ကျူးယန့်လည်းသတိလစ်သွားသောကျော်ယိချန်၏ခန္ဓာကိုယ်လေးကိုသန့်ရှင်းရေးသေချာလုပ်ပေးပြီးစောင်လေးလည်းခြုံပေးထားလိုက်တယ်နိုးလာရင်လည်းခန္ဓာကိုယ်မှာနာကျင်မှူများရှိမနေအောင်မိစ္ဆာစွမ်းအားဖြင့်ကုသပေးလိုက်ပြီးမြို့ပြင်မှာရှိတယ့်သူ့ရဲ့အိမ်လေးဆီကိုပြန်ခဲ့လိုက်တော့တယ်
''ရှောင်ကျော်...ရှောင်ကျော်.အိပ်နေတာလား"
ပြင်ဘက်ကခေါ်သံတွေကြောင့်ကျော်ယိချန်တစ်ယောက်အိပ်ပျော်ရာကနေနိုးလာရသည်
''ဝမ်ရှောင်းလား ..ဝင်ခဲ့လေ...ငါနိုးပါပြီ.."
ဝမ်းရှောင်းလည်းအထည်းကကျော်ယိချန်ရဲ့အသံကိုကြားမှတံခါးလေးကိုတွန်းဖွင့်ကာဝင်သွားလိုက်တယ်
''ရှောင်ကျော်အနာကသက်သာလား..ဒီမှာယင်းလိန်ကကြက်သားဆန်ပြုတ် ပြုတ်ပေးလိုက်တယ်အားရှိအောင်စားလိုက်ဦးရှောင်ကျိုကလည်းဆေးကျိုထားတာထည့်ပေးလိုက်တယ်"
ကျော်ယိချန်လည်းဝမ်ရှောင်းကအနာသက်သာလားမေးမှသူနှင့်ကျူးယန့်၏အဖြစ်အပျက်များကိုပြန်သတိရသွားမိကာကျူးယန့်အပေါ်နာကျည်းစိတ်များပိုတိုးလာရသည်
စိတ်ထည်းမှာလည်း(ကျူးယန့်မင်းကိုငါ့လက်နဲ့သေချာပေါက်ဖမ်းပြီးမင်းရဲ့အောက်တန်းကျတယ့်လုပ်ရပ်တွေအတွက်သေချာပေါက်ပြန်ပေးဆပ်ခိုင်းမယ်)ဟုကြိမ်းဝါးနေမိသည်
ဝမ်ရှောင်းလည်းရုတ်တရက်မျက်နှာနှင့်နားရွက်များနီရဲလာသောရှောင်ကျော်ကိုကြည့်ကာ
''ရှောင်ကျော်နင်အနာရှိန်ကြောင့်ဖျားသွားတာလားမျက်နှာတွေနီရဲနေတာဘဲ မှန်းစမ်း.."
