အပိုင်း(3)

433 55 10
                                    

''ကောင်းပြီကစားပွဲကဒီထိဘဲလူကြိီးမင်းကျော်ယိချန်လက်ထည်းကဓားကိုချထားလိုက်ပါ"

''မချဖူးမင်းဘာလုပ်မလည်းကျူးယန့်ဒီနေ့မင်းကိုငါသတ်ကိုသတ်ရမယ်"

''အိုက်ယားလူကြီးမင်းကျော်ယိချန်ကတစ်ကယ်ခေါင်းမာတာဘဲလက်ထည်းကဓားကိုမချရင်ဒီမှာရှိတယ့်သူတွေအကုန်သေရလိမ့်မယ်နော်ဘယ်လိုလည်းလူကြီးမင်းကျော်စမ်းကြည့်ချင်လား"

''မင်းလုပ်ရဲလားဒီမှာငါရှိနေသ၍မင်းအမဲလိုက်ဌာနကလူတွေကိူ​​နောက်တစ်​ကြိမ်ထပ်သတ်လို့မရစေရဖူး"

''ဟက်"

ကျူးယန့်လည်းသဘောကျစွာရီလိုက်ပြီးနောက်မန္တာန်တစ်ခုရွတ်လိုက်ရာသူ့ကိုချုပ်ထားသောသံကြိုးများပျက်ကျသွားပြီးနောက်ကိုတစ်ချက်ခုန်ထွက်လိုက်တယ်ပြီးနောက်လက်နှစ်ချောင်းပူးကာပါးစပ်နားကပ်ပြီမန္တာန်ထပ်ရွတ်လိုက်တယ်

''အိပ်မက်"

အပြင်မှာရှိတယ့်အစောင့်တွေအကုန်ဒူးထောက်ရက်လည်းကျသွားတယ်

ကျော်ယိချန်လည်းဘာလုပ်ရမှန်းမသိတစ်ချက်ကြောင်သွားပြီနောက်ကျူးယန့်ကိုတိမ်လွှာဓားနဲ့ဝင်ပိုင်းလိုက်တယ်ကျူးယန့်ကရှောင်ပီး

''တစ်ကယ်ကိုစကားနားမထောင်တယ့်အဆိုးလေးဘဲ"

ကျူးယန့်လည်းမန္တာန်တစ်ခုထပ်ရွတ်လိုက်တယ်အကျဥ်းထောင်ပြင်ဘက်မှာရှိတယ့်သူတစ်ယောက်ရုတ်တရက်သွေးအန်ပီးလည်းကျသွားတယ်

''ဘယ်လိုလည်းလူကြီးမင်းကျော်ယိချန်ကျွန်တော်နဲ့ဆော့ချင်သေးလားလက်ထည်းကဓားကိုလိမ်လိမ်မာမာနဲ့ချထားမလား"

ကျော်ယိချန်လည်းဒေါသအရမ်းထွက်သွားပြီးရှေ့ကလူကိုတိမ်လွှာဓားနဲ့အပိုင်းပိုင်းပြတ်အောင်ခုတ်ပစ်လိုက်ချင်ပေမယ့်အစောင့်တပ်သားတွေကိုထပ်မထိခိုက်စေချင်တာကြောင့်လက်ထည်းကတိမ်လွှာဓားကိုဘဲအောက်ကိုပစ်ချလိုက်တယ်

''ကျူးယန့်တစ်ချိန်ကျမင်းကိုငါ့လက်နဲ့သတ်ကိုသတ်မယ်"

ကျူးယန့်လည်းကျော်ယိချန်ဓားလွှတ်ချလိုက်သည်နှင့်အကျဥ်းထောင်တံခါးကိုပိတ်ပစ်လိုက်တယ်

ကျော်ယိချန်ထိတ်လန့်သွားပြီးကျူးယန့်၏လုပ်ရပ်ကိုနားမလည်ဖြစ်သွားတယ်စိတ်ထည်းမှာလည်းငါ့အကျဥ်းထောင်ထည်းမှာငါ့ကို​​ပြန်ပိတ်ချင်တာလားသူက​​ရောအကျဥ်းထောင်ထည်းကနေဘာလို့ထွက်မသွားတာလည်းသူဘာလုပ်ချင်နေတာလည်းလို့တွေးရင်း

