Chapter -1

1.2K 95 3
                                    

ဒီနေ့ရောက်လာပြန်ပီပဲ... ကျွန်တော့ဘဝမှာ မရောက်လာချင်ဆုံးနေ့တွေ... လတစ်လရဲ့ ၁၀ရက်မြောက်နေ့တွေဆို နာကျင်နေတဲ့ နှလုံးသားက တိုးလို့ နာကျင်နေရတယ်...
လတစ်လရဲ့၁၀ရက်မြောက်ရောက်တိုင်း သူပြန်လာလေမလားဆိုတဲ့ အတွေးနဲ့ တံခါးဝကို တစ်နေကုန် ထိုင်ငေးကြည့်နေခဲ့တယ်~~ ဒါပေမဲ့လဲလေ...
ဒီနေ့ဆို တစ်နှစ်တောင် ပြည့်ခဲ့ပီ...
ကျွန်တော်တို့ ၂ယောက် ဒီလိုမျိုး ဝေးကွာသွားမယ်ဆိုတာ သိခဲ့ရင်... သူ အဲ့နေ့က ကျွန်တော့ကို ထားပီး ထွက်ခွာသွားမယ်ဆိုတာ သိခဲ့ရင်... ကျွန်တော်သာ သူ့ကို တားခဲ့လိုက်နိုင်ရင်... ဆိုတဲ့ အတွေးပေါင်းများစွာနဲ့ ရှည်လျားလွန်းတဲ့ ညတွေကို ဖြတ်သန်းနေရတယ်ဆိုတာ သူတစ်ယောက်သိရဲ့လား? ကျွန်တော် ရင်ကွဲမတတ် ညတိုင်း အော်ခေါ်နေတာ သူတစ်ယောက် ကြားပါရဲ့လား? ဘယ်မှာလဲကွယ်~~? နာကျင်နေတဲ့ ဒီလူ့ကို မမြင်ဘူးလား~? ကြေကွဲနေတဲ့ နှလုံးသားကတော့ ခုထိ သူ့ကို အော်ခေါ်နေတုန်းပဲ... သူ့ကို တမ်းတနေတုန်းပဲ ရူးမတတ်ပေါ့...
မင်းဘယ်မှာလဲ?? လူဟန်ရယ်~~~
×××

တစ်နေ့သောမနက်ခင်းလေးပေါ့~~ ကျွန်တော်တို့၂ယောက်ဆုံစည်းခဲ့ကြတယ် အမြဲတမ်း အေးစက်နေတဲ့ ဆိုးလ်မြို့က အဲ့နေ့မှာ နွေးထွေးနေခဲ့တယ်... လူဟန်ဆိုတဲ့ သူ့အပြုံးလေးတွေကြောင့်များလား~~
တကယ်တော့ သူက ကျွန်တော့ထက် ၄နှစ်တောင် ကြီးပါတယ် ဒါပေမဲ့ စတွေ့တဲ့နေ့တည်းက ကျွန်တော် သူ့ကို 'လူ'လို့ပဲ ခေါ်ခဲ့တယ် 'လူ'လို့ခေါ်လိုက်တိုင်း ကွေးညွတ်သွားတဲ့ နှုတ်ခမ်းလေးတေ~~ သူများနဲ့မတူတဲ့ သူ့ရဲ့ အပြုံးတွေ~~ စကားပြောဟန်ပန်လေးတွေက ကျွန်တော့ကို စိုးမိုးမှန်းမသိ စိုးမိုးလွန်းနိုင်ခဲ့တယ် သူနဲ့မတွေ့ဆုံခင်ထိ ကျွန်တော့ဘဝထဲကို 'လူဟန်'ဆိုတဲ့ လူသားတစ်ယောက်မဝင်လာခင်ထိ ကျွန်တော့ဘဝကြီးက ဆောင်းရာသီရဲ့ ဆိုးလ်မြို့ကြီးလို အေးစက်နေခဲ့တယ်~~
သူဟာ ကျွန်တော့ ဘဝရဲ့ မီးအိမ်ရှင်... သူဟာ ကျွန်တော့ဘဝရဲ့ အလင်းပြကြယ်...သူဟာ ကျွန်တော့ဘဝရဲ့ နေရောင်ခြည်လေးဖြစ်ခဲ့တာပေါ့~~ ခုတော့... ခုတော့... ကျွန်တော့ဘဝကြီး မှောင်မိုက်နေပီ... အေးစက်စက်နဲ့~~ အလင်းမမြင်ရတဲ့ နေ့တွေ ဖြတ်သန်းနေရတယ်...
ပြန်လာခဲ့ပါ 'လူ'ရယ်....

Once Upon A Time..Where stories live. Discover now