ဂျူးလီယက် ထံသို့ (၂)
10.4K 767 118
(Z)
မျှော်လင့်မထားတဲ့ အချစ်တစ်ခုကို မင်း ရရှိခဲ့မယ်ဆိုရင် ဘာလုပ်မလဲ ဂျူးလီယက် ...။
မျှော်လင့်ချက်တွေနဲ့ အချစ်တွေက ထပ်တူမကျတဲ့အခါ အနာဂါတ်က အလိုလို ပျက်ပျယ်သွားတတ်တယ် ...။
အမှန်တော့ အချစ်ဆိုတာ အတ္တတွေကို တန်ဆာဆင်ထားတဲ့ ပန်းချီကားတစ်ချပ်လိုပဲ ....။ အသေအချာ ဘောင်ခတ်ထားကြပေမယ့် ကြည့်နေတဲ့ သူရဲ့ရင်ကို ခံစားရစေတယ် ...။
ဒါကြောင့် ... ငါ ဝန်ခံတယ် ...။
ငါ အတ္တကြီးခဲ့တယ် ...။
<><><><><><><><><><><><><><><><><><>
ကျွန်တော် ဖျော်ဖြေပွဲတစ်ခု၏ စတိတ်စင် အပြင်အဆင်ကို လှည့်ပတ်ကြည့်ရင်း လက်က နာရီကို တစ်ချက်တစ်ချက် ငုံ့ကြည့်နေမိသည် ။ နာရီလက်တံနှစ်ခုက နံပါတ်၁၂မှာ တည့်တည့်မတ်မတ်ရောက်ရှိနေသည် ။
" နေ့လည်စာ သွားစားကြရအောင် ဂျောင်ဆူး "
အနားက လုပ်ဖေါ်ကိုင်ဖက် များက လှမ်းအော်တော့ ကျွန်တော် လက်ထဲက ဖိုင်စာရွက်များကို သိမ်းရင်း ခေါင်းခါလိုက်သည် ။
" မလိုက်တော့ဘူးကွာ ။ မင်းတို့ပဲ သွားကြတော့ "
" ဘာလဲ ချိန်းထားတာ ရှိလို့လား "
ကျွန်တော် ဘာမှ မပြောပဲ သူတို့အား ပြုံးကာပြလိုက်သည် ။ ကျွန်တော့်၏ လိင်စိတ်ခံယူမူအပေါ် လုပ်ဖေါ်ကိုင်ဖက်အချို့က အနည်းငယ် ရိပ်မိပြီး သိကြသည့် အချိန်က အချို့ လုပ်ဖေါ်ကိုင်ဖက် ပါတနာများ အနည်းငယ် ဆုံးရှုံးသွားခဲ့ပေမယ့် ကျွန်တော့်ရဲ့ လုပ်ငန်းအပေါ် အာရုံစိုက် လုပ်ကိုင်နိုင်မှုနှင့် အလုပ်နှင့် ကိုယ်ရေးကိုယ်တာကို ခွဲခြားတတ်သည့် စရိုက်များကို သိမြင်လာသည့် အချို့ လုပ်ဖေါ်ကိုင်ဖက်များကတော့ အခုထိ ကျွန်တော်နှင့် အလုပ်အတူတူ တွဲလုပ်နေကြဆဲပင် ဖြစ်သည် ။
ဒါကို ကူးစက်ရောဂါကြီးသဖွယ် ဆက်ဆံကြသော လူအချို့အား ကျွန်တော် တွေ့ကြုံခဲ့ရပေမယ့် ကျွန်တော် ဘာမှ မတတ်နိုင်သည့် အရာတစ်ခုအတွက် ကျွန်တော် အပင်ပန်းမခံသင့်ကြောင်း တွေးမိ၍ ထိုကဲ့ရဲ့မှုများကို ကျွန်တော် မသိကျိုးကျွန် ပြုထားလိုက်သည် ။