''မင်းဘာလုပ်တာလည်း"

''လူကြီးမင်းကျော်ယိချန်ကိုကျွန်တော်လာရှာရတယ့်အကြောင်းအရင်းမှန်ကိုမပြောရသေးဖူးဘဲ...မဟုတ်မှလွှဲလူကြီးမင်းကျော်ယိချန်လည်းကျွန်တော်ကအသက်စွန့်ဖို့ကိုယ်တိုင်လာပြီးအဖမ်းခံတယ်လို့တစ်ကယ်ကြီးထင်နေတာတော့မဟုတ်ပါဖူးနော်"

''မင်းဘာပြောချင်တာလည်းပြောစရာရှိတာပြောဝေ့လည်ကြောင်ပတ်လုပ်မနေနဲ့"

''အင်း..ထျန်းသူပြည်နယ်တစ်ခွင်လုံးကျော်ယိချန်ကဘယ်လိုတော်ကြောင်းဘယ်လိုစွဲမက်စရာကောင်းကြောင်းဒီသတင်းတွေဘဲကြားနေရတော့မြင်ဖူးချင်စိတ်ပေါက်သွားလို့လာရှာလိုက်တာ လာလိုက်တာမှန်သွားတယ်လူကြီးမင်းကျော်ယိချန်ကတစ်ကယ်ကိုစွဲမက်စရာကောင်းတာဘဲ"

မိမိအားအနှောင့်အသွားမလွတ်သောရိသဲ့သဲ့စကားများပြောရင်းဖြည်းဖြည်းချင်းရှေ့တိုးလာသောကျူးယန့်​ကြောင့်ကျော်ယိချန်လည်းနောက်ဆုတ်ရင်းကျောနှင့်အကျဥ်းထောင်၏သံတိုင်တွေနှင့်ပင်ကပ်နေပြီဖြစ်သည်ထပ်ပြီးဆုတ်မရတော့

''မင်းအရှက်မရှိလိုက်တာဘယ်လိုစကားတွေလာပြောနေတာလည်းနောက်ကိုပြန်ဆုတ်စမ်း"

''အဟွန်း"

ကျူးယန့်ကျော်ယိချန်၏ရှက်နေတယ့်ပုံလေးကိုကြည့်ကာသဘောကျစွာရယ်လိုက်ပြီးလျှန်မြန်စွာပင်ရှေ့ဆက်တိုးသွားပီးကျော်ယိချန်၏လက်နှစ်ဖက်ကိုချုပ်ပစ်လိုက်တယ်

''မင်းဘာလုပ်တာလည်းငါ့ကိုလွှတ်စမ်းးအွန့်"

ရုတ်တရက်ကျရောက်လာသောကျူးယန့်၏နှုတ်ခမ်းတွေကြောင့်ကျော်ယိချန်စကားပင်ဆုံးအောင်မပြောလိုက်ရလိုချင်တပ်မက်မှု​​တွေအ​ပြည့်ပါနေသောမနူးညံ့သောအနမ်းအောက်မှာအသက်ရှူတွေကြပ်လာပြီး​ခြေထောက်တွေပင်မခိုင်ချင်တော့ဘဲခွေညွှတ်သွားမတတ်

မျှော်လင့်မထားတယ့်လုပ်ရက်ကြောင့်ထိတ်လန့်တာတွေရောရှက်ရွှံတာတွေရောစုပြုံလာကာအားကုန်သူံးပြီးကျူးယန့်ခန္တာကိုယ်ကိုတွန်းထုတ်လိုက်တယ်



Note
လီလွင်လေးကခုထိမပေါ်သေးဖူးနော်ပါမှာပါစိတ်ရှည်ရှည်နဲ့စောင့်ပေးကြပါဦးနော်
ဖတ်ပေးတယ့်တစ်ယောက်ချင်းစီလည်းကျေးဇူးတင်ပါတယ်စာအရေးအသားလိုအပ်ချက်များရှိရင်လည်းခွင့်လွှတ်ကြပါလို့😁😁

The Crossroads of heartsWhere stories live. Discover now