နေရောင်ခြည်တွေ ဖြာကျနေတဲ့ အဲ့ဒီမနက်ခင်းလေးကို ကျွန်တော် မေ့လို့ရမှာ မဟုတ်ပါဘူး~~
'ဘုတ်'
ခြေထောက်နားမှာ ပြုတ်ကျသွားတဲ့ စာအုပ်လေးတစ်အုပ်
'LuHan'
အင်္ဂလိပ်လက်ရေးလှလှလေးတွေနဲ့ ရေးထားတဲ့ စာအုပ်အဖြူရောင်လေး...'ဟို~~အဲ့ဒါ ကျွန်တော့စာအုပ်ပါခင်ဗျ'
ချိုသာသော အသံပိုင်ရှင်ကြောင့် ကျွန်တော် ခေါင်းမော့ကြည့်လိုက်မိတယ်
.... သုံးစက္ကန့်...ကျွန်တော့လောကရဲ့ အချိန် သုံးစက္ကန့် ခေတ္တရပ်တန့်သွားတယ်'အော် ဟုတ်ကဲ့'
'ကျေးဇူးတင်ပါတယ်'
သူလှည့်ထွက်သွားပီး ရှေ့ဆုံးခုံမှာ သွားထိုင်နေတယ် အတန်းထဲက ကောင်မလေးတစ်ချို့ တိုးတိုး ပြောနေကြတယ်
'ကောင်ချောလေးတစ်ယောက်တိုးလာပြန်ပီပေါ့' ကျွန်တော် စိတ်ထဲက ရေရွတ်လိုက်တယ် ကိုယ့်ကိုယ်ကိုတောင် သတိမထားမိလိုက်ဘဲ သူ့ကျောပြင်လေးကို ငေးကြည့်နေမိတယ်'ကလင် ကလင် ကလင်'
ကျောင်းခေါင်းလောင်းသံကြားမှ အသိစိတ်ပြန်ဝင်လာတဲ့ ကျွန်တော် ရှက်ပြုံးပြုံးမိတယ် ပီးတော့ ကိုယ့်ကိုယ်ကိုလဲ အံ့သြနေမိတယ် ချောလှပါတယ်ဆိုတဲ့ ကောင်မလေးတွေကိုတောင် မငေးကြည့်ခဲ့တဲ့ ကျွန်တော်~~ ဒီနေ့မှ ကျောင်းပြောင်းလာတဲ့ ကောင်လေးတစ်ယောက်ကို သတိလတ်လွတ်ငေးမောနေတယ်တဲ့~~
ဆရာဝင်လာတော့ ကျွန်တော်လဲ အဲ့ဒီကောင်လေးကို ခဏ အမှုမဲ့ အမှတ်မဲ့နေလိုက်မိတယ်
သူက ကျွန်တော့ဘဝရဲ့ အောက်စီဂျင်ဖြစ်လာမယ်လို့ အဲ့ဒီတုန်းက ကျွန်တော်ဘယ်သိခဲ့ပါ့မလဲလေ~~To be continued...
