"Sehun ဒီကိုခဏလာဦး"
ဟာ လုပ်ပြီ။ဖေဖေခေါ်တာဆိုတော့ဟင်းးးးး
"သား"
ဟင် ထူးထူးခြားခြားပါလား ဖေဖေ့ကြည့်ရတာနူးညံ့နေပါလား
"ဖေဖေ့သားကပြောရင်လိမ္မာတယ်ဆိုတာဖေဖေသိပါတယ်ကွာ။သားအခုလိုသောက်စားပျော်ပါးနေတာတွေကိုလျှော့ပါတော့သားရယ်"
"ဟင် ဖေဖေဒီနေ့ဘာတွေဖြစ်နေလို့လဲ နေမကောင်းလို့လား"
"ဒီကောင်..ငါကစကားကောင်းကောင်းပြောတာကိုတောင်မှငါ့ကိုခနဲ့တယ်ပေါ့လေ"
"မသိဘူးလေ ဖေဖေကကျွန်တော့ဆိုတစ်ခါမှကောင်းကောင်းမွန်မွန်မပြောဘူးတာ"
"ငါကတော့ကောင်းကောင်းမွန်မွန်လေးပြောကြည့်ရင်အဆင်ပြေပါမယ်လေဆိုပြီးပြောမိတာမှားပါတယ်..အေးငါပြောမယ်..စာမေးပွဲကလည်းနီးပြီဆိုတော့မင်း Shinnနဲ့တူတူစာလုပ်ရမယ်"
"ဗျာ!!!!!!"
"မင်းကိုနက်ဖြန်ကစပြီးသူနဲ့တူတူစာစလုပ်ခိုင်းတော့မယ်"
"ဖေဖေဘာတွေလျှောက်ပြောနေတာလဲ??ကျွန်တော်ကဘာကိစ္စShinnနဲ့.."
"ဟေ့ကောင်Oh Sehun မင်းဘာမှအထွန့်တက်မယ်မကြံနဲ့ မင်းသူနဲ့တူတူစာလုပ်ကိုလုပ်ရမယ် ငါဒါတွေလုပ်နေတယ်ဆိုတာကလည်းမင်းအတွက်ပဲ"
"ဟာဖေဖေရာကျွန်တော်မလုပ်နိုင်ဘူးအဖေ"
"ဒါကတော့မင်းအပိုင်းလေ မင်းစာလုပ်မလား ဒါမှမဟုတ်ကားမလိုချင်တော့ဘူးလား ကြိုက်တာရွေး"
"ဟာဖေဖေ!!! မေမေ သားကိုကူပြောပေးဦးလေ"
"ဟင့်အင်းသား..ငါ့သားလေးလိမ္မာဖို့အတွက်မေမေဒီတစ်ခါတော့မပြောတော့ဘူး"
ဟားးးးးးးOh Sehunမင်းတော့အရှင်လတ်လတ်ငရဲရောက်တော့မယ် အဲ့ဒီစာတွေဆိုတာကOh Sehunနဲ့ဓာတ်မတည့်ပါဘူးဆိုမှ..တောက်!!ဖေဖေကလည်းအားနေကားနဲ့ပဲချုပ်နေတောတာပဲ
KAMU SEDANG MEMBACA
My Love is a Gangster
AcakLove story between ''Exo Gang'' Leader--Oh SeHun & A hyper Bookworm--Oh Shingun **Oh Shingun is ''You''** ( Heehe,lets start dreaming :P )