Chapter 17

578 92 4
                                    

Xiumin ဈေးဝယ်ပြီး ပြန်လာသောအခါ လုံခြုံရေးဦးလေးကြီးက ပါဆယ်ရောက်နေသည်ဆိုကာ ဘူးတစ်ဘူးလာပေးသည်။
xiumin ဖွင့်ကြည့်လိုက်တော့
သိုးမွေးလက်အိတ်လေးတစ်ဖက်ကို
ိုတွေ့ရသည်။ လက်အိတ်ပေါ်တွင် S❤J ဟုပုံဖော်ထားသည်။
ထိုလက်အိတ်အောက်တွင် ဓါတ်ပုံတစ်ပုံ---
ထိုပုံထဲမှာတော့ ပုံစံတူလက်အိတ်ဝတ်ပြီး လက်ချင်းတွဲထားသောလက်နှစ်ဖက် ဖြစ်သည်။ ပုံထဲက လက်အိတ်လေးနှစ်ခုလုံးတွင်
S❤J နှင့် J❤S ကိုတွေ့ရသည်။ ထို့ပြင် 'Do you remember me?' ဟုရေးထားသော postcardတစ်ခုလည်း ပါသေးသည်။Xiumin က ပို့သူ နာမည် ပါလိုပါငြား ဓါတ်ပုံနှင့် ဘူးပတ်လည်တွင် ရှာကြည့်သော်လည်း မတွေ့~~
ဟို တစ်နေ့ကလည်း ဓါတ်ပုံတွေလက်ခံရရှိခဲ့သည်။ ယနေ့ကတော့ သိုးမွေးလက်အိတ်လေးတစ်ဖက် ~~
မည်သူပေးသလဲမသိသော်လည်း တစ်ဦးတည်းဖြစ်မည်ဟု Xiumin ခန့်မှန်းမိသည်။ သူမ ဟိုနေ့က ရသော postcard နှင့် တိုက်ကြည့်လိုက်သောအခါ လက်ရေးက တစ်မျိုးတည်းဖြစ်နေသည်။
တစ်ယောက်ယောက်က ထိုကိစ္စများကို လုပ်နေသည်မှာ သေချာနေသည်။ မည်သူက ပေးပို့နေသလဲဆိုတာကို စဉ်းစားကြည့်သည်။ သို့သော် ထိုဓါတ်ပုံနှင့် လက်အိတ်များက သူမ မသိသော မသက်ဆိုင်ခဲ့ဖူးသောအရာများပင် --
လုံးဝစဉ်းစားမရသောကြောင့် Xiumin စိတ်ညစ်လာသည်။
သို့သော်လည်း သူမကို အန္တရာယ်ပြုနိုင်သည့် အရာများမဟုတ်ဟု ယူဆပြီး စိတ်ဖြေကာ ဘူးကို သိမ်းထားလိုက်သည်။ နောက်တစ်နေ့တွင် ပြိုင်ပွဲ၏ နောက်ဆုံး theme deadline ရှိသောကြောင့် အလုပ်ကို စိတ်နှစ်ပြီး လုပ်နေလိုက်သည်။
*-*-*-*-*-*-*-*-*-*

သူမနှင့် မနက်ဖြန်တွေ့ရမည်
ဖြစ်သောကြောင့် Lay ပျော်နေသည်။ မတွေ့ရသောနေ့များတွင် sms ပို့လိုက် ဖုန်းပြောလိုက်နှင့်သာ ကျေနပ်နေရသောကြောင့်ပင်-
မနက်ဖြန်အတွက် အားတင်းထားရန် sms ပို့လိုက်သည်။ Lay အရဲစွန့်ပြီး အသည်းပုံကလေး ထည့်လိုက်သည်။
xiumin က အိပ်ပျော်နေသည်။ သူမ sms ပြန်မပို့သောကြောင့် Lay က စိတ်ဆိုးသွားပြီအထင်နှင့်
စိတ်မဆိုးပါနဲ့နော် ဟူသော စာကြောင်းကို ထပ်ခါတလဲလဲ ပို့နေသည်။ ဆယ့်ငါးခါလောက်ပို့ပြီးကာမှ
သူအိပ်နေပြီလား ဟုတွေးမိပြီး sms ပို့သည်ကို ရပ်၍ အိပ်လိုက်တော့သည်။

You Are My DestinyWhere stories live. Discover now