မေးခွန်း: ဆရာတပည့်ချစ်ခြင်းကို သင်ဘယ်လိုမြင်ပါသလဲ?
အဖြေများ 231ခု
>အမည်မသိအသုံးပြုသူ
ကျွန်တော့်ဇာတ်ကြောင်းက တော်တော်လေးကို အငြင်းပွားဖွယ်ရာကောင်းတယ်။ဒါ့ကြောင့်မလို့ လေးလေးနက်နက်မတွေးကြဘဲနဲ့ ည ညကျွန်တော်လုပ်စရာမရှိလို့ အားအားယားယားရေးထားတဲ့ ဝတ္ထုတစ်ပုဒ်လို့ပဲ သဘောထားပေးကြပါဗျ။
အရှင်းဆုံးပြောရရင် ဆရာ-တပည့်ချစ်ခြင်းက ကိစ္စကြီးတစ်ရပ်မဟုတ်ပေဘူးလား?မင်းတို့ထဲက တစ်ယောက်ယောက်ကများ မင်းတို့ဥက္ကဌနဲ့ ချိန်းတွေ့ဖို့ မကြိုးစားကြဖူးဘူးလား?
ကောင်းပြီ။အစကနေစလိုက်ကြရအောင်။
ငါနဲ့အဲ့ဒီလူနဲ့ ဆုံဆည်းတဲ့ဖြစ်ရပ်ကြီးက အတော်လေးကို့ရို့ကားယားနိုင်တယ်။ မသိရင်ငါက အယူသည်းမှုတွေကို ဖြန့်နေသလိုထင်ရတာမို့ အသေးစိတ်ကျကျတော့ မပြောတော့ပါဘူး။ အတိုချုံးပြောရရင် ပထမဆုံးအကြိမ်ငါသူ့ကိုမြင်ဖူးတာက တက္ကသိုလ်ရင်ပြင်မှာလေ။
အဲ့ဒီအချိန်တုန်းက တစ်ယောက်ယောက်က ငါ့နောက်ကနေပြီး ''မင်း 'သုံးနှစ်မြောက်နဲ့ငါးနှစ်မြောက်တက္ကသိုလ်ဝင်ခွင့်လေ့ကျင့်ခန်းစာအုပ်'ကို လုပ်ပြီးပြီးလား?''လို့မေးတာကို ကြားခဲ့တာ။ အထက်တန်းကျောင်းသားအများစုကတော့ ဒီစာအုပ်အစုံလိုက်ကို သိကြလိမ့်မယ်ထင်ပါတယ်။ အဲ့အချိန်မှာတော့ ကျွန်တော်က လန့်သွားပြီး ပုံသဏ္ဍန်ကောင်းကောင်း (နောက်မှကျွန်တော်သိလိုက်ရတာက သူအဝတ်အစားချွတ်လိုက်တဲ့အခါ မြင်ရတဲ့သူ့ကြွက်သားတွေက ကျွန်တော့်ထက်တောင် ပိုကြီးတယ်ဆိုတာပဲ) အနောက်တိုင်းဝတ်စုံနဲ့ လည်စည်းဝတ်ထားတဲ့ ကြည့်ကောင်းလှတဲ့ သက်လတ်ပိုင်း(အမှားခြစ်) လူကြီးတစ်ယောက်က အဲ့ဒီနေရာမှာ ရပ်နေတာကို တွေ့လိုက်ရတယ်။
ကျွန်တော်တို့အရင်က အဆက်အသွယ်ရှိဖူးပေမယ့် လူချင်းတော့တစ်ခါမှမတွေ့ဖူးကြဘူးလေ။ပုံမှန်ကျွန်တော့်စိတ်ကူးထဲမှာတော့သူက ဆူညံပူညံလုပ်တတ်တဲ့နှုတ်သီးကောင်းလျှာပါး ကျောင်းအုပ်ဖြစ်မယ်လို့ထင်ခဲ့တာ။သူက အရပ်ရှည်ပြီးချောမောလှတဲ့ကောင်လေးတစ်ယောက်ဖြစ်မယ်လို့ ဘယ်သုကများကြိုသိပါ့မလဲနော်?
YOU ARE READING
ကျွန်တော် သရဲနဲ့ကြုံခဲ့ရတယ်
Espiritualရှောင်းလင် ကျောင်းကိုသွားတဲ့လမ်းမှာ ကားမတော်တဆမှုတစ်ခုနဲ့ ကြုံတွေ့ခဲ့ရတယ်။ အဲ့ဒီညမှာပဲ သူ့အခန်းထဲမှာ သရဲတစ်ကောင်ကို တွေ့လိုက်ရသတဲ့။
