"ရှောင်ကျွော် ငါနင့်အတွက် မုန့်အချိုနည်း"
ယူလာပေးတယ်"ဝမ်ရှောင်းကပြောရင်း မုန့်ပန်းကန်နဲ့အတူ
အခန်းထဲဝင်လာတယ်။"ဒီလောက်နောက်ကျနေပြီ နင်မအိပ်သေးဘူးလား ဝမ်ရှောင်း"
ဝမ်ရှောင်းက သူ့ရှေ့ဝင်ထိုင်လာပြီး
မုန့်ပန်းကန်ကို စားပွဲပေါ်တင်ရင်း"တစ်ရေးနိုးတာ နင့်အခန်းက မီးလင်းနေတာတွေ့လို့ ငါနင့်ကိုလာကြည့်နေတာ..
ဘယ်လိုလဲ အိပ်မပျော်ဘူးလားး""တနေ့လုံးအိပ်ထားလို့ မအိပ်ချင်သေးဘူး"
ပြောရင်းမုန့်တစ်ခုကိုလှမ်းယူလိုက်တဲ့ လက်မှာ ဒဏ်ရာရှိနေတာမြင်တော့
"နင်ထပ်ပြီး လေ့ကျင့်နေပြန်ပြီလားး
သွေးသုံးပြီး..""မဟုတ်ပါဘူး ဒါ.."
"ရှောင်ကျွော် တကယ်လိုအပ်လို့မဟုတ်ရင်
နင့်ရဲ့သွေးကို ခဏခဏမသုံးနဲ့ နင့်ရဲ့ခန္ဓာကိုယ်က ခံနိုင်မှာမဟုတ်ဘူးး""ငါဘာမှမဖြစ်ပါဘူး ဝမ်ရှောင်း နင်..."
"ညကြီးအချိန်မတော် ယောက်ျားလေးတစ်ယောက် အခန်းထဲမှာ မိန်းခလေးတစ်ယောက်ရှိနေတာ သိပ်အဆင်မပြေဘူးလားလို့"
ကျွော်ယိချန်စကားမဆုံးခင် ဖြတ်ပြောလာတဲ့
စကားသံတစ်ခု။ကျွော်ယိချန်လှည့်ကြည့်လိုက်ပြီး
"ကျောက်ယွမ်ကျိုး..မင်း.."
ကျောက်ယွမ်ကျိုးကတော့ ပုံမှန်
မျက်နှာထားအတိုင်း ပြုံးပြလာတယ်။"ကျွန်မတို့ တူဝရီးနှစ်ယောက် စကားပြောနေတာ ဘာမှမသင့်တော်စရာအကြောင်းမရှိဘူး
ရှင်..ကျောက်ယွမ်ကျိုး ညကြီးအချိန်မတော်
ရှောင်ကျွော်အခန်းထဲ ခိုးကြောင်ခိုးဝှက်နဲ့
ဘာလာလုပ်တာလဲ""ကိုယ်လား.."
မျက်တောင်တွေ ပုတ်ခပ်ပုတ်ခပ်လုပ်ပြလာပြီး ကျွော်ယိချန်ဘက်ကို ကြည့်လိုက်ရင်း
"ညနေကတည်းက လူကြီးမင်းရှောင်ကျွော်ကြည့်ရတာ နေလို့မကောင်းသေးတဲ့ပုံပဲ
အခန်းမီးလည်းမပိတ်သေးတော့ တကူးတကလာကြည့်တာ"