❤Pâřť-6❤

728 90 7
                                    

စိမ်းလန်းနေတဲ့ သစ်ပင်ပန်းပင်တွေနဲ့ တစ်ဖက်မှာလည်း ကန်လေးတစ်ကန် ကန်ထဲမှာလည်း ကြာပန်းလေးတွေကလည်း ဗေဒါပန်းလေးတွေနဲ့အတူ ပနံရစွာ ပေါက်ရောက်နေလေရဲ့ ...ကန်ရေပြင် စိမ်းစိမ်းလေးနဲ့ ကြာပန်းရောင်စုံလေးတွေနဲ့ ဗေဒါပင်စိမ်းစိမ်းတွေက တွေ့တဲ့သူတိုင်းကို ကြည်နူးစေမှာအမှန်ပင်...ထိုကန်ရေပြင် နားမှာရှိနေတဲ့ ကောင်လေးနဲ့ ကောင်မလေးကတော့ ဘယ်သူအရင်စပြောမလဲ ဘယ်ကစပြောရမလဲ ဘာအကြောင်းပြောရမလဲဆိုတာကို တွေးတောနေလေရဲ့ ...သေချာတာကတော့ သူတို့နှစ်ယောက်ရှိနေတဲ့ နေရာက မြို့နဲ့အတန်ငယ်
ဝေးကွာနေတဲ့ မြို့ပြင်တစ်နေရာလေးဆိုပါတော့ ...ကောင်းကင်ပြာပြာကြီးနဲ့ ကန်ရေပြင်စိမ်းစိမ်းလေးရဲ့ဘေးက ကားကိုမှီပြီးရပ်နေတဲ့ ကောင်လေးက မထမဆုံးစကားစဆိုလိုက်လေရဲ့

'Tao ဒီနေ့ အတန်းစောစောဆင်းလို့ Tao ကို ကိုယ်ခေါ်လာတာ အဆင်မပြေတာမရှိပါဘူးနော်'

'ရပါတယ်...Tao အကိုကိုလည်း လာမကြိုခိုင်းထားဘူး...အတန်းစောစောဆင်းတော့လေ..သူငယ်ချင်းတွေနဲ့ Shopping တွက်မို့ပါ '

'ဟုတ်လား...ဒါဆို ကိုယ်ကအနှောင့်အယှက်ပေးမိသွားပြီပေါ့...ကိုယ်တောင်းပန်ပါတယ်နော် Tao... '

'ရပါတယ်...Kris oppa မတောင်းပန်ပါနဲ့..
Tao အဆင်ပြေပါတယ်..နောက်မှသွားလည်းရပါတယ် :)'

'ကျေးဇူးပါဗျာ Tao :)'

Kris လည်း Tao လက်လေးဆီ အကြည့်ရောက်သွားလေရဲ့

'Tao ကိုယ် Taoကို ပတ်ပေးခဲ့တဲ့ Hand Chain လေးကို Tao ပတ်ထားသေးတယ်နော်
ကိုယ့်ကိုစောင့်နေသေးတယ်လို့ ဆိုလိုတာပေါ့နော်'

Tao'prv

ဆိုလိုတာတဲ့လား Tao...ကိုကို့ ကိုချစ်မိနေပါပြီ
ကိုကို သိသွားခဲ့ရင် Tao ကို လွယ်လိုက်တဲ့ မိန်းကလေးလို့ ထင်သွားမလား ကိုကိုရယ်

'Tao..ကိုမေးတာ ဖြေပေးအုန်းလေ'

'Ta..Tao က ကိုယ်နဲ့ဘာမှမပတ်သတ်တဲ့
ယောင်္ကျားလေးပေးထားတဲ့ ဒီHand Chainလေးကို အလကားသတ်သတ် အဓိပ္ပါယ်မဲ့ ပတ်ထားလိမ့်လို့ ကိုကို ကထင်နေတာလား'

'ဟင်..Tao တကယ်လားဟင်...ပြီးတော့ Tao ကိုယ့်ကို လည်းကိုကို ဆိုပြီးလည်း ခေါ်လိုက်သေးတယ်နော်...'

Hand Chainဖြင့် ချည်ထားသော ကြိုးလေး *Taoris*Où les histoires vivent. Découvrez maintenant