Chapter - 3

620 68 0
                                    

'Hunnah'

လွယ်အိတ်ကို ပစ်ချပီး သူ့ဘေးနားထိုင်ချလိုက်တဲ့တစ်ယောက်~~
'Kim Jong In'
ကျွန်တော်တို့ကျောင်းရဲ့ ပျိုတိုင်းကြိုက် နှင်းဆီခိုင်တဲ့! ပြောကြတာပါပဲ~~ကျွန်တော်ကတော့ ငယ်သူငယ်ချင်းမို့လို့လားမသိ ချောတယ်လို့ကို မမြင်ပါဘူးဗျာ

'Hunnah ဒီနေ့ D.O Hyungတို့နဲ့ ချိန်းထားတာ မမေ့နဲ့ဦးနော်'

'သိပါတယ်ကွာ မေ့စရာလားကွ'

'ဒါနဲ့ ဟိုရှေ့ဆုံးက ဖြူဖတ်ဖြူလျော်တစ်ယောက်က အသစ်မလား?'

Jong Inပြောမှ ကျွန်တော် သူ့ကို သတိရပီး လှမ်းကြည့်လိုက်တော့ သူက ဆရာ့ Lectureမှာ မျောနေလေရဲ့...

'ကိုရီးယားလူမျိုးကော ဟုတ်ရဲ့လားကွာ'

'ကိုရီးယားလူမျိုးမို့လို့ ကိုရီးယားကျောင်းမှာတက်နေတာပေါ့ကွ'

ကျွန်တော့စကားအဆုံးမှာတင် ဆရာက အနားရောက်လာပီး..

'Kim Jong In! Ooh Sehun! စကားများမနေနဲ့ စာလိုက်ကြည့်!'

ဆရာ့အသံကြောင့်လားမသိ သူခဏလှည့်ကြည့်ပီး စာအုပ်ကိုပဲ ပြန်ကြည့်နေတယ်~~

'ငါ့ကို ရှိတယ်လို့တောင် ထင်ရဲ့လားမသိ'

ကျွန်တော် စိတ်ထဲက ရေရွတ်လိုက်ပီး ဆရာ့ Lectureကိုပဲ အာရုံစိုက်လိုက်တယ်...
ခေါင်းထဲမှာ ဆရာ့Lectureအပြင် တစ်စုံတစ်ရာပါ ရှိနေတယ် 'Luhan!'
တကယ်ပဲ မင်းကဘာလဲကွာ...

'ကလင် ကလင် ကလင်'

ခေါင်းလောင်းထိုးသံနဲ့အတူ စာသင်ခန်းကလဲ ဆူညံစပြုလာတယ် ကျွန်တော် သူ့နေရာကို လှမ်းကြည့်လိုက်တော့ သူ မရှိတော့ဘူး ...နေ့လည်စာသွားစားမှာပေါ့လေ

'Hunnah~~ Hunnah~~ arr... Hunnah~~~~ Ooh Sehunnnn!!!'

'Waeeee??!!''

'ငါခေါ်နေတာ အသက်ထွက်တော့မယ်ကွ'

'အေး ပြော'

'ဘာပြောရမှာလဲ D.O. Hyunတို့နဲ့ နေ့လည်စာစားဖို့ ချိန်းထားတယ်လေ သွားမယ်လို့'

Once Upon A Time..Where stories live. Discover now