တည်ရှိမူ
19K 1.1K 38
(Za)
"မင်းကို ငါချစ်တယ် ဒိုဂျောင်ဆူး"
ခပ်ဩဩ သူ့ဆီမှ ထွက်ကျလာသည့် စကားသံကြောင့် စောစောက ဆူညံနေသည့် စကားသံများက မီးကိုရေနှင့်ငြိမ်းသတ်လိုက်သလို ငြိမ်သက်သွားသည်။ ကျွန်တော် သူ့စကားကြောင့် မီးပုံမှမီးတောက်များကြား မြင်နေရ သည့် သူ့မျက်ဝန်းကို အံ့ဩကာ စိုက်ကြည့်နေမိသည်။
ဒီကောင်ဘာလုပ်တာလဲ။
အခု ဘာလုပ်တာလဲ။
ကျွန်တော်တို့ ပြဇာတ်မေဂျာက စာမေးပွဲနောက်ဆုံးနေ့ဖြစ်လို့ စိတ်လက်ပေါ့ပါးအောင် ကျွန်တော်တို့ အခန်းထဲမှ သူငယ်ချင်းတစ်စု ကမ်းခြေသို့ ပျော်ပွဲစားထွက်လာကြသည်။
ပတ်ချန်ယော်။
သူကတော့ မေဂျာမတူပဲ နေရာတကာ ပါတတ်တာကြောင့် ကျွန်တော်တို့နှင့်အတူ ပါလာခြင်း ဖြစ်သည်။ အခုက ညပိုင်းမီးပုံပွဲလုပ်ကာ သူငယ်ချင်းများဝိုင်းထိုင်ပြီး အပြောတမ်းဂိမ်းလေးတစ်ခု ကစား ကြလေသည်။
"နောက်တစ်ကြိမ်ပြောကြည့်ကွာ"
ဝိုင်းထိုင်နေသည့် သူငယ်ချင်းတစ်ယောက်ဆီမှ ထွက်ကျလာသည့် စကားတစ်ခွန်း။ ကျွန်တော့် ဘေးတွင် ထိုင်နေသည့် ဂျုံအင်က သူ့ကို ကြည့်နေသည်ကို မျက်ဝန်းထောင့်မှ မြင်နေရသည်။ ထိုအတူ သူ့ဘေးတွင်ထိုင်နေသည့် ဘတ်ခ်ဟွန်းကလည်း သူ့ကို ကြည့်နေလေသည်။ သူကတော့ အခုထိ ကျွန်တော့်ကိုသာ စိုက်ကြည့်နေဆဲပင်ဖြစ်သည်။
ဂိမ်းဆော့ရာမှာ ရှုံး၍ မဲလိပ်နှိုက်ကာ ကျသည့် မဲလိပ်အတိုင်း လုပ်ရမည်ဖြစ်ရာ တစ်စုံတစ်ဦးကို ချစ်သည်ဟု ပြောရမည့် မဲလိပ်ကို နှိုက်မိသည့် ချန်ယော်က ချစ်တယ်ဟူသော စကားကို ကျွန်တော့်ကို ပြောလိမ့်မည်ဟု မထင်ခဲ့။ ကျွန်တော်မှ မဟုတ် မည်သူမှ မထင်ထားခဲ့။ ချောမောသည့် ကောင်မလေး များက သူ့စကားကို မျှော်လင့်နေသည့်အချိန်မှ သူပြောလိုက်သည်က ကျွန်တော်ကို ချစ်တယ်တဲ့။
ကဲ။ ကောင်းကြသေးရဲ့လားနော်။
" ဂျောင်ဆူး မင်းကို ငါချစ်တယ်"
ဟော်။
ထပ်ပြောပြန်ပြီ။
ရင်ခုန်သည်မျိုးမဟုတ်ပေမယ့် ဘာရယ်တော့မသိ သူ့စကားက ကျွန်တော့်စိတ်ကိုတော့ လှုပ်ရှားစေမိသလိုပင်။
လှိုက်ဖိုစေတာလား။
ဘာလားတော့ မသိ။ အမျိုးအမည်မသိသည့် ခံစားချက်က ရင်ထဲဖြစ်ပေါ်နေသည်။ ကျွန်တော် သူ့အား မျက်မှောင်ကျုတ်ပြီးသာ ကြည့်နေမိသည်။ ထူးဆန်းစွာကြည့်နေကြသည့် တစ်ချို့သော မျက်ဝန်းများက ကျွန်တော့်ကို ရှက်ရွံစေသည်။
ဘာလဲ။
ဒီကောင် ငါ့ကို မျက်နာပူအောင် စနောက်နေသည်လား။ ဘာလား။