သူကျောင်းမတက်တာ ဒီနေ့နဲ့ဆို တစ်ပါတ်တိတိရှိပီ သူမရှိတဲ့ ဘေးထိုင်ခုံကိုပဲ ကြည့်နေနိုင်တဲ့ ကျွန်တော့ဘဝ~!သူ့ဖုန်းကို ဆက်တော့လဲ ဖုန်းက ဆက်တိုက် ပိတ်ထားတယ် အိမ်ဖုန်းကျတော့လဲ မသိ အိမ်သွားဖို့လဲ ဘယ်အိမ်မှန်းမသိ ကျောင်းကိုလဲ သူ့ဖုန်းနံပါတ်နဲ့ တရုတ်အိမ် လိပ်စာပဲ ပေးထားတယ်တဲ့ သူက ကျောင်းစအပ်ထဲက ၂လ ၃လပဲ တက်မယ်ဆိုပီး ဆိုးလ်က အိမ်လိပ်စာ မပေးထားဘူးတဲ့ သူကျောင်းမတက်တဲ့ တစ်ပါတ်က ကျွန်တော့အတွက် အရူးတစ်ပိုင်းလိုပါပဲ
'Hunnah~~ Hunnah~~Ooh Sehun!!'
'Aww? Wae?'
'Luhannie Hyungကျောင်းမတက်တာ တစ်ပါတ်ရှိနေပီနော် ဘာဖြစ်လို့လဲ? မဟုတ်မှလွဲရော ရိုးရိုးတန်းတန်း ခေါင်းကိုက်တာ မဟုတ်ပဲ တစ်ခြားရောဂါတွေများ…?'
'Yahhh မင်းဘာတွေလျှောက်ပြောနေတာလဲ နမိတ်မရှိဘာမရှိနဲ့ကွာ အိမ်လိပ်စာသိရင် ပြောပြ! မဟုတ်ရင်လဲ အေးဆေးနေ'
'Arratseo mian~~ ငါက စိုးရိမ်လို့ပါကွ ငါလဲ စုံစမ်းနေတာပဲ သိရင် ပြောပြမှာပေါ့ကွ နေပါဦး မင်းက ဘာလို့ အဲ့လောက်တောင် ဆတ်ဆတ် ထိမခံဖြစ်နေရတာတုန်း? မသိရင် Luhannie Hyungက မင်း ရည်းစားကျနေတာပဲ'
'Arr~ဘာတွေ လျှောက်ပြောနေတာလဲ Kim Jong In?!! သွားစမ်းကွာ ငါနဲ့ ဝေးဝေးနေ!~~'
'အွန်~~ စတာကိုပဲ ဘာဖြစ်နေတာလဲ ဟေ့ရောင်?! ဘာလဲ မင်းက ကြိုက်နေတာလား Luhannie Hyungကို? Ha ha'
'Yahhh Kim Jong In!!! ငါ ထိုးမှာနော် ဟေ့ရောင်'
'Aigoo ကြောက်လွန်းလို့ သေတော့မှာပဲ Ha Ha Ha~~'
တကယ်တော့ ကျွန်တော့စိတ်ထဲမှာ မီးပန်းတွေ ပွင့်နေပီ ကျွန်တော့ရည်းစား? ကျွန်တော်က ကြိုက်နေတယ်? မဟုတ်ဘူး ကျွန်တော့ချစ်သူ! ကျွန်တော်က ချစ်မိသွားတာပါ
'ကိုယ်မင်းကို ချစ်မိနေပီ 'Lu'
အဲ့စကားလေး ပြောခွင့်ပေးပါ လောလောဆယ် မင်းဘယ်မှာ ဘာတွေ လုပ်နေလို့ ကိုယ့်ရှေ့ကို မပေါ်လာတာလဲကွာ ကိုယ်စိတ်ပူနေတာ မင်းသိရဲ့လား 'Lu'ရယ် ဟူးးးး ဒီရက်တွေမှာ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိတဲ့ သက်ပြင်းချမှုပါ
![](https://img.wattpad.com/cover/51592346-288-k452812.jpg)