Chapter 14

591 92 3
                                    

ပြတင်းမှန်အပြင်မှ မိုးတိမ်များကို တစိမ့်စိမ့် ကြည့်ရင်း စဉ်းစားခန်းဝင်နေသူက Xiumin ပင် --

သူမဘဝမှာ အရေးပါသော သူများ သူမဘေးမှ အချိန်မတန်ခင်ထွက်သွားကြ
သည်။ အမှန်ကတော့ Xiumin က မိဘမဲ့ကလေးတစ်ဦးဖြစ်သည်။
သူမအသက်ခုနှစ်နှစ်တွင် မွေးစားမိဘများက လာခေါ်ခဲ့သည်။ သူမ မွေးစားမိဘများက သူမကို သမီးအရင်းလို ချစ်ခင်ယုယသောကြောင့်
သူမ ပျော်ပျော်ရွှင်ရွှင် ကြီးပြင်း ခဲ့ရသည်။သူမကလည်း မိဘအရင်းသဖွယ်ချစ်သည်။
မိဘအရင်းကိုပင် မမြင်ဖူးရှာသော သူမထံမှ မွေးစားမိဘတို့က အချိန်မတန်ခင်ထွက်သွားခဲ့သည်။

သူမ အသက်၂၀တွင် သူမဝါသနာပါသော အလုပ်ကို လုပ်ခဲ့သည်။
သူမကို ချစ်သည်ဟု   ပြောခဲ့သောသူထံမှလည်း သစ္စာဖောက်ခံရသည်။
အလုပ်တွင်လည်း ချောက်တွန်းခံရပြီး အလုပ်ထုတ်ခံရသည်။
သူမကိုယ်သူမ ရင့်ကျက်ပြီဟု ခံယူထားသော်လည်း သူမသည် မမှားခဲ့သော အမှား တစ်ခုကိုပင် မှန်အောင် မဖြေရှင်းနိုင်ခဲ့သည့်အတွက် ကိုယ့်ကိုကိုယ်စိတ်ပျက်နေမိသည်။

အရင်ကသူမ၏ အားပေးဖော် သူငယ်ချင်း ရှိသော်လည်း နိုင်ငံခြားသို့ ထွက်သွားခဲ့သည် ။

သူမ စိတ်အားငယ်နေချိန်မှာ
တော့ မိတ်ဆွေအသစ် Lay ကို ရရှိခဲ့သည်။ Lay ကကြင်နာတတ်ပြီး သူမအပေါ်လည်းကောင်းသည်။ ယခုလည်း သူမကို သူ့ Company တွင် လာလုပ်ရန် ပြောနေသည်။ သူမအနေနှင့်ကတော့ ငြင်းဆိုရန် မရှိပါ။နဂိုတည်းက သူမအလုပ်ဝင်ချင်သော နေရာလည်းဖြစ်သည်လေ--
စားသောက်ဆိုင်သို့ နေ့စဉ်သွား၍ ဦးစီးနေရသည်ကိုလည်း ပြင်းနေပြီ-- သူမ၏အလုပ်ကိုလည်း လွမ်းလှပြီ---

ဒီကြားထဲ annwuu ကလည်း
နှောင့်ယှက်နေသည်။
သူမကို အသုံးမကျတဲ့မိန်းမလို့
ပြောခဲ့သည်ကို အမှတ်ရနေမိသည်။
သူမဘယ်တုန်းကမှ ဤသို့ အပြောမခံခဲ့ရပါ---
အရာရာတွင် သူမဘက်က မလစ်ဟင်းစေဘဲ တာဝန်ကျေပွန်ခဲ့သည်။
သူမကို အရှက်ကွဲအောင်လုပ်ပြီး အလုပ်ထုတ်ဖို့ ဘာလို့ကြံစည်သလဲဆိုတာကို
စဉ်းစားမရခဲ့---
ဘာပဲဖြစ်ဖြစ် ယခုသူ့ထက်သာသော ကောင်းသော နေရာသို့သွားပြီး သူမအရည်အချင်းကို ဖော်ထုတ်ဖို့ ဆုံးဖြတ်လိုက်သည်။

You Are My DestinyWhere stories live. Discover now