ရုတ်တရက်မိမိမျက်နှာနားနီးကပ်လာေသောဝမ်ရှောင်းနဲ့ နဖူးပေါ်သို့ကျရောက်လာသောဝမ်ရှောင်းလက်ကြောင့်ကျော်ယိချန်ခန္ဓာက်ိုတစ်ခုလုံးတောင့်ခဲသွားသလိူပင်နားကလည်းအပူငွေ့တွေတောင်ပိုထွက်လာသလိုပင်
ဝမ်ရှောင်း၏လက်ကိုမြန်မြန်တွန်းဖယ်လိုက်ပြီး
''အာ..ငါသက်သာနေပါပီအနာကလည်းရှောင်ကျိုဆေးစွမ်းကြောင့်မနာတော့ဖူး
ငါ....ငါ..ကိုယ်လက်သန့်စင်ဖို့သွားလိုက်ဦးမယ်ခဏနော်"ဝမ်ရှောင်းသူ၏လက်ကိုအတင်းတွန်းဖယ်ကာ ကုတင်ပေါ်ကဆင်းပြေးသွားသောရှောင်ကျော်ကိုကြည့်ကာ
''ဘာလည်းရှက်သွားပြန်တာလားငါအခုကိုယ့်ကိုကိုယ်မိန်းမပျိုလေးတစ်ယောက်ကိုအသားယူလိုက်တယ့်လူတစ်ယောက်လို့ခံစားလိုက်ရသလိုဘဲ"
ဝမ်ရှောင်းလည်းရှောင်ကျော်ကိုဆန်ပြုတ်နှင့်ဆေးသေချာသောက်ပြီးနားနားနေနေ နေဖို့မှာခဲ့ပြီးညလည်းနက်နေပြီဖြစ်သောကြောင့်မိမိအဆောင်ကိုပြန်ခဲ့လိုက်တော့တယ်
ခွင်းလွန်တောင်ခြေ၏တောအုပ်ထည်းတွင်လေကြမ်းများတိုက်ခတ်လျှက်ရှိသည်
တောအုပ်ထည်းမှာဘဲတည်ရှိတယ့်လှိုဏ်ဂူကြီးအတွင်းထည်းမှာသက်တမ်းကြာရှည်ပြီဖြစ်တယ့်တရုတ်စကားပန်းပင်ကြီးဟာလည်းနှစ်ပေါင်းတစ်ရာလောက်လှုပ်ရှားမှုမရှိခဲ့ရာကနေယခုတော့သူ၏တွဲလျောင်းကျနေသောအနွယ်အခက်တွေကစတင်လှုပ်ရှားလာလေသည်
သစ်ပင်ကြီး၏အနွယ်အခက်တွေကတစ်ကိုင်းနှင့်တစ်ကိုင်းရစ်ပတ်နေပြီးခဏအကြာမှာတော့လူတစ်ယောက်ပုံသဏ္ဍာန်ပေါ်လာတော့တယ်
''နှစ်ပေါင်းတစ်ရာကျင့်ကြံပြီးနောက်ဆုံးတော့လူသားရုပ်သွင်ပြန်ရခဲ့တယ့်အတွက်အရှင့်ကိုဂုဏ်ပြုပါတယ်"
အောက်ယင်းယခုမှနှိုးထလာသောအရှင့်ကိုဒူးထောက်ဂါရဝပြုလိုက်တယ်သူဒီနေရာကိုစောင့်ကြပ်နေခဲ့သည်မှာနှစ်တစ်ရာပင်ရှိပြီဖြစ်သည်နောက်ဆုံးတော့သူ၏အရှင်သည်သက်ရှိတစ်ယာက်အဖြစ်ပြန်လာနိုင်ခဲ့ပြီဖြစ်သည်
''အောက်ယင်း...မင်းဒီနေရာကိုသေချာစောင့်ကြပ်ပေးခဲ့လို့ပင်ပန်းသွားရပြီအခုငါတို့ရဲ့မိတ်ဆွေဟောင်းကြီးနဲ့တွေ့ဖို့အချိန်ကြပြီငါသူရဲ့သတင်းတွေအကုန်သိချင်တယ်"
''အောက်ယင်းအခုဘဲသူရဲ့သတင်းတွေကိုစတင်စုံစမ်းလိုက်ပါ့မယ်..အရှင်စိတ်ချပါ"
''ကောင်းပြီ...သူ့ကိုငါဒီနှစ်တစ်ရာအတွင်းခံစားခဲ့ရတာတွေကိူတစ်ခုချင်းတစ်ခုချင်းပြန်ပေးဆပ်ခိုင်းမယ်...ဟားးးဟားးးဟားး
ကျူးယန့်.....ငါပြန်လာပြီ"Note:
နည်းနည်းတိုသွားတယ်နော်😁😁
ဘယ်သူပေါ်လာတာလည်းသိကြလား😊
YOU ARE READING
The Crossroads of hearts
Romanceကျူးယန့်ကျော်ယိချန်လီလွင်သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးပါလီလွင်က ကျူးယန့်နဲ့မဟုတ်ဘဲကျော်ယိချန်နဲ့ဘဲshipထားပါတယ်ကြိုက်မှဆက်ဖတ်ပါရှင့်💜💜