❤Part-3 ❤

789 93 3
                                    

Tao လည်း သူ့အကို လာအကြိုကိုစောင့်နေရင်း ပျင်းတာနဲ့ ဖုန်းထိုင်သုံးနေမိတယ်..ထိုအချိန် သူ့အနားမှာ လာရပ်တဲ့
ခြေတစ်စုံကြောင့်မော်ကြည့်လိုက်မိတော့....
.
.
. ဒါသူအကို မဟုတ်ဘူးပဲ

' မင်္ဂလာပါ ခင်ဗျ..☺တွေ့ရတာဝမ်းသာပါတယ်နော်
ကျွန်တော့ နာမည် Kris Wu ပါ...Tao မဟုတ်လားဟင် ဒီကနာမည်က'
Tao ကို ရင်းရင်းနှီးနှီးစကားလာပြောကာ သူပြုံးပြနေသည်

Tao- ဟုတ်ကဲ့...တွေ့ရတာဝမ်းသာပါတယ် ☺

Kris- 'ကျွန်တော်ဒီမှာ ခဏထိုင်လို့ ရမလား'
ဆိုကာ Taoထိုင်နေတဲ့ ဘေးနားက နေရာလွတ်လေးကို လက်ဟန်ပြကာပြောနေတယ်...

Tao-'ဟုတ်ကဲ့...ထိုင်လို့ရပါတယ်ရှင့်....ထိုင်ပါ'
ဘာကြောင့် Tao နားလာထိုင်မှန်း Taoမသိပေမဲ့
မထိုင်နဲ့လို့ပြောရအောင်လည်း Taoက ဒီခုံကိုပိုင်တာလည်း မဟုတ်ဆိုတော့ ခုံတန်းလျားလေးဟိုဘက်အစွန်းမှာသာ ကပ်၍ထိုင်လိုက်တယ်....

Kris-' ကျွန်တော် ပြောစရာရှိလို့ပါ Tao...
ကျွန်တော် Taoလို့ပဲခေါ်မယ်နော်...'

Tao-'ဟုတ်ကဲ့...ရပါတယ်'

Kris-' ကျွန်တော် သဘောင်္တက်ရတော့မှာ မို့လို့ နောက်ဆုံးအကြိမ် Taoကို လာနှုတ်ဆက်တာပါ'

Tao-'ဩော်...ဟုတ်ကဲ့'

ထို့နောက် နှစ်ယောက်လုံး ခေတ်တမျှ တိတ်ဆိတ်သွားခဲ့သည်....

Tao's Prv#

ဒါကြောင့်...Taoထင်တော့ထင်သားပဲ....Taoတို့ထက် အသက်ကြီးလောက်မယ်ဆိုတာ...သူ့ကခုဆို သဘောင်္တောင်တက်ရတော့မှာ ဆိုတော့ ဘွဲ့တောင် ရပြီးပြီပေါ့လေ.... Tao ကသူကို အလွန်ဆုံး Third yearလောက်ပဲ ထင်ထားတာ....သူကနုလည်းနုတာကို... သဘောင်္သားသာဆိုတယ် အသားကလည်းဖြူဖွေးနေတာပဲ...ဝတ်ထားတဲ့ဒီဇိုင်းကလည်း တီရှပ်အဖြူကို ဂျင်းကုတ်အမည်းထပ်ထားပြီး ဂျင်းဘောင်းဘီအပြာနု နဲ့မို့....သူ့ကိုတွေ့တဲ့ လူတိုင်း ကျောင်းသားလို့ပဲ ထင်မိမှာ..

နောက်ပြီး Kris...အင်း သူကတော်တော် ထူးဆန်းသည်.. Tao ကျောင်း First year စတက်ချိန်ကနေ Tao နောက်ကို တစ်ကောက်ကောက်လိုက်ခဲ့တာ ခုဆို First year တောင် ပြီးတော့မယ်... Tao Centeen သွားရင်လည်း သူ့ကို Centeenမှာတွေ့ရတယ်..Taoသူကို့ ကြည့်မိလိုက်လျှင်လည်း တခြားသူတွေလို ဟိုကုတ်လိုက်ဒီကုတ်လိုက် ဟိုဟာလုပ်လိုက်ဒီဟာလုပ်လိုက် ဟန်ဆောင်တာမျိုးမရှိပဲ Taoကိုသာ စိုက်ကြည့်နေတတ်တယ်...သူရဲ့ အကြည့်စူစူးတွေနဲ့ပေါ့... Tao အတန်းဆင်းလို့ထွက်လာရင်လည်း ကျောင်းပေါက်ဝ မှာစောင့်နေတတ်တယ်....ဒါကြောင့် သူTaoနာမည်ကို သိတာဆန်းတော့ မဆန်းပါဘူး...Tao တို့ တစ်အိမ်လုံး အကြောင်းကိုတောင် သူသိချင်ရင် သိနေအုန်းမှာ......

