❤ Pâřť-5 အဆက်❤

688 84 5
                                    

@7' O Clock

'' Ti ti ti... ti ti...ti....

တစ်ကိုယ်လုံးကို ကောက်ညှင်းထုပ်ထုတ်ထားသလို
ခေါင်းကနေခြေဖျားထိ အရေပြားကို နေလောင်မှာစိုးလို့လားတောင် မသိ ပုစွန်ထုပ်လို
စောင်ထဲမှာကွေးနေတဲ့ သူ့ရဲ့ခန္တာကိုယ်ကို အနည်းငယ် လှုပ်လှုပ်ရှားရှားပြုရင်း စားပွဲပေါ်မြည်နေတဲ့ နာရီကို မမြင်မစမ်းနဲ့' ဒုံး'ခနဲ အသံတစ်ခုနောက်မှာ

'အယ်မလေး....Zi Taoရယ်!...ညည်းအိမ်က ပစ္စည်းတွေကို ဖျက်ဆီးနေတာ...ပစ္စည်းတွေလည်းတစ်ခုမှ အကောင်းမရှိတော့ဘူး!

'Immm' ဆိုသော အသံလေးတစ်သံသာပြုပြီး သူမရဲ့ ပုစွန်ထုပ်လို စောင်အပုံကြီးထဲမှာပဲ
ပြန်ပြီးအိပ်ပျော်သွားလေရဲ့

'Zi Tao!!! ....ခုချက်ချင်း ထစမ်း!!'

'အမေလေး....လန့်လိုက်ထှာ တီလေးရယ်..တိုးတိုးပြောပါ..Tao နားကောင်းပါသေးတယ်...တီလေးလုပ်မှပဲ နားစည်ကွဲပီး နားပါကန်းတော့မယ်'

'အယ်မလေး..Zi Tao ရယ် ညည်းက အိပ်နေရင် ဆင်ဆယ်ကောင် အော်ရင်တောင် နှိုးတာမဟုတ်တဲ့ သူကများ...ငါ့ကို ပြန်ပြောဖို့ မစဉ်းစားနဲ့...ဒီမှာလည်းကြည့်ပါအုန်းဟယ်...ဟိုနေ့ကမှ နာရီက အသစ်ဝယ်ထားတာ...ခုကြည့်အုန်း ဓာတ်ခဲတွေလည်း ပြုတ်ထွက်ကုန်ပြီ...လက်တံတွေလည်း အလုပ်မလုပ်တော့ဘူး...နောက်ထပ်လည်း ထပ်မဝယ်ပါနဲ့အေ...ညည်းက နာရီတွေဝယ်လည်း ငါဘဲ နိုးနေရတာ ဘာမှမထူး...ထူး'

'Arrrrrrr တီလေး....!!!!'

'ဟဲ့..ဟဲ့ အလန့်တကြား ဘာဖြစ်တာတုန်း'

'ကျောင်းနောက်ကျနေပြီ...တီလေးရဲ့...ရေသွားချိုးတော့မယ်'

'ဟဲ့...ဟဲ့ ဖြေးဖြေးသွားပါဟယ်'
'...ကုတင်ပေါ်ကနေ ခုန်မဆင်းပါနဲ့...
ရေချိုးခန်းထဲဝင်မယ်ဆိုရင်လည်း ခုန်ပေါက်ပြီးကိုသွားနေ တော့တာပဲ ပြောစကားလည်းနားမထောင်ဘူး ဒီကောင်မလေး'

'တီလေးရေ...Tao ဗိုက်ဆာတယ်!!!!'

'ဩော်...ရေချိုးခန်းထဲက လှမ်းအော်နေရလား...ကိုယ့်ဘာသာကို မြန်မြန်လုပ်ပါ...ကျောင်းချိန်နီးနေပြီ...မနက်စာ ကအသင့်ပဲ လုပ်ထားပြီးပြီ!'

' ဟုတ်ကဲ့တီလေး!'

Tao's တီလေး ခမျာလည်း စကားတောင် ပြန်မပြောရှာနိုင်တော့ပါဘူး...စောင်တွေကို ခေါက်
Zi Tao ဖျက်ဆီးလိုက်တဲ့ နာရီရော ဓာတ်ခဲတွေရော လိုက်ကောက်ပြီး အောက်ထပ်ကိုသာ ဆင်းလာခဲ့တော့တယ်... သူ့ဖေနဲ့မေနဲ့က နိုင်ငံခြားမှာ အလုပ်ရှိလို့ သူ့သမီးလေးကို ဒီအဒေါ်ဆို စိတ်ချလက်ချအပ်ထားခဲ့တာ...သူ့အကိုကတော့ အလုပ်ကို မနက်အစောကြီးသွား ညနေဘက်ပြန်လာရောက်လာ ရေမိုးချိုး ထမင်းစားပြီးတာနဲ့ အခန်းအောင်းနေတော့တာပဲ...Tao ဆိုတဲ့ မျောက်လောင်းမလေးဘဲမလွယ်တာ
ကျောင်းသူပီပီ ဖျက်လက်သွက်မြက်တာက သူ့အတွက်တော့ မျက်စိဒေါက်ထောက်ကို လိုက်ကြည့်နေရတယ်...ဒီဆယ်ကျော်သက်မလေးကို...

❤❤❤❤❤❤✌❤❤❤❤❤❤❤

ဒီ Part-5 က Kris နဲ့ Tao ရဲ့ ဟာသအပိုင်းလေးတွေကို အပိုအဖြစ်ထည့်ပေးထားတာပါ

နောက်ပြီး သူတို့တွေ့ပြီးရည်းစားဖြစ်တဲ့ အပိုင်းကို တိုတိုပဲ ရေးဖြစ်မှာပါ သူတို့လက်ထပ်တာပီးတာနဲ့ ဇာတ်လမ်းကစမှာမို့လို့ပါ အရှေ့ပိုင်းတွေက intro အပိုင်းတွေပါပဲ နောက်ပိုင်းရောက်မှ ဇာတ်လမ်းတွေက အပီအပြင်စမှာပါ
ဟဲဟဲ
နှိပ်စက်တဲ့အခန်းလေးတွေလည်း ပါမှာပေါ့နော်

အားပေးပါအုန်းလို့

Panda eye @_@

》》Nadi《《

Hand Chainဖြင့် ချည်ထားသော ကြိုးလေး *Taoris*Où les histoires vivent. Découvrez maintenant