(Za)
" ညက ငါတို့ အတူတူ အိပ်တာလေ ..."ကျွန်တော့်ဘေး ဝင်ထိုင်ပြီး ပြောလိုက်သည့် သူ့ စကားကြောင့် ကျွန်တော် အနည်းငယ်တော့ မျက်နာပူမိသလိုပင် ... ဧည့်ခန်းထဲမှ ထိုင်နေသော ကျွန်တော်နှင့် မျက်နာချင်းဆိုင်မှ kai ရဲ့ အကြည့်ကလည်း ကျွန်တော့်ကို အနည်းငယ်တော့လည်း နေရခက်စေပြန်သည် ... သူကတော့ အေးဆေးတည်ငြိမ်လျှက်...
" woooo!!! Yeollie အက်ႋမဟုတ္လား ..."
ထမင်းစား စားပွဲပေါ်က ရေဗူးကို ယူသောက်ရင်း ပြောလာသည့် baekhyun ရဲ့ ခပ်ကျယ်ကျယ် စကားသံအဆုံး ... ကျွန်တော် အလိုလို ဘေးတွင်ထိုင်နေသော သူ့ကို အကြည့်ရောက်သွားပြန်သည်... သူကတော့ ပြုံးလျှက်ပင် baekhyun ကို ခေါင်းညိမ့်ပြလိုက်သည်... ကျွန်တော်ကတော့ kai ရဲ့ ခပ်စူးစူးအကြည့်နှင့် သူ့ရဲ့ ခပ်ပြုံးပြုံး အကြည့်ကြား အသက်ရှုကျပ်လာသလို... စိတ်ထဲ ကျွန်တော့် အင်္ကျိကို ဖြဲပစ်သည့်ကို သူ့ကို ကျိန်ဆဲနေမိသည်...အကျင့်မကောင်းတဲ့ park chanyeol... ရေသောက်ပြီး baekhyun က ကျွန်တော့်နား ရောက်လာပြီး ကျွန်တော့် လက်မောင်းကို ဆွဲကာ ...
" မတ်တပ်ရပ်ကြည့် ..."
" ဟမ်!..."
ကျွန်တော် ကြောင်တောင်တောင်နှင့် မတ်တပ်ရပ်မိသည်... baekhyun က ကျွန်တော့်ကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး ...
" ငါ လည်း မင်းလို ဝတ်ရင် လှမလား မသိဘူး ... yeollie ...ငါ့ ကိုလည်း အဲ့လို ဝတ်ခိုင်း ... "
" yaaa!! baekkie ... ဘာလုပ်တာလဲ ..."
ကျွန်တော့်ကို ကြည့်ပြီး အခန်းထဲ ပြေးဝင်သွားသည့် baekhyun နောက်ကို သူက ပြေးလေးလိုက်သွားသည်... ကျွန်တော် သူတို့ နှစ်ယောက်ကို ကြောင်ပြီး ကြည့်နေမိသည်... ပြီးတော့ အလိုလို ကျွန်တော့် ကိုယ် ကျွန်တော် ပြန်ငုံ့ပြီးကြည့်နေမိသည်... ဘယ်နားမှာ ကြည့်လို့ကောင်းနေတာလဲ... ပေါင်လယ်လောက်ရောက်နေသည့် သူ့ရဲ့ ရှပ်အင်္ကျီအဖြူရောင်က ကျွန်တော့်ရဲ့ ဖြူဖွေးနေသည့် အသားအရောင်ကို မှိန်ဖျော့နေသလို... ကျွန်တော်က kai လို ညိုစိပ်စိပ်အသားအရောင်မျိုးကို လိုချင်သူလေ ... အင်္ကျီအောက်က ထွက်လာသည့် ခြေထောက်သွယ်သွယ်က ဖြူဝင်းပြီး သန့်ရှင်းနေသည်ဆိုပေမယ့် အနည်းဆုံးတော့ ယောကျာင်္းတစ်ယောက်ဖြစ်ပြီး ခြေသလုံးမွှေးတောင် မရှိသည့် အနေအထားကိုလည်း သိပ်သဘောမကျချင်... ဒါကြောင့် ဘယ်လောက်ပင် ရာသီဥတု ပူအိုက်နေပါစေ ဘောင်းဘီတိုဝတ်ဖို့ ကျွန်တော် စိတ်မကူးခဲ့... kai ရှေ့တောင် ကျွန်တော် ဘောင်းဘီတိုနှင့် မနေခဲ့... အခုတော့...
YOU ARE READING
Romanceသင် တွေးကြည့်ဖူးလား?..... ဂျူးလီးယက်သာ ရိုမီယိုကို မချစ်ခဲ့ရင်..... ဒါမှမဟုတ်..... ရိုမီယို ချစ်ခဲ့သူက ဂျူးလီးယက် မဟုတ်ခဲ့ရင်..... သူတို့ အချစ်က ကမ္ဘာကျော်ပါ့မလားလို့..... chanyeol - kyungsoo (Zaw/Uni)