'Ooh Sehun'
'ဟုတ် ဆရာ'
'Kim Luhan'
'ဟုတ် ဆရာ'
ကျွန်တော့ရင်တွေ ဒိန်းခနဲ ခုန်သွားတယ် ဘာလဲ ဘာလဲ သူနဲ့ ကျွန်တော်နဲ့ပဲ ဆရာက နာမည်ခေါ်တယ်
'ဒီလအတွက် ကျောင်းကပွဲမှာ Duetလုပ်ရမယ်'
'ဗျာ ဆရာ! သူက အခုမှ အသစ်လေ ကျွန်တော် သူနဲ့..'
'ဟုတ်တယ် အဲ့ဒါကြောင့် လုပ်ခိုင်းတာ မင်းက အတော်ဆုံးမလား အသစ်ကို လက်တွဲခေါ်ရမှာပေါ့ ဘယ်လိုလဲ အဆင်ပြေပါ့မလား Luhan?'
'ဟုတ်ကဲ့ ကျွန်တော် အကောင်းဆုံး ကြိုးစားပါ့မယ် ဆရာ'
'ကောင်းတယ် ကျန်တဲ့သူတွေ အားလုံးလဲ သူတို့၂ယောက်ကို ကူညီလိုက်ကြဦးနော်
ဘာလုပ်မယ်ဆိုတာတော့ မင်းတို့ ၂ယောက် တိုင်ပင်လိုက်ကြပေါ့''ဟုတ် ဆရာ'
ကျွန်တော် ရင်တွေတုန်လာတယ် ဘယ်လိုလုပ်မလဲ သူနဲ့ ကျွန်တော်နဲ့... Duet...? Ahhhhh တွေးရုံနဲ့တောင် လက်တွေ တုန်လာတယ်
'Hunnah 5ting!တကယ့်ကို မင်းက ငါတို့ကျောင်းရဲ့ ကိုယ်စားပြုပဲကွ!'
'Awwnn...'
ကျွန်တော် သူနဲ့တွေ့ရင် ဘာပြောရမလဲ ဘယ်လို စခေါ်ရမလဲ ခပ်တည်တည်ပဲ နေရမလား? ရယ်ရယ်မောမောပဲနေရမလား? သူနဲ့ မျက်နှာချင်းဆိုင်ရမယ်ဆိုတာနဲ့ပဲ ကျွန်တော် ဆောက်တည်ရာမရတွေ ဖြစ်နေပီ ဟူး... ငါဘယ်လိုလုပ်ရမလဲ 'Lu'ရယ်~~
အွန်? ကျွန်တော်တောင် မသိလိုက်ဘဲ ထွက်သွားတဲ့ နာမည်လေး~~'Lu'
'ဟင်? ဘာ?!'
'Aww! arniyahh'
ပါးစပ်ကနေတောင် ယောင်ပီးထွက်သွားတယ် တော်သေးတယ် Jong Inသေချာ မကြားလိုက်လို့~~ 'Lu' သူ့နောက်ကျောလေးကို ကြည့်ပီး စိတ်ထဲကနေ ခေါ်လိုက်ပါတယ် ဘာရယ်မသိ ရင်ထဲမှာ လေပြေလေး ဖြတ်သွားတယ် အဲ့ဒီအချိန်လေးမှာ ကောင်းကင်ကြီးက သာယာနေတယ် လိပ်ပြာလေးတွေ ဝဲပျံနေတယ် ပန်းပွင့်လေးတွေ ဝေဆာနေခဲ့တယ်~~