EP3

459 46 3
                                    

Unicode//

Geminတစ်ယောက် အလုပ်ကိုအဆက်မပျက်လုပ်နေခဲ့သည်။
12နာရီထိုးနေတာတောင် နေ့လယ်စာ စားဖို့ကိုမေ့လျော့နေသည်။ သို့ပေမဲ့ သူ့ရဲ့အတွင်းရေးမှူးလေက ငြိမ်နေသောကြောင့်
စာပွဲခုံလေးအား လှမ်းကြည့်လိုက်သည်။ ဗိုက်လေးကို လက်လေးတစ်ဖက်နဲ့ ဖိထားပြီ။ ကျန်တစ်ဖက်ကို ခုံပေါ်တင်၍ အိပ်နေသည်။

နေ့လယ်စာ စားချိန်ဖြစ်တာတောင် ဒီလို့ကြီးနေနေတယ်။
ထို့ကြောင့် လှမ်းခေါ်လိုက်သည်။

"Fourth!!! Fourth!!"

သူအား မျက်နှာဆူပုတ်ပုတ်နဲ့ ကြည့်လာလေသည်။
ဘာဖြစ်မှန်းမသိတဲ့ Geminiကတော့ ကြောင်တောင်တောင်နဲ့ပေ။

"ဘာဖြစ်နေတာလဲ။ အစားမစားပဲလေ။"

"ဘာစားရမှာလဲလို့။ ဗိုက်လည်းဆာနေပြီ။ ခဗျာ့ကြီးကလည်း
အလုပ်ပဲလုပ်နေတာလေ။ ပြီတော့ စားစရာလည်းမရှိဘူး။!!"

"ဟမ်!!"

သူအား အော်၍ပြောလာသော ကောင်လေး။ မျက်နှာလေးကလည်း
ပိုပြီတော့ဆူပုတ်လာသည်။

ဒီကောင်လေးက ငါကိုပြန်အပြစ်တင်နေတာလာ။ ဘယ်လို့တောင်လဲ
ကောင်လေးရယ်။

"ဗိုက်ဆာရင် အောက်ထပ်မှာသွားဝယ်စားလေ။ ဘာလို့အိပ်နေတာလဲ။
ရေခဲသေတ္တာထဲမှာလဲ မုန့်တွေရှိတယ်လေ။ ယူစားပေါ့။"

"ဘယ်သိမလဲ။ ခဗျာ့ကြီးက ပြောမှမပြောထားတာ!!"

ဟမ်!!!ဒီကောင်လေးက ငါမှားတယ်လို့ပြောခြင်းနေတာလာ။

"ဟုတ်ပါပြီ ကောင်ဆိုးလေရယ်။ ဗိုက်ဆာပြီမလာ။
မုန့်စားခြင်းစား။ ဒါမှမဟုတ် မှာစားခြင်းရင်စား။"

"မုန့်ပဲစားမယ်။"

"အင်း"

Geminiလည်း ဆူပုတ်ပုတ်နဲ့ထွက်သွားတဲ့ ကောင်လေးအား
ခေါင်းခါ၍သာ ပြုံးနေမိတော့သည်။

>>>

ညနေ့ဘက်အလုပ်ဆင်းတဲ့အချိန်ကို ရောက်လာခဲ့တော့သည်။
ဒါပေမဲ့ ငါရဲ့အလုပ်တွေကတော့ မပြီးဆုံးသေးပေ။ တိတ်ဆိတ်နေဘာလာဆိုပြီ အဝေးနားမှာရှိတဲ့ ကောင်လေးရဲ့ ခုံကိုလှမ်းကြည့်လိုက်တော့ အိပ်ပျော်နေသည်။
အတော်ကို အိပ်နိုင်တဲ့ ကောင်လေးပဲ။ နာရီကိုကြည့်လိုက်တော့
7နာရီတောင် ထိုးတော့မည်ဖြစ်သည်။ ဒါကြောင့် ငါအလုပ်တွေကို ရပ်နားပြီ ကောင်လေးကို ခေါ်ဖို့ ငါထွက်လာလိုက်တယ်။

Fourth Only Lover(GF)Where stories live. Discover now