❤Part-4 ❤

855 101 5
                                    

Tao-'ဒါ..ဒါ Tao အတွက်လားဟင်'

Kris-'အင်း..ဟုတ်တယ်လေ...Tao အတွက်'

Tao-'Kris shii....ဒီလက်ဆောင်ကိုတော့ Tao ငြင်းပရစေနော်... တန်ဖိုးလည်းကြီးတယ်...Tao သူများဆီက အဲ့ဒီ့လောက် ဈေးကြီးတဲ့ လက်ဆောင်ကို တစ်ခါမှ သူများဆီက လက်မခံဖူးဘူး'

ဟုတ်ပါတယ်...Kris အရင်တုန်းကလည်း Taoကို တစ်နေ့တစ်မျိုး မရိုးနိုင်အောင် လက်ဆောင်တွေပေးဖူးသည်...ရင်ထိုးတို့ ခေါင်းစည်းတို့ နာရီလှလှလေးတွေတို့...နောက်ထပ်..နောက်ထပ်အများကြီး...သူကအမြင်တော့ တော်တော်ရှိပါသည်..သူဝယ်ပေးတဲ့လက်ဆောင်တိုင်းက Taoနဲ့ လိုက်ပါသည်..နောက်ပြီး သူပေးတဲ့ လက်ဆောင်တွေကို Tao က ကျောင်းကိုသာ မဝတ်လာဖြစ်ပေမဲ့ အိမ်မှာတော့ ဝတ်ဖြစ်ပါသည်...
ဥပမာ...ခေါင်းစည်းကြိုးဆိုရင် စည်းထားမျိုးပေါ့

Kris-' ကျွန်တော် ထင်ထားတဲ့ အတိုင်းပဲ...Tao မယူဘူးလို့ ပြောမှာကို ကျွန်တော်ကြောက်နေခဲ့တာ...ခုတော့ Tao ပြောလိုက်ပြီ...Taoရယ်..ကျွန်တော်သိပါတယ်..Tao ငြင်းမယ်ဆိုတာ...ဒါပေမဲ့ ဒါက ကျွန်တော့ရဲ့ နောက်ဆုံး လက်ဆောင်လေးမို့ပါ...နောက်ပြီး ဒီHand Chainလေးက ကျွန်တော့်ဘဝရဲ့ နှလုံးသားလို့လဲပြောလို့ရပါတယ်...
ကျွန်တော် ကျွန်တော့ရဲ့ နှလုံးသားလေးကို Tao နဲ့ ထားခဲ့ပြီး ကျွန်တော့သွားတော့မှာ....ဒီHand Chainလေးပတ်ပြီး ကျွန်တော်ပြန်လာတဲ့ အချိန်ထိ စောင့်နေပေးပါနော်'

ပြောပြောဆိုဆိုနဲ့ Tao ဘယ်ဘက်လက်လေးကို ဆွဲယူကာ Hand Chain လေးကို Tao လက်မှာ ဆင်မြန်းပေးလိုက်တော့သည်...

Kris-'Tao လက်လေးနဲ့ အရမ်းလိုက်တာပဲ...အဲ့ဒီ့ Hand Chainလေးကလေ Taoလက်ပေါ် ရောက်မှ ပိုလှသွားတာသိလား...'

Tao-'Kris shii ကတော့ မြှေက်နေပြန်ပြီ'

Kris-'ကိုယ့်ကို Oppaလို့ ခေါ်ပါလား Tao'

Tao-'nae!!'

Kris-'Arr...ကိုယ်ပြောတာကလေ..ကိုယ်ကTaoထက်ကြီးတယ်ဆိုတော့ Oppaလို့ခေါ်ခိုင်းတာပါ...Oppaလို့မခေါ်ချင်ရင်...Kris Oppaလို့ခေါ်နော်..'

Tao-'အာ..nae ☺'
သူကTaoကိုဘာ အခေါ်အဝေါ် ပြောင်းခိုင်းတာ မဟုတ်ဘူး.. သူကိုယ်သူသုံးတဲ့ နာမ်စားပါ ပြောင်းသွားတာ...ကိုယ် ဆိုပါလား'

Hand Chainဖြင့် ချည်ထားသော ကြိုးလေး *Taoris*Où les histoires vivent. Découvrez maintenant