EP10

471 35 3
                                    

Unicode//

ဆူဆူပုပ်ပုပ်နဲ့ Gemini အနားကို ရောက်လာတဲ့ Fourth။
ပါးစပ်ကလည်း တစ်ခုခုကို ပြောလာလေသည်။

"ဘာဖြစ်လာတာတုန်း..."

"ဘာမှမဟုတ်ပါဘူး။ဒီအတိုင်း....မားနဲ့ ပါးရော.."

"ဟိုဘက်သွားတယ်။ ပျင်းနေပြီလာ..."

"ဟင်းအင်း...မပျင်းပါဘူး။ သောက်စရာရော စားစရာတွေပါ ရှိတယ်လေ။"

"အစားပုပ်လေ"

"ဟီး"

မကြာပါဘူး။သူတို့အနားကို Linက ရောက်လာပြီ  Geminiရဲ့
လက်မောင်းအား ဆွဲဖက်လိုက်တော့သည်။ Fourthတစ်ယောက် ဒေါသများထွက်သွားကာ Linကို စိုက်ကြည့်လိုက်တော့သည်။

"P'ရှင့်....Linနဲ့ ဟိုဘက်လိုက်ခဲ့ပါလာ။ မေမေနဲ့ ဖေဖေတို့က တွေ့ချင်လို့တဲ့"

"တွေ့တာကတော့ ရပါတယ်။ ဒါပေမဲ့ အခုတော့ လက်ကို လွှတ်လိုက်!!!"

"ဘာလို့လဲ....P' ကလည်း...."

Linရဲ့ စကားများနဲ့ အသံကို Fourthတစ်ယောက် မျက်စိ ဆံပင်မွှေးစူးလာတော့သည်။

"မသင့်တော်ဘူး!!"

Geminiရဲ့ လေသံမာမာဟာ ထွက်လာခဲ့တော့သည်။

"P'....!!"

"လူစကား နားမလည်တာလာ!!! မသင့်တော်ဘူးဆို မသင့်တော်ဘူးလေ!!!! မသိတာလာ!!"

"ဘာပြောတယ်!!"

"ဟုတ်တယ်လေ နားမလည်တာလာ။ နားမလည်ချင်ယောင်ဆောင်တာလာ!!"

"ယောက်ျားဖြစ်ပြီ ဘယ်လိုလာပြောနေတာလဲ!!"

"ငါဘယ်လို စကားပဲပြောပြော မင်းအပူပါလာ!! Sorry နော်....ငါ ယူမဲ့သူကလွဲရင် ကျန်တာကိုတော့ မရိုးသေပေနိုင်ဘူး။!!"

"ဘာ!!!"

"လာ Fourth ကိုယ့်တို့ ဟိုဘက်သွားကြမယ်။"

Geminiတစ်ယောက် Fourthကိုလည်း မရိုင်းစေချင်ဘူး။
သူကိုစော်ကားလာမှာကိုလည်း မလိုလာတာကြောင့် ပြောလိုက်တော့သည်။

လက်ကိုဆွဲ၍ Linနဲ့ ဝေးတဲ့နေရာကို ခေါ်လာလိုက်သည်။
သို့ပေမဲ့ အနောက်ကနေဆွဲရာကို ပါလာသော ပေါက်စရဲ့ မျက်နှာကို မကြည့်မိပေသည်။

Fourth Only Lover(GF)Where stories live. Discover now