Taoကို လက်ဆောင်တွေလည်းပေးတတ်တယ်...နေ့တိုင်းတော့ မဟုတ်ပေမဲ့ သူပေးလိုက်တဲ့ လက်ဆောင်တိုင်းက တစ်ခုခုနဲ့ မတူတတ်ပေ..Tao ကို လက်ဆောင်ပေးရင်လည်း သူကိုယ်တိုင် လာမပေးသလို.. သူပုန်းပြီးလည်းမနေပါဘူး...Tao
မြင်နိုင်တဲ့ နေရာမှာ သူရပ်နေတယ်..ပြီးတော့ Tao က သူ့လက်ဆောင်ကို လက်ခံလိုက်ရင် သူပြုံးပြီးတော့ လှည့်ထွက်သွားတတ်တယ်... (ဘာ Styleလဲတော့ မသိဘူးနော်) နောက်ပြီး Taoကိုလည်း စကားလုံးဝလာမပြောဘူး... ခုတောင် သူ့သဘောင်္တက်မှာမို့ စကားလာပြောတာ ထင်ပါရဲ့...

Kris's Prv#

Tao တို့ ဒီနေ့ အတန်းက စောဆင်းတာလားမသိ...ကျွန်တော်စောစော လာမိလို့တော်သေးတယ်...ပထမကတော့ သူ့အတန်းအပြင်မှာ သွားစောင့်နေမယ်ပေါ့လေ...သူကအတန်းစောစောပြီးပြီး ခုံတန်းလျားလေးမှာထိုင်နေတာ တွေ့လို့ သူနဲ့ ခပ်လှမ်းလှမ်းမှာ ကားကိုရပ်ပြီးသူ့ကို ကြည့်လိုက်တော့ ကောင်မလေး ဖုန်းသုံးနေတာပဲ....သူငယ်ချင်းတွေလည်း မရှိတော့ သူစကားပြောရတာ ပိုလွတ်လပ်တာပေါ့လေ...တကယ်လို့ သူ့သူငယ်ချင်းတွေရှိခဲ့ရင်လည်း ခွင့်တောင်းပြီး သူနဲ့စကားပြောမှာပါ..ဒီနေ့က သူ့ကိုလာတွေ့တာ နောက်ပြီး သူ့ကိုလက်ဆောင်ပေးတာ ဒါနောက်ဆုံးဆိုတော့လေ...ပြောသာပြောရတာ စကားတစ်ခါမှ မပြောဖူးဘူးဆိုတော့ နည်းနည်းတော့လှန့်တယ်ဗျ....hk hk ဒါပေမဲ့နောက်ဆို ငါ့မိန်းမဖြစ်လာတော့မှာပဲ!!... ;-/

သူတစ်ချက်ပြုံးမိလိုက်သည်...နှစ်လိုဖွယ်အပြုံးတော့မဟုတ်.....ကျွန်တစ်ယောက်ကို
နှိပ်စက်ရတော့မဲ့ သခင်တစ်ယောက် ရဲ့ အပြုံးလို.....
ထို့နောက် သူကပဲစပြီး.

Kris-'Tao!..Tao!....ဘာတွေစဉ်းစားနေတာလဲဗျ'

Tao-'ဘာမှမစဉ်းစားပါဘူး'ဆိုကာ သူ့ကိုပြုံးပြပြီး ပြန်ပြောလိုက်သည်...

Kris-' ကျွန်တော် Taoကိုလက်ဆောင်
ပေးစရာရှိလို့'
ဆိုကာ သူ့လက်ထဲက အနီရောင် ကတီပါ ဗူးလေးကို ဖွင့်ပြသည်။

Tao....အဲ့ဒီ့ ဗူးလေးကို မြင်တော့မြင်မိသည်...Tao ကို လက်ဆောင်ပေးဖို့လို့တော့ မထင်ဘူးပေါ့..

OMG!လှလိုက်တာ ရွှေနဲ့ ပလက်တီနမ် ကို လုပ်ထားသော Hand Chainလေးတစ်ကုံး...Hand Chain ရဲ့ အလယ်တစ်လျှောက်မှာ အဖြူရောင် အသည်းပုံကျောက်လေးတွေ တန်းစီလို့ ကတီပါဗူး နီနီနဲ့ ပနံရစွာ ရှိနေသည်....

Tao မအံ့ဩပဲနေနိုင်ပါ့မလား...မိန်းကလေးတွေ အရမ်းကြိုက်ကြတဲ့ ပစည်းတွေထဲက တစ်ခုပဲလေ...ဒါပေမဲ့...

ဒန် တန် တန်....
ဆက်ရန်>>>>>

90°bow
Wo.Ai.Ni ☺
အားပေးဝေဖန်ပေးကြပါနော်

》》Nadi《《

Hand Chainဖြင့် ချည်ထားသော ကြိုးလေး *Taoris*Où les histoires vivent. Découvrez maintenant