Chapter _22

11K 910 9
                                    


"Kai???" ၃​ယောက်​ သား ပါးစပ်​ အ​ဟောင်း သား နဲ့ အံ့ဩ သွား ကြ တယ်​.. Sehun လည်း ရုတ်​တရက်​ ဆို သလို Luhan ကို ဖက်​ ထား ရာ က ခွာ လိုက်​ ပြီး သူတို့ ​ရှေ့ ကားယား ကြီး ဖြစ်​ ​နေ တဲ့ JongIn့  ဆီ အ​ပြေး ​လေး သွား ထူ လိုက်​ ပါ တယ်​..

Soo လည်း သူ့ ​ယောက်ျား အဲ့လို ကြီး ဖြစ်​ တာ ကို မြင်​ ​တော့ စိုးရိမ်​ သွား တယ်​.. ဒါ​ပေမဲ့ JongIn သတိ ​ပေး ထား ချက်​ အရ ..သူတို့ ၂​ယောက်​ ဆက်​ဆံ ​ရေး ကို လူ သိ မှာ စိုး လို့ ​နောက်​ ကပဲ လိုက်​ သွား ပါ တယ်​..

JongIn ၁​ယောက်​ Sehun ဆွဲ ထူ ​ပေး မှ ​ဖြေး​ဖြေး ချင်း ထ လာ တယ်​.. အခု မှ ပဲ မျက်​နှာ ​တွေ ပူ လာ သလိုလို.. ရှက်​ သလိုလို နဲ့.. သူ့ မိန်းမ ​ရှေ့ ကျ မှ ကားယား ကြီး ဖြစ်​ ရ တယ်​ လို့..ပြီး ​တော့ Sehun နဲ့ ​နောက်​ ​ကောင်​​လေး ၁​ယောက်​ နဲ့ ဖက်​ ​နေ တဲ့ ပုံရိပ်​ က ပြန်​ ​ပေါ် လာ ပါ တယ်​.. သူတို့ က ဘာ လို့ ဖက်​ ​နေ ကြ တာ လဲ? ပြီး ​တော့ ဘာ လို့ ဒီလို လူ ပျက်​ တဲ့ ​နေရာ ကို လာ ကြ တာ လဲ?

" Kai..မင်း အဆင်​ ​ပြေ ရဲ့ လား? " Sehun က​တော့ ဘာမှ မဖြစ်​ သလို ပုံ နဲ့ JongIn က Luhan အ​ကြောင်း ​မေ့ သွား ​အောင်​ စကား လမ်း ​ကြောင်း ရှာ လိုက်​ တယ်​..

" ပြီး ​တော့ ဒီကို ဘာ လာ လုပ်​ တာ လဲ? တံခါး ကို လည်း ကန်​ လိုက်​ တာ မလား?" Sehun ထပ်​ ​မေး ​တော့ Soo လည်း သိ ချင်​ ​နေ ပါ တယ်​.. JongIn က ဘာလို့ တံခါး ကို ကန်​ ပြီး ဝင်​ လာ ရ တာ လဲ? ​ဘေး က Luhan က​တော့ JongIn့  နား သွား ပြီး

" hyung အဆင်​ ​ပြေ ရဲ့ လား?" လို့ သွား ​မေး လိုက်​ တယ်​.. Sehun က ​ဘေး က​နေ ထိန်း ကိုင်​ ​ပေး ထား ရ တယ်​ ​လေ..​အောက်​ ကို ကျ တဲ့ အရှိန်​ က မ​သေး ​တော့ သူ့ ရင်​ဘတ်​ ​တွေ နည်းနည်း နာ ​နေ ပါ တယ်​.. ပြီး ​တော့ သူ့ ​ရှေ့ တည့်​တည့်​ က သူ့ မိန်းမ ကို လည်း မျက်​နှာ ချင်း မဆိုင်​ ရဲ ​သေး ​တော့ မျက်​နှာ ကြီး ငုံ့ ထား ရ တယ်​.. ဒါ​ပေမဲ့ သူ SeHun တို့ ၂​ယောက်​ အ​ကြောင်း ကို ​တော့ သိ ချင်​ ​နေ ပါ တယ်​..

" Jor Gi..ဒါ​လေး နဲ့ သုတ်​ လိုက်​ ပါ လား..မျက်​နှာ မှာ ဖုံ ​တွေ ​ပေ ​နေ တယ်​ " KyungSoo လည်း သူ့ အိတ်​ ကပ်​ ထဲ က လက်​ကိုင်​ ပဝါ ​လေး ကို ထုတ်​ ​ပေး လိုက်​ ​တော့ မှ JongIn ​ခေါင်း ကို ​ဖြေး​ဖြေး ချင်း ​မော့ လာ တယ်​.. သူ ဒီလို မျိုး တခါ မှ မခံစား ဖူး ပါ ဘူး..ခုနက ရှက်​ တယ်​.. အခု သူ့ မိန်းမ မျက်​နှာ ​လေး အနီးကပ်​ မြင်​ လိုက်​ ရ ပြန်​ ​တော့ ရင်​ ​တွေ ခုန်​ လာ သလို ပါ ပဲ..ဟုတ် မှာ ​ပေါ့.. Soo က လက်​ကိုင်​ ပဝါ ​ပေး ရုံ အပြင်​ အပြုံး ​လေး ပါ bonus အဖြစ်​ ​ပေး လိုက်​ တာ ကိုး..

My Playboy Husband (2015)Место, где живут истории. Откройте их для себя