❤Part- 5❤

684 77 5
                                    

ဘာ....ဘာ ငါ့ ငါ့သမီးလေး ကားတိုက်မှုဖြစ်..ဖြစ်

ဖုန်းဖြေရင်း ထိုနေရာမှာ ရင်ဘက်လေးဖိပြီး တဖြေးဖြေး လဲကျသွားခဲ့တယ်...

'အမေ...အမေ ကျွန်တော့ကို..ကျွန်တော့ကို မထားခဲ့ပါနဲ့..မထားခဲ့ပါနဲ့..ညီမလေး...ညီမလေး ကိုကို့ ကို မထားခဲ့ပါနဲ့...မထားခဲ့ပါနဲ့

Arrrrrrrrrr'

မြန်နေတဲ့ အသက်ရှုသံတွေနောက် အတင်းလိုက်ရင်း မျက်နှာပေါ်ကနေ အဆက်မပြတ်ကျဆင်းနေတဲ့ ချွေးတွေကို သူလက်ခုံနဲ့ ပွတ်လိုက်ရင်း ဒီအိမ်မက်..ဒီအိမ်မက်တွေကြောင့် သူနှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်တာ တစ်နှစ်နီးပါး ရှိနေခဲ့ပြီ...

ထိုအချိန် လူကြီးတစ်ယောက် အခန်းထဲပြေးဝင်လာရင်း

'လူလေး..လူလေး...အိမ်မက်ဆိုးတွေ မက်နေပြန်ပြီလား လူလေးရယ်...စိတ်ကိုထိန်းပါ အရမ်းအစွဲအလမ်းမထားပါနဲ့နော်..သေတဲ့ သူတွေလည်း သေသွားခဲ့ပြီပဲ...'

'ဟင့်...ဟင့် ကျွန်တော်..ကျွန်တော် မေမေနဲ့ ညီမလေးကို အရမ်းလွမ်းတာလဲ ဦးလေးရယ်'

ဦးလေးဆိုသူက ထိုကောင်လေးကို ဖက်ရင်း ကျောဘက်ကို ပွတ်သပ်ကာ နှစ်သိမ့်ပေးနေလေရဲ့
ထိုဦးလေးရဲ့ ရင်ဘက်ထဲက ရှိုက်ကာငိုနေတဲ့ ကောင်လေးကတော့ တစ်ချက် တစ်ချက် ရှိုက်သံလေးတွေ ထွက်ရင်း အချိန်ကြာတော့ ထိုလူကြီးရဲ့ ရင်ခွင်ထဲမှာပဲ အိပ်ပျော်သွားလေရဲ့

ထိုလူကြီးက တိုးညင်းတဲ့ အသံလေးနဲ့ 'အဆင်ပြေသွားမှာပါလူလေးရယ်..အားလုံးအဆင်ပြေသွားမှာပါ '

နောက်ဆုံးတော့ သူ့ရင်ခွင်ထဲမှာ အိပ်စက်နေတဲ့ ကောင်လေးကို ခေါင်းအုံးပေါ်အသာချ စောင်ခြုံပေးရင်း
နဲ့ ကောင်လေးကို ကြည့်ရင်း..ဒီကလေးက သိပ်ကိုသနားဖို့ကောင်းတာပါလေ...ပါးပြင်ပေါ် ကျလာတဲ့ မျက်ရေစက်တွေ သုတ်ရင်း သူထွက်လာခဲ့တယ်

❤❤❤❤❤❤❤❤❤❤❤❤❤❤

Immm...innn လက်နှစ်ဖက်ကို အကြောဆန့်ပြီး အိပ်ရာကနေ မထားသေးဘဲ အိပ်ရာပေါ်မှာပဲ လူးလိမ့်နေလိုက်တယ်...သေချာပါတယ် သူနာရီမကြည့်လဲ သိနေတယ်...နေ့ခင်းဘက်ရောက်နေလောက်ပြီ...ည ညဘက် အိမ်မက်ဆိုးတွေ မက်လို့ သူအိပ်ရေးပျက်သမျှ မနက်ဆို အတိုးချ အိပ်လွန်းလို့ မနက်စာ လွတ်ခဲ့တာလည်း အကြိမ်ပေါင်းမနည်းတော့ဘူး...
အိမ်မှာရှိတဲ့ အလုပ်လုပ်တဲ့ ကောင်မလေးလည်း ထုံးစံအတိုင်း မနက်စာတွေကို တစ်ခုခုလုပ်ပလိုက်မှာပဲ
ဦးလေးကြီးလည်း ခြံထဲမှာရှိတဲ့ အပင်တွေကို ရေလောင်း ပေါင်းသင်
ကားရေဆေးပြီးပြီ နေမှာ...
သူတစ်ယောက်ထဲ အိပ်ပုတ်ကြီးနေတာ
ဒါကလည်း သူသဘောင်္တက်ပြီး ပြန်ရောက်တာ မကြာသေးတော့ နောက်၆လလောက်ကြာတော့မှ သဘောင်္ပြန်တက်ရမှာဆိုတော့ အေးအေးဆေးဆေးပဲ....hk hk

ခြောက်ကပ်ကပ်ထရယ်လိုက်ရင်း

ငါရဲ့ Plan ကိုလည်း ပြန်စရမယ်မဟုတ်လား
သိပ်မကြာတော့ပါဘူး Z i T a o
ငါပြန်လာခဲ့မယ် နင့်ရင်ခွင်ထဲကို အကြင်နာတွေနဲ့တော့ မဟုတ်ဘူး..ဒဏ်ရာတွေနဲ့

ဟားဟားဟား

❤❤❤❤❤❤✌❤❤❤❤❤❤❤

တိုသွားလို့ တောင်းပန်ပါတယ်ရှင့်
နောက်ဆို ရှည်ရှည်လေးနဲ့ မြန်မြန် update ပေးပါ့မယ်
မျှော်တဲ့သူ ရှိလား မရှိဘူးလားတောင် မသိပါဖူး ဟိဟိ
Btw အားပေးပါလို့

》》 Nadi 《《

Hand Chainဖြင့် ချည်ထားသော ကြိုးလေး *Taoris*Où les histoires vivent. Découvrez maintenant