ဂျူးလိယက်ထံသို့ (နောက်ဆုံးပေးစာ)
6.5K 692 145
(Z)
အချစ်ဆိုတာ ဘာလဲလို့ ငါမေးရင် မင်းဘယ်လိုဖြေမလဲ ဂျူးလီယက် ။
မင်းတို့ဟာ အချစ်သူရဲကောင်းကြီးတွေဆိုပြီး ဂုဏ်ယူဝင့်ကြွားနေမလား ။
ဒါမှမဟုတ် ပျော်ရွှင်ဖွယ်အဆုံးသတ်မဟုတ်လို့ နောင်တတွေနဲ့ ကြေကွဲနေမလား ။
ငါကတော့ ငါ့အတွက် အချစ်ဆိုတာ သူ့ရဲ့ ပျော်ရွှင်မှု ဖြစ်ပြီး ငါ့အတွက် ပျော်ရွှင်မှုကလည်း သူ့ရဲ့အချစ်ပဲ ဂျူးလီယက် ။
ဒါကြောင့် ဒါဟာ အရှုံးတစ်ခုဆိုတောင် ငါ လှလှပပ ရှုံးနိုမ့်ပေးလိုက်မယ် ဂျူးလီယက် ။
&&&&&&&&&&&&&&&&&&&&&&&&&&&&
" ခေါင်းတွေဘာတွေရော ကိုက်ခဲသေးလား "
ဆရာဝန်၏ အမေးစကားကို ကျွန်တော် ခေါင်းခါပြလိုက်သည် ။ ကျွန်တော့်ဘေးတွင် ထိုင်နေသော သူ့ဆီက သေချာရဲ့လားဆိုသည့် စိုးရိမ်မှုအပြည့်နှင့် အကြည့်လေးတွေကို ကျွန်တော် မြင်တော့ ကျွန်တော် သူ့လက်ဖဝါးကို တင်းတင်းဆုပ်ကိုင်ထားလိုက်သည် ။ ဒါပေမယ့် ထိုမျက်ဝန်းဝိုင်းဝိုင်းလေးထဲက စိုးရိမ်မှုအရည်လဲ့လဲ့လေးက မပျောက်ကွယ်သေးချေ ။ ထိုအရာက ကျွန်တော့်အား နာကျင်စေပြန်သည်။
" ငါ တကယ် သက်သာနေတာပါဟ "
အခုထိ မယုံကြည်ရဲသေးသလို သူ့ ပုံစံလေး ။ ဘယ်အချိန်ကတည်းက သူ့ဆီမှာ ကျွန်တော့်အတွက် ဤမျှလောက် စိုးရိမ်ပူပန်ခြင်းတွေ ရှိလာခဲ့သည်လဲ ကျွန်တော် သေသေချာချာသဲသဲကွဲကွဲ မမှတ်မိတော့ပါ ။ ဒါပေမယ့် ကျွန်တော့်အတွက်ဆိုသည့် အသိနှင့်တင် ကျွန်တော် နွေးထွေးကြည်နူးမိသည် ။ ကျွန်တော့် လက်ဖဝါးထဲ နစ်မြုပ်နေသည့် သူ့လက်သေးသေးအိအိလေး၏ အထိအတွေ့နှင့်ပင် အရာရာဟာ ကျွန်တော့်အတွက် ပြည့်စုံသွားစေသလို ခံစားမိစေသည် ။
" သူ တကယ်သက်သာလို့နေမှာ ဂျောင်ဆူးရှီ "
မနေနိုင်သည့် ဆရာဝန်ကတောင် သူ့အား ဝင်ရောက်ပြန်ဖြေပေးမှ သူ သက်ပြင်းချနိုင်သည်ထင် ။ ဆရာဝန်က ဆေးစာအုပ်ထဲ မှတ်တမ်းများကို ချရေးရင်း ကျွန်တော့်ကို ကြည့်လာသည် ။
" ဆရာဆူဟိုနဲ့တော့ အပတ်တိုင်း ဆွေးနွေးလေ့ကျင့်မှုတွေ လုပ်တယ်မလား  ချန်ယောလ်"