Final Part

1.1K 117 4
                                    

8 months later...

'' Chanyeol မင်း တကယ်ခေါင်းမာတယ်ကွာ. ငါ ပြောတုန်းက ခွဲစိတ်ခဲ့ရမှာ. ''

'' မလိုပါဘူးကွာ. ငါ အခု ကောင်းနေသေးတာပဲ. ငါ့ထက် Jongin က ပို အရေးကြီးတာပါ. ''

Jongin ?

လပေါင်းများစွာ သူ့အနားကနေ ထွက်သွားခဲ့တဲ့ Jongin နေရောကောင်းရဲ့လား? Jongin နဲ့မတွေ့ဖြစ်ပေမယ့် အဆင်ပြေတယ်ဆိုတာ Taemin ဆီက တစ်ဆင့်ကြားတာမို့ လုပ်စရာရှိတာ လုပ်ရင်းနဲ့ပဲ အချိန်တွေ ကုန်စေခဲ့သည်.

ဒါပေမယ့် ကျန်သေးတဲ့ အချိန်လေးအတွင်းမှာတော့ သူ Jongin နဲ့ ထပ်တွေ့ချင်သေးသည်.

'' Jongin ဆိုလို့ မင်း Jongin အတွက်ရှာနေတဲ့ နှလုံးအလှူရှင် တွေ့ပြီဆိုတာ အဆင်ပြေလား. ''

'' အင်း ပြေတယ်. နောက်လထဲ အဲ့ကောင်လေး Korea ပြန်လာမယ်ပြောတယ်. အဲ့မတိုင်ခင် Jongin ကို ခွဲစိတ်ဖို့ကိစ္စတော့ ပြောရမယ်. ''

'' သူ့သူငယ်ချင်းနဲ့ရော မင်းတွေ့ဖြစ်သေးလား. ''

'' အင်း သူ့သူငယ်ချင်းကတော့ Jongin အဆင်ပြေတယ် ပြောပါတယ်. ''

^ ရင်ခေါင်းခွဲစိတ်ဌာနက Dr. Park Chanyeol အရေးပေါ်ဌာနကို အမြန်လာခဲ့ပါ. ^

သူငယ်ချင်းနဲ့စကားပြောနေတုန်း Operator က ခေါ်သံကြောင့် Chanyeol emergency သို့ ပြေးလာခဲ့သည်.

'' Dr. Park... ''

'' ဘယ်လိုဖြစ်တာလဲ လူနာက. ''

'' ရုပ်တရက် အသက်ရှူကျပ်ပြီးမေ့လဲတာလို့ပြောပါတယ်.နှလုံးခုန်ကလည်း မမှန်ဘူး Dr. ''

Nurse တွေ Dr. တွေ ဝိုင်းနေသည့် လူနာ ကုတင်နားကို ရောက်တော့

'' Jongin? Jonginna... ''

ကုတင်ပေါ်မှာ လှဲနေတာက သူ့ရဲ့ Jongin လေ.

'' Dr. နဲ့ သိတာလား. ''

'' Jongin...Jonginna... ''

အနားက ဘယ်သူ့ကိုမှ မမြင်တော့ဘဲ Jongin သတိပြန်လည်လာဖို့ကို သူကြိုးစားနေမိတော့သည်.

Jonginna...ဒီလိုတော့ မသွားလိုက်ပါနဲ့. Jalba. Jalba !!!

.
.
.
.

နားထဲမှာ ကျွန်တော်အမြဲကြားဖူးနေကျ Hyung ရဲ့ ခေါ်သံကို ကြားနေရသည်.

Tears on LOVEWhere stories live. Discover now