အပိုင်း(1)

517 49 8
                                    

မိုးသည်းထန်စွာရွာနေသော ညနက်ချိန်တွင်ဖြစ်သည်ထျန်းသူပြည်နယ်၊ မိစ္ဆာများနှင့် သက်ဆိုင်သော အမဲလိုက်ဌာနကြီးအတွင်းသို့လူတစ်ယောက်ထီးတစ်ချောင်းဆောင်းကာဝင်ရောက်လာ၏သူသည်အနက်ရောင်ဝတ်စုံရှည်ကိုဝတ်ဆင်ထားပြီးအမဲလိုက်ငှာနအတွင်းသို့တစ်လှမ်းချင်းလျှောက်ဝင်လာပုံမှာဘာကိုမှဂရုမစိုက်ဟန်နှင့်

အမဲလိုက်ဌာန၏အစောင့်လည်းထိုသူပုံစံကိုသေချာအကဲခတ်ရင်းလှမ်းမေးလိုက်တယ်

''ဝင်လာတာဘယ်သူလည်းဒီလောက်ညနက်နေပြီကိုဘာကိစ္စရှိလို့လည်းအမှုအပ်ချင်ရင်မနက်မှစောစောလာခဲ့"

ထိုအခါဝင်လာတယ့်သူကအစောင့်ကိုတစ်ချက်လှမ်းကြည့်ရင်းနှုတ်ခမ်းတွန့်ရုံပြုံးလိုက်ပြီး

''ကျွန်တော်လူကြီးမင်းကျော်ယိချန်နဲ့တွေ့ချင်လို့လာခဲ့တာပါလူကြီးမင်းကျော်ယိချန်ကိုအကြောင်းကြားပေးနိုင်မလားမိစ္ဆာကြီးကျူးယန့်ကတွေ့ခွင်းတောင်းပါတယ်လို့"

အစောင့်မှာထိုစကားကိုကြားပြီးထိန့်လန့်သွားကာဌာနအတွင်းသို့အလျှင်အမြန်ပြေးဝင်သွားသည်မှာနောက်သို့ပင်လှည့်မကြည့်တော့ပေ

ကျူးယန့်လည်းတစ်ချက်ပြုံးလိုက်ရင်းနောက်ကနေလိုက်ဝင်သွားလိုက်တယ်အထည်းကိုရောက်တော့အစောင့်တပ်သားတွေအများအပြားပြေးထွက်လာပြီးသူ့ကိုဝိုင်းထားလိုက်ကြတယ်အစောင့်တွေသာထွက်လာပီးသူတွေ့ချင်တယ့်သူမပါတော့ခေါင်းကိုတစ်ချက်ရမ်းကာစိတ်ပျက်စွာဖြင့်

''မင်းတို့ကိုဘာမှမလုပ်ပါဖူးအဲ့လောက်မကြောက်ကြပါနဲ့ငါ့ကိုဖမ်းချင်ကြတယ်ဆိုလို့အေးဆေးလာဖမ်းခံတာပါမင်းတို့ရဲ့အကျဥ်းထောင်ကဘယ်မလည်းငါ့ကိုခေါ်သွားပါ"

ကျူးယန့်စကားကြားပီးအစောင့်တွေလည်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာအံ့သြနေကြတယ်ဒီမိစ္ဆာကအသက်ထောင်ချီရှိလာလို့ရူးများသွားတာလားသူကိုယ်တိုင်လာအဖမ်းခံနေပါလားဟူစိတ်ထည်းတွေးနေကြရင်းကျူးယန့်ကိုမဝံ့မရဲဖြင့်သံကြိူးများနှင့်ခတ်ကာအကျဥ်းထောင်ထည်းပို့လိုက်ကြတယ်

တစ်ဖက်တွင်လည်းကျော်ယိချန်တစ်ယောက်စာဖတ်ဆောင်တွင်မိစ္ဆာအမျိုးအစားများအကြောင်းရေးထားသောစာအုပ်ကိုဖတ်နေစဥ်အစောင့်တစ်ယောက်ကကြောက်လန့်တစ်ခြားဝင်လာကာစကားများပင်အထစ်အထစ်အငေါ့ငေါ့နှင့်

''လူကြီးမင်းကျော်ကျွန်တော်တို့ဌာနကိုမိစ္ဆာကြီးကျူးယန့်ဝင်လာပါတယ်လူကြီးမင်းကျော်နဲ့တွေ့ချင်တယ်လို့ပြောပါတယ်"

''ဘာပြောတယ်ဘယ်သူ"

''မိစ္ဆာကြီးကျူးယန့်ပါ"

ကြားလိုက်ရတယ့်နာမည်ကြောင့်တစ်ကိုယ်လုံးရှိသွေးများပင်ဆူပွက်လာသည်ဒီလူကိုသူရှာနေသည်မှာရှစ်နှစ်ပင်ရှိသည်ဖြစ်သည်ကျော်ယိချန်လည်းဘာမှဆက်မေးမနေတော့ဘဲတိမ်လွှာအလင်းဓားကိုကောက်ဆွဲကာပြေးထွက်လာလိုက်တယ်
လမ်းတွင်နောက်ထပ်အစောင့်တစ်ယောက်ကပြေးလာပြီး

''လူကြီးမင်းကျော်မိစ္ဆာကြီးကသူ့ဘာသာအဖမ်းခံပြီးခုအကျဥ်းထောင်ထည်းမှာပါ"

ကျော်ယိချန်ပို၍အံ့သြ သွားရသည်သူဒီလောက်လိုက်ရှာနေခဲ့စဥ်ကအရိပ်တောင်ရှာလို့မရခဲ့တယ့်မိစ္ဆာကခုသူ့ဘာသာလာအဖမ်းခံတယ်ပေါ့လေဒီကောက်ကျစ်တယ့်မိစ္တာဘာတွေကြံနေပြန်တာလည်း

ဇာတ်ကားထည်းကအကြောင်းအရာလေးတွေနဲ့ဘဲficလေးကိုဖန်တီးထားပါရှင့်ဖတ်ပေးကြပါဦးနော်😁😁

The Crossroads of heartsWhere stories live. Discover now