အိပ်မက်တွေ ရှိခဲ့သည်။ သူနှင့် ပတ်သက်ပြီးပေါ့...။
မျှော်လင့်ချက်တွေ ထားခဲ့သည်။ သူနှင့် ပတ်သက်ပြီးပေါ့…။
သို့သော်…။
အချိန်တွေသာ နောက်ကြောင်းပြန်လည်ခွင့် ရှိခဲ့ရင်…။
လွန်ခဲ့သော သုံးနှစ်က အချိန်ကို ပြန်သွားမည်ဟု ကျွန်တော့်အား ထင်ကောင်းထင်နေကြလိမ့်မည်…။
ဟင့်အင်း…။
အချိန်တွေသာ နောက်ပြန်သွားခွင့်ရှိရင်…။
လွန်ခဲ့သော လေးနှစ်ကျော်အချိန်ကိုသာ ပြန်သွားချင်သည်…။
ကျွန်တော်နှင့် သူ့ကြား အသက်ဆယ့်ရှစ်နှစ်အရွယ် အထက်တန်းကျောင်းသား ပတ်ချန်ယော မဝင်ရောက်ခင် မိုးသည်းသည့်ညကို ကျွန်တော် ပြန်သွားချင်သည်…။
ဒါမှမဟုတ် …။
ထိုထိခိုက်မှုမှာတင် ကျွန်တော့် ဘဝကို အဆုံးသတ်ခဲ့ရမှာ…။
ဒါဆိုရင်…။
ကျွန်တော်တို့နှစ်ယောက်ကြား ဖေါက်ပြားခြင်းကင်းစွာ လှပသည့် အချစ်တစ်ခုကို ကျွန်တော် ကမ္မည်းတင်နိုင်မည်လား…။
ဂျောင်ဆူးရေ…။ မင်း မှန်ပါတယ်…။
ရိုမီယို …။ သူ အရမ်းချစ်တတ်လွန်းခဲ့တယ်…။
***************************************
နောက်တစ်ပိုင်းအတွက် ကြော်ငြာပါ။ ချန်ယောရဲ့ ခံစားမှုဘက်က ရေးမှာပါ။ ဒီတစ်ပါတ်အတွင်း ဒိတ်ပါမယ်လို့။ အော်သာ စိတ်ကောင်းဝင်နေရင်တော့ နောက်နှစ်ရက်အတွင်းပေါ့။ အိုကေ။
YOU ARE READING
Romanceသင် တွေးကြည့်ဖူးလား?..... ဂျူးလီးယက်သာ ရိုမီယိုကို မချစ်ခဲ့ရင်..... ဒါမှမဟုတ်..... ရိုမီယို ချစ်ခဲ့သူက ဂျူးလီးယက် မဟုတ်ခဲ့ရင်..... သူတို့ အချစ်က ကမ္ဘာကျော်ပါ့မလားလို့..... chanyeol - kyungsoo (Zaw/Uni)