ရှောင်းလင်ရဲ့မိဘတွေက အရမ်းအလုပ်များတဲ့သူတွေမို့လို့ အိမ်မှာမရှိသလောက်ဘဲ။သူတို့ဌားထားတဲ့ ထမင်းချက်ကြီးက အစားအသောက်ချက်ပြုတ်ပြင်ဆင်ပေးပြီးတာနဲ့ အိမ်ပြန်သွားရော။
သူ့မှာ ယန်ချီစုပ်ယူခံလိုစိတ်မရှိကြောင်း
ပြသရန်အတွက် ရှောင်းလင်က တနေ့လုံးတညနေလုံးကိုစာလုပ်ရင်းကုန်ဆုံးသွားလို့ ညစာစားဖို့တောင် မေ့သွားတယ်။သရဲတစ်ကောင်အနေနဲ့ သရဲက အစာစားဖို့မလိုအပ်ဘူး။သူ့ရဲ့ကမ္ဘာမှာ နေ့ညဆိုတာတောင် မရှိဘူး။သူပြောသမျှစကားတိုင်းကို ကြားရပြီး သူ့အနားမှာ တချိန်လုံးရှိနေတဲ့ ရှောင်းလင်ပဲ ရှိတာလေ။
''ဘယ်တက္ကသိုလ်ကို တက်မယ်လို့ မင်းဆုံးဖြတ်ထားလဲ?'' သရဲက ရှောင်းလင်ကို မေးလာခဲ့သည်။
ရှောင်းလင်က သူ့အရှေ့က မေးခွန်းပင်လယ်တွေဆီကနေ စိတ်အာရုံပြန့်လွင့်နေတုန်း သူ့အစာအိမ်က တကျုတ်ကျုတ် မြည်လာခဲ့တယ်လေ။
သူ့ခေါင်းကုတ်လိုက်ရင်း ပြောလိုက်တယ်။
''ကျွန်တော်အရင်က လေယာဥ်မောင်းချင်ခဲ့တာဗျ။
နောက်တော့ ကျွန်တော်က သူတို့ရဲ့ကိုယ်လုံးကိုယ်ထည် စံချိန်ကိုတောင် မမှီနိုင်လောက်ဘူးလေ။ ပြီးတော့ အမြင့်လည်း ကြောက်တတ်သေးတယ်။ သမိုင်း ဒါမှမဟုတ် ရှေးဟောင်းသုတေသန ကိုပဲ လေ့လာနိုင်လောက်တယ်''သရဲ,''ဒါဆိုလည်း Tတက္ကသိုလ်ဝင်ခွင့် ဖြေလို့ရတယ်''
ရှောင်းလင်းက သန်းဝေလိုက်ရင်း သာမာန်ကာလျှံကာနဲ့
''ကောင်းပါပြီ''လို့ ဖြေလိုက်၏။အဆုံးမတော့ သူ့ရဲ့သိချင်စိတ်ကို မချုပ်တည်းထားနိုင်တော့ဘဲ အမေးရှိလိုက်တယ်။
''ခင်ဗျားက အတိတ်မေ့နေတာ မဟုတ်ဘူးလား?
ဘယ်လိုလုပ်Tတက္ကသိုလ်ရဲ့ ဂုဏ်သတင်းကျော်ဇောမှုကြီးကို သိနေရတာလဲ?''သရဲ ပြန်ပြောလာသည်။''ကိုယ်မသိဘူး။ရုတ်တရက်သတိရလိုက်တာပဲ။ကိုယ် အဲ့ကျောင်းကနေဘွဲ့ရခဲ့တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့''
ရှောင်းလင်းက သူ့ရဲ့ဂုဏ်ထင်ကြီးနေမှုကို ချိုးနှိမ်ပစ်လိုက်ဖို့ တွန့်ဆုတ်မနေဘူး။
![](https://img.wattpad.com/cover/359986411-288-k680126.jpg)
YOU ARE READING
ကျွန်တော် သရဲနဲ့ကြုံခဲ့ရတယ်
Spiritualရှောင်းလင် ကျောင်းကိုသွားတဲ့လမ်းမှာ ကားမတော်တဆမှုတစ်ခုနဲ့ ကြုံတွေ့ခဲ့ရတယ်။ အဲ့ဒီညမှာပဲ သူ့အခန်းထဲမှာ သရဲတစ်ကောင်ကို တွေ့လိုက်ရသတဲ့။