Unicode//
ခိုင်းတဲ့အလုပ်ကို လုပ်ဖို့အတွက်ငါအောက် အထပ်ကိုဆင်းလာခဲ့လိုက်သည်။ မနေ့ကမှ ရန်ဖြစ်ထားတဲ့
မန်နေဂျာဆိုတဲ့ မိန်းမကြီးကိုတွေ့လိုက်ရသည်။ မမြင်ချင်ယောင်ဆောင်ပြီ ငါလုပ်ရမဲ့အလုပ်ကိုသာ သွားလုပ်ဖို့ လုပ်လိုက်သည်။"ဒီမှာ CEOက ပေးခိုင်းလိုက်တာ။"
"အော်အင်း။ မင်းက အသစ်ကောင်လေးလာ။??"
"ဟုတ်တယ်။ ပေးပြီပြီမို့ သွားလိုက်အုံးမယ်။"
စိတ်ရှုပ်စရာကောင်းတဲ့ရုပ်ကြီး။ ငါကို နှာဘူးလိုလိုကြည့်နေတာက
ပိုပြီတော့တောင် ရွံဖို့ကောင်းနေသေတယ်။>>>
Geminiတစ်ယောက် အလုပ်လုပ်နေချိန် မန်နေဂျာက
ဝင်လာပြီ စာရွက်စာတမ်းတွေအား လာပေးသည်။"CEO...ကျွန်မပြောစရာရှိလို့ပါ။"
"အင်း"
"အနေ့ကမှ အသစ်ရောက်လာတဲ့ ကောင်လေးက ကျွန်မစာရွက်ဘေး မိတ္တူဆွဲခိုင်းတာကို တစ်ခွန်းမကျန်
ပြန်ပြောသွားတယ်။""အဲ့တော့ ဘာလုပ်ပေးရမှလဲ။ ပြောထားမယ်။ သူ့ကငါရဲ့အတွင်းရေးမှူး။ ငါကလွဲရင်သူ့ကို ဘယ်သူမှခိုင်းခွင့်
မရှိဘူး။ အဲ့တာမှမဟုတ်ရင် အခုချက်ချင်း ကုမ္ပဏီကထွက်သွားလဲရတယ်။""ကျွန်မက အကြိုအကြောင်းပြောပြတာပါ။ မဟုတ်ရင် ကိစ္စတွေအများကြီး ဖြစ်လာမှဆိုလို့ပါ"
"မလိုဘူး။ ကိုယ့်အလုပ်ကိုပဲ သွားလုပ်!!"
"ဟုတ်ကဲ့ပါ"
မန်နေဂျာလည်း စိတ်ပျက်သလို့ ပုံစံနဲ့သာထွက်လာခဲ့သည်။
သူမ ထွက်လာသည်နှင့် Fourthနဲ့တည့်တည့်ကိုတိုးတာပဲ။
သို့ပေမဲ့ Fourthကတော့ မသိသလို့မမြင်သလိုပုံနဲ့သာ။စူပုပ်ပုပ်နဲ့ ဝင်လာတဲ့ ငါကို Geminiဆိုတဲ့ ဟိုလူကြီးက
ကြည့်နေလေသည်။ ဒါပေမဲ့ ငါကတော့ ထိုင်ခုံမှာသာ သွား၍ထိုင်လိုက်သည်။ အချိန်ခနတာအထိကို တိတ်ဆိတ်နေတယ်။မကြာပါဘူး။ ဟိုလူကြီးဘက်က စပြီစကားစလာတယ်လေ။
"Fourth...အပြင်ကိုလိုက်ခဲ့။ အလုပ်ကိစ္စရှိလို့။"
YOU ARE READING
Fourth Only Lover(GF)
Fanfictionခပ်ဆိုးဆိုးကောင်လေးဖြစ်တဲ့ နဲ့ ဆိုးသမျှကို သည်းခံပေးပြီး ရှယ်အလိုလိုက်တဲ့ တို့ရဲ့ ခက်ချိုချို အချစ်ဇာတ်လမ်းလေ။