စကားသံဆုံးသွားချိန်မှာတော့ ကျောက်ယွမ်ကျိုး မျက်နှာသိသိသာသာ ပျက်သွားပြီး
"လီလွင်.."
ကျွော်ယိချန်လည်း ကျောက်ယွမ်ကျိုးကို
လှည့်ကြည့်လိုက်မိတယ်။"ထပ်ပြီး လီလွင်ပဲလား.."
ခပ်ကြမ်း"တိုက်ခတ်လာတဲ့ လေကြောင့်
လက်ကိုဆန့်ပြီး ကျွော်ယိချန် မျက်နှာရှေ့
ကာပေးလိုက်ရင်း"လီလွင် မင်း ဘာမကောင်းတဲ့ အကွက်တွေ
သုံးနေပြန်တာလဲ"ရုတ်တရပ် ရယ်သံသဲ့သဲ့နဲ့ အတူ မြူတွေကြား
ထဲ အနက်ရောင်အရိပ်တစ်ခုမြင်လိုက်ရတယ်ခဏအကြာမှာတော့ အရိပ်ကလူအသွင်ပေါ်လာပြီး အနက်ရောင်ဝတ်ရုံနဲ့
လီလွင်က အပြုံးမမည်တဲ့ အပြုံးမျိုးနဲ့
ကျောက်ယွမ်ကျိုး နောက်က ကျွော်ယိချန်ကို စူးစူးရဲရဲစိုက်ကြည့်နေခဲ့တယ်။"ငါတကူးတကလာကြည့်တာ မင်းရဲ့ သူငယ်ချင်းအသစ်တွေက ဘယ်လိုလူတွေလဲဆိုတာ"
အကုန်လုံးအရှေ့ကို အာရုံစိုက်နေတုန်း
ကျွော်ယိချန်နောက်က ရှောင်ကျိုလေးက
မြူခိုးမိစ္ဆာ ဖမ်းဆွဲတာခံလိုက်ရပြီး"အားးးးး ရှောင်ကျွော်ကော!!!"
ကျွော်ယိချန်နဲ့ ယင်းလိန်လည်း ချက်ချင်းပြေးလိုက်သွားပြီး
"ရှောင်ကျို"
"ရှောင်ကျို""ရှောင်ကျွော်!"
ကျောက်ယွမ်ကျိုးပြေးလိုက်ဖို့ ရွယ်လိုက်ပေမယ့် မြူတွေကပိုများလာပြီး
ဘာကိုမှ မမြင်ရတော့ဘူးးနဂိုကဟိုဘက်မှာ ရပ်နေတဲ့လီလွင်ကလည်း
မြူတွေကြားပျောက်ကွယ်သွားပြီးး"ကျောက်ယွမ်ကျိုးး ငါနဲ့ သူ မင်းဘယ်သူ့ကို
ရွေးမှာလဲ"အံကိုကြိတ်ရင် ကျောက်ယွမ်ကျိုးပြောလာတယ်။
"လီလွင် မင်းသူ့ကိုထပ်ပြီး ထိခိုက်အောင်
လုပ်ရင် ငါမင်းကိုသတ်မယ်"လီလွင်ရဲ့ နာနာကျည်းကျည်းရယ်သံက
မြူတွေကြားပျံလွင့်လာပြီးး"ငါမင်းနဲ့အတူ နှစ်ပေါင်းများစွာ အတူရှိခဲ့တာ
အခုမှတွေ့တဲ့ လူတစ်ယောက်အတွက် နဲ့
မင်းက ငါ့ကို သတ်မယ်ပေါ့"