ဝမ်ရှောင်းနဲ့ ဖေစီးကျင့်တို့ပြန်အလာကို
စောင့်နေရင်း သူ့မက်ခဲ့တဲ့အိပ်မက်ရှည်ထဲ
အကြောင်းအရာတွေကို ပြန်သတိရသွားတာကြောင့် ထလိုက်ရင်း"မကောင်းတော့ဘူး ငါတို့လိုက်သွားမှဖြစ်မယ် ရှောင်ကျို ယင်လိန် ဒီမှာစောင့်နေ
ကျောက်ယွမ်ကျိုး ငါနဲ့လိုက်ခဲ့""ဘာကမကောင်းတာလဲ ဘယ်ကိုသွားမလို့လဲ ရှောင်ကျွော်.."
ခန်းမဆောင်ရဲ့လှေကားထစ်တွေကို တက်ရင်း မေးလာတဲ့ ဝမ်ရှောင်းအသံ.
ကျွော်ယိချန်လှည့်ကြည့်လိုက်ပြီး ဝမ်ရှောင်းကိုမြင်တော့..
"ဝမ်ရှောင်း နင်ဘာမှမဖြစ်ဘူး မလား"
"မိစ္ဆာအသေးလေးတစ်ကောင်ပါပဲ
ဘာမှမဖြစ်ဘူး လူကြီးမင်းဖေလည်းရှိနေတာ
ဘာစိတ်ပူစရာရှိလို့လဲ""လူကြီးမင်းကျွော် စိတ်ချပါ ဝမ်ရှောင်းကို
ကျွန်မကာကွယ်ပေးနိုင်ပါတယ်"နောက်တော့ ဝမ်ရှောင်းနဲ့ ဖေစီးကျင့်တို့လည်း
သူတို့သွားကြည့်ခဲ့တဲ့ အမှုအကြောင်းအသေးစိတ် ပြောပြလိုက်တယ်။"မိစ္ဆာလေးကလူသတ်ချင်စိတ် မရှိပါဘူး
ဒါမဲ့သူက လောဘနည်း"ကြီးတယ်"ဝမ်ရှောင်းစကားသံကြားတော့ သက်ပြင်းဖွဖွချရင်း ကျောက်ယွမ်ကျိုး ပြောလာတယ်။
"ငါတို့ မြေရိုင်းလွင်ပြင်မှာ လူဘုံကလို
ပစ္စည်းစုံစုံလင်လင်မရှိဘူး ဒါကြောင့် လူဘုံက ပစ္စည်းမှန်သမျှ ငါတို့အတွက် တပ်မက်စရာကောင်းလွန်းတယ် တစ်ချို့က ကိုယ့်ကိုယ်ကို ထိန်းနိုင်ပေမယ့် အများစုကတော့
လိုချင်တပ်မက်မူကို မထိန်းချုပ်နိုင်ကြဘူး"အကုန်လုံးနားလည်တယ်ဆိုတဲ့ ပုံစံနဲ့ခေါင်းငြိမ့်ပြလာကြပြီး ရှောင်ကျိုမေးလာတယ်။
"ခင်များရော ကျောက်ယွမ်ကျိုး ခင်ဗျားရော
လိုချင်တာရှိဖူးလား"ရှောင်ကျိုကိုကြည့်ပြီး တည်"ငြိမ်ဘဲဖြေလာတယ်။
"ရှိတယ်..ငါတို့မိစ္စာတွေတင်မဟုတ်ဘူး လူတွေမှာလည်း တပ်မက်မူဆိုတာရှိတာပဲ."