Part 1

1.8K 158 9
                                    

'' Doctor ! Doctor ခွဲခန်းဝင်​​နေတုန်း ဖုန်း​တွေဝင်​ထားတယ်​. ''

operation room က ထွက်ထွက်လာချင်း ဖုန်းလှမ်းပေးတဲ့ Nurse စကားကြောင့် သူ ဖုန်းကို ဖွင့်ကြည့်လိုက်သည်.

နံပါတ်က သူမရင်းနှီးတဲ့ နံပါတ်ဖြစ်ပေမယ့် ၅ခါလောက် ခေါ်ထားတာမို့ ဘာများ အရေးကြီးလဲ သိချင်တာမို့ ဖုန်းပြန်ခေါ်လိုက်တော့

'' Hello ''

'' Nae ကျွန်တော့်ဖုန်းကို ဖုန်းတွေဝင်ထားတာမို့ ပြန်ခေါ်ကြည့်တာပါ. ဘယ်ကလဲ မသိဘူးနော်. ''

'' ဟုတ် ကျွန်တော်က xxx စခန်းကပါ Dr. Park ညီ ရန်ဖြစ်ပြီး ဒီရောက်နေလို့ လာခေါ်ပေးပါဗျ. ''

'' ဗျာ? Jongin ရဲစခန်းရောက်နေတယ်. ''

ဖုန်းကို​တောင်​ ဆက်​မ​ပြောနိုင်​​တော့ဘဲ Chanyeol တစ်​​ယောက်​ အမြန်​ထွက်​လာခဲ့လိုက်​သည်​.

.
.
.
.

'' Jongin...Jonginna... ''

ဆူညံ​နေတဲ့ ရဲစခန်းထဲ အကြားချင်​ဆုံး ​ခေါ်သံတစ်​ခုကို ပြတ်​ပြတ်​သားသားကြားလိုက်​ရ​တော့ နှုတ်​ခမ်းတစ်​ချက်​တွန့်​ရုံ ကျွန်​​တော်​ပြုံးမိသည်​.

'' Jonginna...အဆင်​​ပြေရဲ့လား. ဘယ်​နားထိသွား​သေးလဲ. ဘယ်​သူနဲ့ဖြစ်​တာလဲ. ''

ရောက်​လာတာနဲ့ ထုံးစံအတိုင်း ကျွန်​​တော့်​အနား ဒူး​လေး​ထောက်​ပြီး အဆက်​မပြတ်​​မေးတတ်​တဲ့ Hyung ကိုကြည့်​ကာ ကျွန်​​တော်​ပြုံးမိပြန်​သည်​.


'' ကျွန်​​တော်​ Jongin ပါ Hyung ရယ်​. ရန်​ဖြစ်​တိုင်း ဘယ်​တုန်းက အသားနာဖူးလို့လဲ. Hyung သင်​ထားသလို ကိုယ်​က ဦး​အောင်​ချခဲ့တာချည်း​လေ. ''

'' ဘာမှမဖြစ်​လို့​တော်​​သေးတာ​ပေါ့ကွာ. ကဲ လာ ပြန်​ရ​အောင်​​နော်​. ''

'' Nae Hyung. ''

ရဲစခန်းအပြင်​​ရောက်​တာနဲ့ Hyung ယူလာတဲ့ ပဲပြားကို စားရ​လေသည်​.

ကျွန်​​တော်​ Jongin က ပဲပြားကို တစ်​လ တစ်​ခါဆိုသလို မှန်​မှန်​စားရသည်​.

ရဲစခန်း​တွေနဲ့ မပက်​သက်​ချင်​သည့်​ Hyung ခမျာ ကျွန်​​တော့်​​ကြောင့်​ ရဲစခန်း​ရောက်​ရတာ ဒီနှစ်​ပိုင်းမှာ ခဏခဏဖြစ်​​နေပြီ.အဲ့ဒါလည်း တကယ်​​တော့ Hyung ​ကြောင့်​ပဲ...

Tears on LOVEWhere stories live. Discover now