Chapter _8

10.6K 856 3
                                    

" Eomma ကလည်း မင်း ကို မိန်းက​လေး နဲ့ စီစဉ်​ ​ပေး မယ်​ လို့ မ​ပြော မိ ပါ ဘူး ​နော်​ " လို့ ​ပြော ပြီး SeoHyun ရယ်​ လိုက်​ တယ်​..

Soo က​တော့ သူ့ အ​မေ မျက်​ နှာ ကို ကြည့်​ ပြီး အံ့ဩ ​နေ တာ ​ပေါ့..

" Eomma ဘာ ကို ​ပြော ချင်​ တာ လဲ ?"

" Kyungie.. သား ကို Eomma က မိန်းက​လေး နဲ့ လက်​ထက်​ ​ပေး မှာ မဟုတ် ပါ ဘူး..သား ကို ​ယောက်ျား ​လေး နဲ့ ပဲ လက်​ထက်​ ​ပေး မှာ.." Soo မျက်​စိ ​တွေ လည်​ ကုန်​ ပါ ပြီ..သူ မယုံ နိုင်​ ​သေး ဘူး ​လေ..

" Eomma က သား ကို homo မှန်း မသိ ခင်​ တုန်း က ဆို သား ကို ဘယ်​ လို ဖွင့်​ ​ပြော ရ မလဲ ဆို တာ စဉ်း စား လိုက်​ ရ တာ.."

သူ့ Eomma က သူ့ ကို ​ယောက်ျား ​လေး ၁​ယောက်​ နဲ့ စီစဉ်​ ​ပေး လိမ့်​ မယ်​ ဆို တာ Soo လုံးဝ ထင်​ မထား တဲ့ အရာ ပါ..သူတို့ ၂​ယောက်​ ကြား မှာ ခဏတာ တိတ်​ ဆိတ်​ သွား တယ်​ ပြီး မှ Eomma က

" အဲ့ဒါ ဆို..သား လက်​ခံ တယ်​ ​ပေါ့ ​နော်​..?" SeoHyun သူမ သား ရဲ့ အ​ဖြေ ကို ​စောင့်​ ​နေ လိုက်​ တယ်​.. Soo က သူ့ Eomma ကို ပြုံး ကြည့်​ လိုက်​ ရင်း

" သား ​ပြော ပြီးပြီ ပဲ ​လေ..Eomma စိတ် ချမ်းသာ ဖို့ ဆိုရင်​ ဘာ မဆို လုပ်​ ​ပေး ပါ့ မယ်​ လို့ " ​ပြော လိုက်​ တယ်​.. တကယ်​ ​တော့ ဒီ ကိစ္စ ကြီး က သူ့ အတွက်​ အရမ်း ခက်​ ခဲ ပါ တယ်​.. သူက homo မို့ လို့ အဆင်​ ​ပြေ ​ပေ မဲ့..အသက်​ ငယ်​ငယ်​ နဲ့ ​တော့ သူ အိမ်​ ​ထောင်​ မကျ ချင်​.. ဒါ​ပေမဲ့ သူ့ အ​မေ အတွက်​ သူ စွန့်​ စား ရ ​တော့ မယ်​..

SeoHyun က​တော့ ဝမ်း သာ ပြီး Soo ကို ခပ်​ တင်း တင်း လှမ်း ဖက်​ လိုက်​ တယ်​.. ပြီး မှ လွှတ်​ ​ပေး လိုက်​ ပြီး..

" Gomawo Kyungie_ah.." တဲ့ ..Kyungsoo လည်း ကုတင်​ ​ပေါ် က ထ လိုက်​ ပြီး ​ရေ ချိုး ဖို့ အတွက်​ တဘက်​ လှမ်း ယူ လိုက်​ ရင်း..

" သူ့ အသက်​ က ဘယ်​ ​လောက်​ ရှိ ပြီ လဲ Eomma? " လို့ ​မေး လိုက်​ တယ်

" 20 ပဲ ရှိ ​သေး တယ်​ သား.." အဲ့ဒါ ဆို..သူ့ ထက်​ ၂နှစ်​ ပဲ ကြီး တာ ​ပေါ့.. ပြီး ​တော့ ​ကျောင်း လည်း သူ နဲ့ အတူတူ တက်​ လို့ ရ ​သေး တာ ​ပေါ့.. SeoHyun သူမ အိတ်​ ထဲ က တစ်​ခုခု ကို ရှာ ​နေ တယ်​..

My Playboy Husband (2015)Tempat cerita menjadi hidup. Temukan sekarang