Chapter 19

586 78 1
                                    

company တွင် သူတို့ နှစ်ဦးတွေ့ရသည့် အချိန်က ထမင်းစားချိန်သာရှိသည်။ အချို့နေ့များတွင် ထမင်းစားချိန်၌Lay က အလုပ်များနေ၍ မတွေ့ဖြစ်ကြပေ..,
သူတို့ နှစ်ဦးက ထမင်းစားချိန်တွင် ခေါင်မိုးထပ်၌ ချိန်းပြီးမှ အတူသွားစားလေ့ရှိသည်။ companyက လူများလည်း သူတို့ နှစ်ယောက်အကြောင်းကို ရိပ်မိနေလေပြီ...
Lay ကိုကြိတ်ကြွေနေသော အချို့သော မိန်းကလေးများက Xiumin ကိုတွေ့လျှင် အားကျသလိုလို အမြင်ကတ်သလိုလို စူးစမ်းသလိုလို အကြည့်များနှင့် ကွက်ကြည့်ကွက်ကြည့် လုပ်သွားတတ်သည်။ Layက ထိုလူများရှေ့တွင် ပြုံးနေရန် သို့မဟုတ် မသိချင်ယောင်ဆောင်နေရန် မှာထားသော်လည်း Xiumin ကတော့ ထိုအပြုအမူများကြောင့် အနည်းငယ်နေရခက်နေသည်။ ယခုလည်း Layက နားချိန်၌ Xiuminကို ဌာနတွင် လာခေါ်သောကြောင့် တံခါးပေါက်မှ မိန်းကလေးတချို့ ချောင်းကြည့်နေကြသည်။

Xiumin  :  ခဏလေးနော် ဒါလေး လက်စသတ်လိုက်ဦးမယ်

Lay        : အေးဆေးလုပ်ပါ,.

ထိုစဉ် ဌာနသို့ ဖုန်းဝင်လာသောကြောင့် Hongbin က ဖုန်းကိုင်လိုက်သည်။

Hongbin  :  .... nae
သူက ဖုန်းချလိုက်ပြီး

Hongbin  : Xiumin ဆီကို ဧည့်သည်ရောက်နေတယ်တဲ့

Xiumin    : Xiu ဆီကို?? arryaseo...

Xiumin က Lay ကို လှမ်းကြည့်လိုက်တော့
Lay က 'ဘယ်သူလဲ' ဟု အသံတိတ်မေးသည်။
Xiumin က ခေါင်းခါပြလိုက်သည်။
Lay က 'မြန်မြန်'ဟု ပြောပြီး အလုပ်ဆက်လုပ်ရန် အမူအရာလုပ်ပြသည်။

Seulgi နှင့် Hongbin တို့မှာ Lay တို့ကို ကြည့်ပြီး ပြုံးစိစိဖြစ်နေသည်။ Lay က တစ်ခါမှ ဌာနသို့ လာမခေါ်ဖူးပေ.,
Lay  နှင့် Xiumin တို့အကြောင်းကို ကြားထားသော်လည်း Xiumin ကို တစ်ခါမှ မမေးခဲ့ကြသောကြောင့်  Lay က comfirm လာလုပ်ပေးသလို ဖြစ်နေသည်။ စိတ်ထဲတွင်တော့ ဖြစ်ကြောင်းကုန်စင်ကို ပြောပြခိုင်းရမည်ဟု တေးထားကြသည်။

အလုပ်ပြီးသွားသောအခါ အားလုံးအောက်ထပ်သို့ ဆင်းလာခဲ့ကြသည်။ 
Xiumin နှင့် Lay က receptionတွင် ဧည့်သည်ကို သွားတွေ့သည်။

receptionist : Kim Xiumin ရောက်ပါပြီ ဧည့်သည်ရှင့်

ထိုဧည့်သည်ဆိုသူကို ကြည့်လိုက်တော့ Xiumin မြင်ဖူးသည်ကို ခံစားရသည်။ ဦးနှောက်ကို အပြေးအလွှား စဉ်းစားခိုင်းကြည့်သောအခါ Annwuu ၏ အတွင်းရေးမှူး မှန်း သိလိုက်ရသည်။

You Are My DestinyWhere stories live. Discover now