ကျော်ယိချန်အားကုန်တွန်း၍ရုန်းကန်လိုက်တာကြောင့်ကျူးယန့်လည်းနောက်သို့လည်းကျသွားတယ်ကျော်ယိချန်တိမ်လွှာဓားကိုအမြန်ပြေးကောက်ပီးလည်းကျနေသောကျူးယန့်လည်ပင်းကိုချိန်ရွယ်လိုက်တယ်
ကျူးယန့်လည်း
''ဒီတစ်ခါတော့မင်းလေးအိပ်စက်ရမယ့်အလှည့်ဘဲ...အိပ်မက်"
ကျူးယန့်ရွတ်လိုက်တာနှင့်ကျော်ယိချန်၏ခန္ဓာကိုယ်လေးဟာပြိုလဲကျသွားတယ်ကျူးယန့်လဲကျလာသောခန္ဓာကိုယ်လေးကိုထွေးဖက်ထားလိုက်ပြီးသူနမ်းထားလို့စိုပီးရဲနေသောနှုတ်ခမ်းပါးလေးကိုတစ်ချက်ပွတ်ဆွဲလိုက်တယ်
''မင်းကသိပ်ချစ်ဖို့ကောင်းတာဘဲ"
ထို့နောက်သူလည်းကျော်ယိချန်ခန္တာကိုယ်လေးကိုပွေ့ချီကာအကျဥ်းထောင်ကနေအိပ်ခန်းဆောင်ဆီကိုမေ့လဲနေသောအစောင့်တွေအကုန်လုံးကိုကျော်ဖြတ်ကာလျှောက်သွားလိုက်တယ်
တစ်နေရာဝင်တစ်နေရာထွက်နှင့်နောက်ဆုံးသူကျော်ယိချန်အိပ်ဆောင်ကိုရှာတွေ့ပီအိပ်ပျော်နေသောကောင်လေးကိုကုတင်ပေါ်ဖြည်းညှင်းစွာချပေးလိုက်တယ်ဆောင်လေးပါခြုံပေးလိုက်ပြီး
''ကောင်းကောင်းအိပ်လိုက်ဦးရှောင်ကျော်ညလည်းအရမ်းနက်နေပြီနောက်ရက်နေ့တိုင်းကိုယ်မင်းကိုလာတွေ့မှာပါကိုယ့်မှာအလုပ်တစ်ခုရသွားပီအဲ့ဒါကနေ့တိုင်းမင်းကိုလာရှာဖို့ရာဘဲနောက်တစ်ခါတွေ့ရင်နမ်းတာလေးနဲ့တင်မရပ်တော့ဖူးနော်"
ကျူးယန့်သူဘာသာပြောပြီးကိုယ့်အတွေးနှင့်ကိုယ်ပြူံးလိုက်တယ်ထို့နောက်ထီးဖွင့်ကာရွာသွန်းနေစဲဖြစ်တယ့်မိုးရေပေါက်တွေကြားထည်းကိုတိုးဝင်ကာလျှောက်သွားလိုက်တော့တယ်အိပ်ပျော်နေသောအစောင့်တွေကိုလည်းနှိူးခဲ့ဖို့သူမမေ့ပေ
''နိုးစေ"
အစောင့်တွေလည်း မေ့လည်းနေရာကနေနိုးလာပြီးအကျဥ်းထောင်ဆီလှမ်းကြည့်လိုက်တော့လာရောက်အဖမ်းခံသောမိစ္ဆာကြီးနှင့်လူကြီးမင်းကျော်ယိချန်တို့ကိူမတွေ့တော့ပေသူတို့နောက်ဆုံးမြင်လိုက်တာကတိုက်ခိုက်ကြတော့မည့်သူတို့နှစ်ဦးကိုပင်
YOU ARE READING
The Crossroads of hearts
Romanceကျူးယန့်ကျော်ယိချန်လီလွင်သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးပါလီလွင်က ကျူးယန့်နဲ့မဟုတ်ဘဲကျော်ယိချန်နဲ့ဘဲshipထားပါတယ်ကြိုက်မှဆက်ဖတ်ပါရှင့်💜💜