EP2

72 2 0
                                    

Zawgyi//

ဒီနေ့ဟာ Fourth Nattawat ရဲ့ ပထမဆုံးအလုပ်လုပ်ရမဲ့နေ့ဖြစ်သည်။ ညစာစားထဲက အဖေက ကြို၍တောင်မှာထားသေးသည်။ မနက်6နာရီ ထရန်ကိုလည်း
ပြောထားသေးသည်။ အဖေရဲ့ စကားကိုနားထောင်သော သားလေးသည် အခုထိမနိုးသေးပေ။

6နာရီဆိုတဲ့အချိန်က  Fourthအတွက်တော့ ညလိုပဲဖြစ်သည်။
အိမ်အောက်တွင်သူအား စောင့်နေသောအဖေက မဆင်းလာသေးတာကြောင့် အပေါ်ထပ် သို့တက်လာခဲ့တော့
သည်။ တံခါးဖွင့်ပြီ ဝင်သွားတော့ ကုတင်ပေါ်တွင်အတော်ကို
အိပ်မောကျနေသော သူရဲ့စကားကိုနားထောင်သော သားလိမ္မာလေး။

ကုတင်ဘေးတွင်ရှိသော ရေများထည့်ထားသော ခွက်လေးအား
ကိုင်ကာ Fourth ရဲ့ မျက်နှာကို ပတ်လိုက်သည်။ ထို့အချိန် အလန့်တကြားထလာတဲ့ Fourth Nattawat။

"မနက်မိုးလင်းနေပြီ မထနိုင်သေးဘူးလာ။ ညကပြောထားတာကိုရော
မှတ်မိသေးရဲ့လာဟမ်။"

"ပါး!!! ဘာကိုမှတ်မိရမှာလဲ။ ညက ပါးဘာပြောလို့လဲ။"

"ထိပ်ကို ခေါက်လိုက်ရ!!! သွား ရေမိုးချိုး ပြင်ပေးတဲ့ Suitတွေ ဝတ်ခဲ့။ နောက်မကျစေနဲ့နော်။"

"ဟွန့်!!!ပါးကလည်း!!"

"ဘာ ပါးကလည်း လဲ။ သွား ရေသွားချိုးတော့ ကြာနေရင်
ရေချိုးခန်းအထိပါ ဝင်လာမှာ။"

"ဟုတ်......."

ထို့နောက် Fourthတစ်ယောက် ရေချိုးခန်းထဲသို့ ဝင်လာခဲ့
တော့သည်။ အဖေဖြစ်သူကလည်း အိမ်အောက်သို့ပြန် ဆင်းလာခဲ့သည်၊

မိနစ်အနည်းငယ်ကြာပြီနောက် Fourthတစ်ယောက်
ဆူပုတ်၍ ဆင်းလာခဲ့သည်။

ဘယ်လို့များ ပြုံးနေနိုင်မှာလဲ။ ဒီအင်္ကျီကြီးက လွတ်လဲမလပ်ဘူး။
ငါပုံစံနဲ့လည်း မလိုက်ဖက်ဘူး။ အဲ့တာကို ပါးက ဘာလို့ ဝတ်ခိုင်းရတာလဲ။

"မနက်စာစား ပြီရင် သွားမယ်။"

"ဘာတွေ လောနေတာလည်း ပါး။ အေးဆေးပေါ့။"

"အချိန်ကို လေးစားရမယ်။ ပါး သင်ပေးထားတယ်လေ။
ကဲ!! စားမှးသာ စားစမ်းပါ။"

Fourthရော သူ့အဖေရောပါ ကားနှင့် Fourth အလုပ်လုပ်ရမဲ့ Company  ကြီးသို့ ထွက်လာခဲ့သည်။
အချိန်တစ်ခုကြာတော့ သူ့အလုပ်လုပ်ရမဲ့ Company  ကြီး
ရဲ့အရှေ့ကို ရောက်လို့နေပြီလေ။ ထို့Companyကြီးပြီအတော်ကို
မြင့်သည်။ ပြောရရင်တော့ ဘေးပတ်ဝန်းကျင်က အရာအားလုံးနဲ့ယှဉ်ရင်
ဤCompanyက အကြီးဆုံးဖြစ်သည်။ Fourthတစ်ယောက် အပေါ်ကို မော့ကြည့်လိုက်သည်။ ခနပဲရှိသေး မျက်လွှာကို ပြန်၍ ချလိုက်ရသည်။

Fourth Only Lover(GF)Where stories live. Discover now