EP1

786 7 0
                                        

Zawgyi//

Thai နိုင်ငံရဲ့ အကြီးဆုံးနဲ့ လူငည်များအပျော်ဆုံးနေရာဖြစ်တဲ့ Bar တစ်ခုတွင်...လူများဟာ ကြိတ်ကြိတ်တိုး
စည်းကာနေတော့သည်။ Dance floor တွင်လည်း ကခုန်ကြ....ပါလာသော မိန်းမ ယောက်ျားများနှင့်အတူ နမ်းရှိုက်ကြနှင်ပေ။
ထို့နေရာက အားလုံးအတွက် အပျော်ဆုံးနေရာနဲ့ အပန်ဖြေလို့ အကောင်းဆုံးနေရာဖြစ်နေတော့သည်။

ထို့အချိန် VVIP အခန်းတွင် ကောင်လေးတစ်စုကတော့ သောက်စားပြီ ပျော်မြူးနေကြတော့သည်။
ထို့အခန်းထဲတွင် မိန်းကလေးတစ်ယောက်မှ မရှိ၍ အားလုံးက တစ်ယောက်သောသူကို စောင့်နေကြသည့်
ပုံစံတွေနဲ့ပေ။ သောက်လိုက်ကလိုက်နဲ့ ဖြစ်နေသူတွေက အတော်ကို မူးနေကြပေမဲ့ ကောင်လေး နှစ်ယောက် သုံးယောက်ကတော့ ထို့အရက်ကို နည်းနည်း ချင်စီသာ သောက်နေတော့သည်။

ထို့အချိန် ခပ်မိုက်" ပုံစံနဲ့ ကောင်လေးတစ်ယောက်က ဝင်လာသည်နှင့် မှိုင်နေသော ကောင်လေးများက ထလာကာ သူ့အနားကိုရောက်သွားတော့သည်။

"ဟျောင့် Nattawat!! နောက်ကျတာကွာ...ငါတို့ စောင့်နေကြတာ။"

"အိမ်က နည်းနည်းထွက်လာတာ နောက်ကျလို့။ ရောက်ပြီမလာ။ သောက်ကျမယ် ကဲမယ်။"

<Fourth Nattawat Jirochtikul> ဆိုတဲ့အတိုင်း အမြဲအချိန်တိကျမှုမရှိ။
Thaiနိုင်ငံရဲ့ Top2 စာရင်းဝင်။ မိဘတွေရဲ့ အလိုလိုက်မှုကို ရထားတော့ ဆိုးခြင်းတိုင်းဆိုး လုပ်ခြင်းတိုင်လုပ်နဲ့လေ။
ရှာသမျှ ပြဿနာကို မိဘတွေက ရှင်းပေးရသည်။ အဆိုးလေးအဖြစ်မွေးဖွားလာတာလာလို့တောင်
ထင်ရသည့် တကယ်ပြဿနာအဆိုးလေးဖြစ်သည်။

>>>
At Night(23:00)

အရမ်းညဥ့်နက်နေပြီဖြစ်တဲ့အတွက် ကားလမ်းဟာ
ရှင်းလင်းနေခဲ့သည်။ ထို့ကြောင့် Fourth Nattawatလည်း ကားကို အရှိန်အများကြီး တင်၍ မောင်းလာခဲ့သည်။ အရှေ့မှာ မြင်လိုက်ရတာက
ကားအကောင်းစားကြီး တစ်စီးဖြစ်သည်။ စပ်စုခြင်းမိတာကြောင့် ကားရဲ့အရှိန်ကို လျှော့လိုက်ပြီ ဘေးကနေ
ဖြတ်မောင်းသွားလိုက်သည်။ အသေအချာမြင်လိုက်တာပေါ့။

ကားအရှေ့တွင် ခပ်မိုက်မိုက် မတ်တတ်ရပ်နေတဲ့သူကိုလေ။
အမှန်ပြောရင် ဒီလို့ဖြတ်မောင်းရင် သွားလိုက်တာတောင် ထို့လူရဲ့ မျက်နှာက တစ်ကယ်ကို ရှင်းပြီ
ချောလွန်နေသည်။ မီးရဲ့အလင်းရောင်ဟာလည်း အရမ်းလင်းနေတာမဟုတ်ပါဘူး။ မှိန်မှိန်လေးသာ။
ဒါပေမဲ့ ထို့လူရဲ့ မျက်နှာကို အသေအချာကို Fourthတို့ကတော့ မြင်လိုက်သည်လေ။

Fourth Only Lover(GF)Where stories live. Discover now