''ရှောင်ကျိုကိုသွားခေါ်လိုက်ပါ.....လူကြီးမင်းရှောင်ကျော်ဒဏ်ရာရလာလို့မြန်မြန်လာခဲ့ပါလို့"
ဝမ်ရှာင်းဌာနပြန်ရောက်တာနှင့်ကျော်ယိချန်ကိုအခန်းထိပို့ရင်းရှောင်ကျိုကိုအခေါ်လွှတ်လိုက်တယ်ဒီကလေးကဆေးပညာမှာသာတစ်ဖက်ကမ်းခတ်တော်တာကြောက်တတ်တာကနှစ်ယောက်မရှိဒါကြောင့်မိစ္ဆာဖမ်းဖို့ဆိုခေါ်မသွားတာကများသည်
''လူကြီးမင်းရှောင်ကျော်...လူကြီးမင်းရှောင်ကျော်ကျွန်တော်လာပီခဏတောင့်ထားနော်..."
လူမမြင်ရသေးအသံအရင်ကြားနေရသောပိုင်ကျိုကြောင့်ဝမ်ရှောင်းပြုံးလိုက်တယ်ဒီကလေးကရှောင်ကျော်ပေါ်ဆိုသံယောဇဥ်ပိုလွန်းသည်ခုလည်းရှောင်ကျော်ဒဏ်ရာရလာသည်ဆိုတော့ခေါ်ခိုင်းလိုက်တာမှမကြာသေးတန်းရောက်လာသည်
''ရှောင်ကျိုဘယ်လိုဖြစ်လာတာလည်းဖြည်းဖြည်းလာပါဒဏ်ရာကအရမ်းမများပါဖူးမှောက်ရက်လည်းနေဦးမယ်"
ပျာယာခတ်စွာပြေးလာသောပိုင်ကျိုကိုကျော်ယိချန်ကလှမ်းပြောလိုက်တာဖြစ်တယ်
''မမဝမ်ရှောင်းဖယ်ဖယ်ကျွန်တော်ဒဏ်ရာကိုမြန်မြန်ကြည့်မှဖြစ်မယ်..ကျောမှာဖြစ်လာတာလားမမဝမ်ရှောင်းအပြင်ထွက်ပေးပါအပေါ်အဝတ်အစားချွတ်မှရမှာဆေးစည်းပေးရမယ်"
''ဟုတ်ပါပြီ...ရှောင်ကျော်အဲ့ဒါဆိုငါသွားလိုက်ဦးမယ်နော်ပြီးမှလာခဲ့တော့မယ်မြေခွေးမိစ္ဆာကိုဖမ်းမိပြီဆိုတာလည်း.မမဖေနဲ့အတူရှန်ဘုရင်ဆီအကြောင်းကြားစာပို့ရဥ်ီးမယ်နင်လည်းနားလိုက်ဦး"
''အွန်း"
ပိုင်ကျိုလည်းဆေးထည့်ပေးရန်ကျော်ယိချန်၏အပေါ်အင်္ကျီအားကူချွတ်ပေးလိုက်တယ်ဖြူဖွေးစွတ်နေသောအသားရည်လေးပေါ်မှာမြေခွေးမ၏လက်သည်းရာကမြင်မကောင်း
''ဒဏ်ရာကနည်းနည်းနက်တယ်ရှောင်ကျော်ကောဂရုစိုက်မှရမယ်သွေးထွက်လည်းများထားတယ်"
ရှောင်ကျိူကပြောရင်းဒဏ်ရာကိုဆေးသေချာထည့်ကာပိတ်စဖြင့်စီးနှောင်လိုက်တယ်
''ကဲဲ ဆေးထည့်လို့ပြီးပီဒါပေမယ့်သွေးတွေအများကြီးထွက်ထားလိူ့သွေးအားပြန်ပြည့်အောင်ဆေးသောက်မှရမယ်ကျွန်တော်ဆေးသွားကျိုလိုက်ဦးမယ်ပြန်လာခဲ့မယ်နော်ရှောင်ကျော်ကောအိပ်နေဦး"
YOU ARE READING
The Crossroads of hearts
Romanceကျူးယန့်ကျော်ယိချန်လီလွင်သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးပါလီလွင်က ကျူးယန့်နဲ့မဟုတ်ဘဲကျော်ယိချန်နဲ့ဘဲshipထားပါတယ်ကြိုက်မှဆက်ဖတ်ပါရှင့်💜💜