မျက်လုံးတွေကိုဖွင့်ဖွင့်ချင်းမှာ ညက အကြောင်းကို ကျွန်တော် ပြန်တွေးနေမိသည်. စိတ်ပေါက်ပေါက်နဲ့ အရက်မော့လိုက်တာ ၄ ခွက်လောက်နဲ့ မူးပြီးမှောက်သွားတော့ အိမ်ကို Taemin ပဲ ပြန်လိုက်ပို့သည်ထင်သည်.
အိမ်ရောက်တော့ ?
ရုတ်တရက် ကျွန်တော် ပြုံးမိသွားသည်. ညက Hyung နဲ့ အတူအိပ်လိုက်ရတာပဲ.
:) :) :)
Hyung စိတ်ထဲမှာ ကျွန်တော်ရှိနေသေးတယ်ဆိုတဲ့ အတွေးက မူးနောက်နောက်ဖြစ်နေတဲ့ အာရုံလေးကိုတောင် ကြည်လင်သွားစေသည်.
အိပ်ရာထဲကထ ရေမိုးချိုးပြီး အပြင်ထွက်လာတော့ Hyung က ရှိမနေတော့. မီးဖိုခန်းထဲက စားပွဲပေါ်မှာတော့ Hyung ပြင်ပေးခဲ့တဲ့ မနက်စာ.
:)
'' Hyung ရယ် ကျွန်တော့်ကို ပစ်မထားဘဲ အိမ်ကို ခဏခဏပြန်လာခဲ့ပါလား. ''
ကျွန်တော့်စကားသံတွေကို Hyung ကြားဖို့ ဆုတောင်းမိသည်.
ဒါပေမယ့်...
.
.
.
.Phone screen မှာပေါ်နေတဲ့ Jongin မျက်နှာလေးကို ကြည့်ပြီး Chanyeol သက်ပြင်းချမိတုန်းမှာ ဖုန်းသံလေးက ပြန်တိတ်သွားသည်.
ဒါနဲ့ဆို Jongin သူ့ကို ဖုန်းခေါ်နေတာ ၁၃ ခါ ရှိပြီ. Jongin ဘာကြောင့် သူ့ကို ဖုန်းဆက်လည်း သူသိသည်. သူမကိုင်ရတာကလည်း အိမ်မပြန်ချင်လို့ မကိုင်ချင်တာဖြစ်သည်.
ဖြစ်နိုင်လျှင် Jongin သူ့ကို မုန်းသွားတာမျိုးကို သူ လိုလားနေသည်.
Jongin သူ့ကို မုန်းပြီး နာကြည်းသွားမှ သူ စိတ်ချရမှာလေ. မဟုတ်ရင် သူ့ကိုပဲ တွယ်တာနေတဲ့ ကောင်လေးတစ်ယောက်အဖြစ်ကျန်နေခဲ့မှာ သူ မလိုလားဘူး.
'' Jonginna... ''
# ph ring #
၁၄ ကြိမ်မြောက် ဖုန်းသံပြန်မြည်လာချိန်မှာ အခန်းထဲကို သူ့ရဲ့ colleague In Young ဝင်လာတော့
'' In Young ssi ကျွန်တော့် ညီလေးကိုပြောပေးပါ ကျွန်တော် ဒီနေ့ အိမ်မပြန်လာဘူးလို့. '' မှာခဲ့ပြီး အပြင်ထွက်လာခဲ့လိုက်သည်.
'' miyanhae Jonginna...miyanhae... ''
.
.
.
.ဒီနေ့ဆို Hyung အိမ်မပြန်လာတာ တစ်ပတ်ကျော်နေပြီ. ဆေးရုံကို ကျွန်တော်လိုက်သွားတော့လည်း မအားဘူးဆိုပြီး ထွက်မတွေ့.