*မကောင်းတော့ဘူး*
ကျူးယန့်ချက်ချင်းထလိုက်ပြီး သံတိုင်တွေကိုကိုင်လိုက်တာကြောင့် အစောင့်တပ်သားလေးတွေလည်းလှည်ကြည့်လာတယ်။
"ဖွင့်"
မန္တန်ကိုရွတ်လိုက်တာနဲ့ တစ်ပြိုင်နက်
အကျဉ်းထောင်တံခါးက သံကြိုးတွေကပြေကျသွားပြီး တံခါးကလည်း ပွင့်သွားတယ်။အကျဉ်းထောင်ထဲကထွက်လာတဲ့ ကျူးယန့်ကိုမြင်တော့ အစောင့်တပ်သားလေးတွေက
ကြောက်လန့်တကြားနဲ့"လူကြီးမင်းဖန်းနဲ့ လူကြီးမင်းဝမ်တို့ကို
အမြန်အကြောင်းသွားကြား..""အိပ်မက်"
သာမာန်ဓားရှည်လေးတွေနဲ့ ပိတ်ရပ်နေတဲ့
အစောင့်တွေကို ဖြေရှင်းချက်ပေးဖို့
အာရုံမလာတာကြောင့် မန္တန်တစ်ခုရွတ်ပြီး
ထားခဲ့လိုက်တယ်။အလောတကြီးထွက်လာမိပြီး လူကြီးမင်းကျွော်ယိချန်ရဲ့ အခန်းက ဘယ်နားမှာလဲမေးဖို့မေ့ခဲ့ပြီ။
ရုတ်တရပ် ဆေးပစ္စည်းတွေနဲ့ အပြေးလာနေတဲ့ ရှောင်ကျိုကို တွေလိုက်တာကြောင့်
တားလိုက်ပြီး"ခဏနေဦး"
အရှိန်နဲ့ပြေးနေရင်းက အတားခံလိုက်ရတဲ့
ရှောင်ကျိုခများ မျက်နှာနဲ့ ကြမ်းပြင်နဲ့
မိတ်ဆက်ခါနီးလေး ကျူးယန့်ပြန်လှမ်းဆွဲထားလို့သာပေါ့။"ခင်ဗျား ဘယ်သူလဲ ကျွန်တော် အရေးကြီးနေတယ် ခင်ဗျားနဲ့ စကားပြောဖို့ အချိန်မရှိဘူး"
ခပ်မြန်မြန်ပြောလာတဲ့ ရှောင်ကျိုစကားကို
ကျူးယန့် မနည်းနားလည်အောင်နားထောင်လိုက်ရသည်။"မေးခွန်းတစ်ခုပဲ"
"ခင်ဗျားမြန်"မေး မေးစရာရှိတာအမြန်မမေးဘဲ ကျွန်တော်အချိန်မရပါဘူးဆို"
"ကောင်းပြီ လူကြီးမင်းကျွော်ယိချန်က
ဘယ်အဆောင် ဘယ်အခန်းမှာနေတာလဲ""ရှောင်ကျွော်ကောလား"
"အင်းး"
"ကျွန်တော်နဲ့လိုက်ခဲ့ မြန်မြန်"
ပြောပြီးတာနဲ့ ပြေးထွက်သွားတဲ့ ရှောင်ကျို
နောက်ကို ကျူးယန့်အမြန်လိုက်ရပြန်တယ်။