့်လည်း
တအံတဩနဲ့.."လီလွင်.."
အသက်မဲ့သွားတဲ့ လူနှစ်ယောက်ကိုကြည့်ရင်း
"ငါတို့ မိစ္ဆာတွေ လူသတ်မိရင် ပြစ်မူမြောက်ပြီး မင်းတို့ လူတွေ မိစ္ဆာတွေကို သတ်တာကျတရားမျှတမူအတွက်တဲ့လား ရယ်စရာကောင်းလိုက်တာ"
"လူဖြစ်ဖြစ် မိစ္ဆာဖြစ်ဖြစ် သူ့နေရာနဲ့သူ လိုက်နာရမယ့် စည်းကမ်းဆိုတာရှိတယ်
မင်းဒီလိုအပြစ်မဲ့တဲ့ လူတွေကိုသတ်တာ
သေချာပေါက် ပစ်ဒဏ်စီရင်ခံရမယ်"အလင်းတွေဖြာထွက်နေတဲ့ တိမ်အလင်းဓားကိုကြည့်ပြီး အံကြိတ်လို့ရေရွတ်လာတယ်။
"တိမ်အလင်းဓား.. ကျွော်ယိချန်"
ဒေါသကြောင့်နီရဲလာတဲ့ မျက်ဝန်းတွေနဲ့
ကျွော်ယိချန်ကိုစူးစူးရဲရဲကြည့်ရင်း"ဘာအပြစ်မှမရှိတဲ့ အားအန့်ကို သတ်လိုက်တဲ့ မင်းကရော .."
"အားအန့်..?"
"သူကအခုမှမြေခွေးပေါက်လေးပဲရှိသေးတာ
ဘယ်သူ့ကိုမှအန္တရယ်မပေးနိုင်ဘူး ဒါပေမယ့်
မင်းကသူ့ကိုသတ်လိုက်တယ်"သူ့ဓားချက်အောက်မှာသေဆုံးသွားတဲ့
မြေခွေးမိစ္ဆာလေးအကြောင်းပြန်တွေးမိပြီး"သူက မင်းအတွက်တော့ အန္တရာယ်မပေးနိုင်တဲ့ မိစ္ဆာလေးပဲ ဒါပေမယ့် လူတွေအတွက်
တော့ အန္တရယ်များတဲ့ မိစ္ဆာတစ်ကောင်ပဲ"ရုတ်တရပ်ကျူးယန့်မေးလာတယ်။
"အန္တရာယ်များတာနဲ့ပဲ မင်းသူ့ကိုသတ်လိုက်တာလား လူကြီးမင်းကျွော်ယိချန်"
လီလွင်ဆီချိန်ရွယ်ထားတဲ့ ဓားကို
ကျူးယန့်ဆီရွယ်လိုက်ရင်း"လက်စသတ်တော့ မင်းတို့ တစ်ဖွဲ့တည်းပဲ"
ဘေးမှာဝိုင်းထားတဲ့ အစောင့်တပ်သားတွေထဲကတစ်ယောက်က ပြောလာတယ်။