အပိုင်း(5)

288 50 12
                                    

ကျော်ယိချန်နှင့်ဝမ်ရှောင်းလည်းမိစ္ဆာဖမ်းရန်ထွက်ခဲ့လိုက်တော့တယ်

ယင်းလိန်နှင့်ဖေစီးကျင့်ကမိစ္ဆာကိုစောင့်ကြည့်နေရာမိစ္ဆာမသည်မြို့ထည်းကကုန်သည်သူဌေးကြီးဝမ်အိမ်သို့ရောက်နေကြောင်းသိရသည်

ကျော်ယိချန်တို့လည်းကုန်သည်ကြီးဝမ်အိမ်ရောက်တော့အိမ်တော်၏အပေါက်ဝတွင်ယင်းလိန်နှင့်ဖေစီးကျင့်တို့ကရပ်စောင့်နေကြတယ်

''ယို့..ကျော်သာ့ရမ်လည်းပါလာတာပါလားဝမ်ရှောင်းကိုစိတ်မချလို့လားဒီမှာလူကြီးမင်းဖေလည်းပါပါတယ်ဒါကသေးငယ်တယ့်မိစ္ဆာလေးပါ"

စပ်ဖြီးဖြီးနှင့်စသလိုပြောလာသောယင်းလိန်ကိုကျော်ယိချန်မျက်စောင်းတစ်ချက်နှင့်လှမ်းကြည့်လိုက်တယ်

''မစတော့ပါဖူး...မစတော့ပါဖူးကျွန်တော်အထည်းဝင်ဖို့တံခါးခေါက်လိုက်တော့မယ်နော်"

ယင်းလိန်လည်းပြောပြီးတံခါးကိုသာတစ်ဒုန်းဒုန်းနှင့်ထုလိုက်တော့သည်စိတ်ထည်းမှာလည်းလူကြီးမင်းကျော်ယိချန်တို့ဒီလိုရှက်တတ်ပုံနှင့်မိန်းမရပါတော့မလားဟုတွေးရင်းစိတ်ထည်းမှာသာကြိတ်ရယ်နေတော့သည်

တံခါးကိုသုံးလေးချက်ထုပြီးနောက်အစောင့်တစ်ယောက်တံခါးလာဖွင့်လေသည်

''ဒီကဧည့်သည်တွေကဘယ်ကများလည်းဘယ်သူနဲ့တွေ့ချင်လို့ပါလည်း"

''မိစ္ဆာအမဲလိုက်ဌာနကပါလူကြီးမင်းဝမ်နဲ့တွေ့ချင်လို့ပါ"

''သြော်မိစ္ဆာအမဲလိုက်ဌာနကလားဝင်ကြပါဝင်ကြပါကျွန်တော်လူကြီးမင်းကိုသွားအကြောင်းကြားလိုက်ပါ့မယ်ဧည့်ခန်းထည်းလိုက်ခဲ့ကြပါ"

ကျော်ယိချန်တို့လည်းအစောင့်ခေါ်တယ့်နောက်လိုက်ခဲ့ပြီးခန်းမထည်းကထိုင်စောင့်နေလိုက်တယ်

တစ်ဖက်တွင်သူဌေးကြီးဝမ်သည်သူ၏ဇနီးအသစ်စက်စက်လေးနှင့်ချစ်ကြည်နူးနေစဥ်အစောင့်ကလာရောက်အကြောင်းကြားသောကြောင့်ခန်းမထည်းသွားရန်ထလာလိုက်သည်သူ၏ဇန်ီးအသစ်​​​​လေးကတော့မလိုက်ချင်ဖူးအတင်းငြင်းနေသောကြောင်ထားခဲ့လိုက်ကာတစ်ယောက်ထည်းခန်းမဘက်ထွက်ခဲ့လိုက်တယ်

The Crossroads of heartsWhere stories live. Discover now