တိတ်ဆိတ်မှုတွေကြီးစိုးထားတဲ့ ဆေးရုံအခန်းထဲက ကျွန်တော် နှလုံးခုန်သံကို ကျွန်တော်ပြန်ကြားနေရသည်.
လွန်ခဲ့တဲ့ ၂ ပတ်က ကျွန်တော့်ရဲ့ နှလုံးအစားထိုးခွဲစိတ်မှု အောင်မြင်ခဲ့တာကြောင့် ကျွန်တော်ဟာ နှလုံးအသစ်နဲ့ ကျန်းကျန်းမာမာ အသက်ရှင်သန်ခွင့် ရခဲ့ပြီ.
ဒါပေမယ့် အဲ့နေ့က ကျွန်တော်နဲ့ ခွဲခန်းဝင်ခဲ့တဲ့ Hyung ကတော့...
.
.
.
.Last Two weeks Ago...
'' ငါ ခွဲစိတ်မှုမလုပ်ချင်ဘူး. ''
'' Chanyeol မင်း Jongin ကို ကတိပေးခဲ့တယ်လေ. ''
'' သူ့ကို ကတိပေးခဲ့တာ သူခွဲစိတ်မှုလုပ်အောင်လို့လေကွာ. ငါ့ အခြေအနေက မင်းလည်း သိရဲ့သားနဲ့. ဖြစ်နိုင်ခြေနည်းလွန်းတာကို ငါစွန့်စားလိုက်ရင် Jongin နဲ့ ငါတကယ်ဝေးသွားလိမ့်မယ်. သူ့အခြေအနေကို ငါစောင့်ကြည့်ချင်သေးတယ်. ငါ့ကို သူခွဲစိတ်တာ ကြည့်ခွင့်ပေးပါကွာ. ''
Jongin ကို ကတိပေးခဲ့ပြီး ခွဲခန်းထဲ ဝင်လာခဲ့ပေမယ့် တကယ် ခွဲစိတ်မှု သူမလုပ်ချင်ခဲ့. မတော်လို့များ ခွဲစိတ်နေတုန်း သူတစ်ခုခုဖြစ်ခဲ့ရင် Jongin ကို စိတ်မချတဲ့အဖြစ်နဲ့ သူကောင်းကောင်းထွက်နိုင်မှာမဟုတ်. အဲ့တော့ Jongin ရဲ့ ကိုယ်ထဲက နှလုံးအသစ်နေသားကျပြီဆိုမှ လုပ်စရာရှိတာလုပ်ဖို့ သူစဉ်းစားလိုက်သည်.
'' ကောင်းပြီလေ. အဲ့ဒါဆိုလည်း မင်းသဘော့ပဲ. ''
'' ကျေးဇူးပါ သူငယ်ချင်းရာ. ''
.
.
.
.ခွဲစိတ်ပြီး တစ်ရက်ကြာတဲ့အထိ သတိမရသေးတဲ့ Jongin နားပဲ သူနေနေမိသည်. သွေးပေါင်ချိန် နှလုံးခုန်နှုန်း အားလုံးအဆင်ပြေနေပေမယ့် သတိမရသေးတော့ သူ့ရဲ့ စိုးရိမ်ပူပန်မှုတွေ လျော့ကျမသွားသေး.
'' Jonginna...miyanhae Hyung မင်းကိုပေးထားတဲ့ ကတိမတည်နိုင်သေးဘူး. Hyung မင်းကို စိတ်ချချင်သေးတယ်. ဒီတစ်ခုတော့ Hyung ကို နားလည်ပေးပါကွာ. ''
ဆရာဝန်တစ်ယောက်ဖြစ်တာမို့ သူ့ရောဂါအခြေအနေကို သူကောင်းကောင်းနားလည်နေသည်. ခွဲစိတ်မှုလုပ်ရင်တောင် 90-10 percentage ပဲသေချာနေတောမို့ Jongin သတိရတာကိုပဲ သူစောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်.